တစ်ပူပေါ် နှစ်ပူဆင့်နဲ့ ကြုံတွေ့နေရသည့် ပင်လောင်းရှိ စစ်ရှောင်များ

သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် ထွက်ပြေးတိမ်းရှောင်နေရသော စစ်ရှောင်များသည် ဆောင်း၀င်ချိန်မှ စတင်ကာ ရေရှားပါးခြင်းဒဏ်ကို ခံစားနေရပြီး ထိုရေသုံးစွဲမှုမှ တဆင့် ကျန်းမာရေးထိခိုက်သူများလည်း ရှိနေကြောင်း စုံစမ်းသိရသည်။

ပင်လောင်းစစ်ရှောင်

ပင်လောင်းမြို့နယ်ရှိ စစ်ရှောင်စခန်းတွင် လူဦးရေ (၃၅၀)ကျော်ခန့်ရှိပြီး အခြား နီးစပ်ရာရွာများနင့် ဘုန်းကြီးကျောင်းများတွင်လည်း စစ်ရှောင်ဦးရေ တစ်ထောင့်နှစ်ရာခန့် (၁၂၀၀) ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

” ကျနော်တို့ ရွာရဲ့ နှစ်မိုင်ကျော်မှာ ရှိတဲ့ ရေထွက်ပေါက်ကနေ ပိုက်နဲ့သွယ်ယူပြီး ကန်နဲ့ လှောင်ထားရတာ။ လူများတော့ ရေလည် လုံလောက်မှု မရှိဘူးပေါ့။ အခုက ရေစနည်းလာပြီ။ နွေတွင်းဆိုရေက လုံး၀ ခမ်းသွားတော့မှာ။ အခုက အကုန်လုံးကို သောက်ရေနဲ့ ထမင်းချက်ဖို့ပဲ သုံးဖို့ ပြောထားရတယ်။ ရွာမှာ အလှူရှင်တွေ လှူထားတဲ့ ရေတွင်းတော့ ရှိပေမယ့် အခု မီးကအရမ်းပျက်လို့ ရေတင်လို့လဲမရဘူး။ မီးမလာလို့ မီးစက်နဲ့ တင်ရအောင်လည်း မီးစက်လည်းမရှိသေးဘူးပေါ့။ ဆီကလည်း အလွယ်တကူ၀ယ်မရပါဘူး” ဟု စစ်ရှောင်စခန်းကူညီသူ အမျိုးသားတစ်ဦးမှ ပြောပြသည်။

ထို့အပြင် နေရာကြပ်တည်းမှုကြောင့် စစ်ရှောင်တွေဟာ ဒေသခံတွေရဲ့ နေအိမ်များမှ မိသားစု၀င်များနှင့်အတူ နေထိုင်ရသောကြောင့် ရေကို ချွေတာစွာ မျှဝေသုံးနေကြရကြောင်း သုံးရေအတွက် ရွာအနီးရှိ ရေချောင်းရေကိုသာ အသုံးပြုကြကြောင်း ပြောသည်။

စစ်ရှောင်အများစုမှာ သိုလှောင်ထားသော ရေသည် သန့်ရှင်းမှု အားနည်းသောကြောင့် ကျိုချက်ပြီး သောက်သုံးကြရပြီး၊ ထိုရေများမှာ ထုံးဓာတ်များသဖြင့် ကာလကြာရှည် သောက်သုံးလာလျှင် ကျန်းမာရေးထိခိုက်လာသည်ဟုလည်း စစ်ရှောင်အမျိုးသမီးတစ်ဦးမှ ဆိုသည်။

“ကျမက မနှစ်ကလည်း ဒီပင်လောင်းမှာပဲ ရှောင်ခဲ့တာ။ နောက် လွိုင်ကော်မှာ ခဏငြိမ်တော့ ပြန်သွားပြီး ပြောင်းပြန်စိုက်တာ။ အခုလည်းဒီပဲ ပြေးလာရတယ်ပေါ့။ ဒီမှာ နွေတွင်းဘက်ဆို ရေ၀၀လင်လင် မချိုးရတော့ အပူကန်တာတွေ၊ တခါတလေ ယားနာပေါက်တာတွေလည်း ရှိတယ်။ ရေကလည်း ထုံးဓာတ်အရမ်းများတာ။ အခုကျမလေ ခါးတွေ ကျောဘက်တွေအောင့်တယ်။ ဆီးလည်း သိပ်မသွားဘူး။ တချို့သူတွေလည်း ဖြစ်ကြတယ်” ဟု ၎င်း အမျိုးသမီးမှ ထပ်မံပြောပြသည်။

ပင်လောင်းသို့ စစ်ရှောင်လာသူ အများစုသည် အဝတ်တစ်ထည် ကိုယ်တစ်ခုဖြစ်သာ ထွက်ပြေးတိမ်းရှောင်လာသောကြောင့် အစားအသောက် ဆေးဝါးအထောက်အပံ့များ အရေးတကြီးလိုအပ်နေသလို ယခုကာလတွင် ပင်လောင်း၏ အအေးဒဏ်ကို ကျော်ဖြတ်နိုင်ရန် စောင်များလိုအပ်ကြောင်း၊ အလှူရှင်များလာဖို့ မျှော်လင့်မိကြောင်း စစ်ရှောင်များမှ ရင်ဖွင့်လာသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...