နမ့်ဖက်ကာရှိ စစ်ကောင်စီတပ်စခန်း ခလရ-၁၂၃ ကို KIA သိမ်းပိုက်နိုင်ခဲ့

သျှမ်းပြည် ကွတ်ခိုင်မြို့နယ်ရှိ နမ့်ဖက်ကာမှ စစ်ကောင်စီ၏ တပ်စခန်းနေရာများကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ပူးပေါင်း တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း မြေပြင် သတင်းပေးပို့ချက်အရသိရသည်။

KIA

ယမန်နေ့ (ဇန်နဝါရီလ ၁၄) ရက်နေ့ ညပိုင်းအချိန်မှ စတင်ပြီး ယနေ့ (ဇန်နဝါရီလ ၁၅ )ရက် နံနက်ပိုင်း အချိန်အထိ နမ့်ဖက်ကာ နှင့် အနီးတစ်ဝိုက်၌ အာဏာသိမ်းစစ်ကောင်စီ တပ်နှင့် KIA ပူးပေါင်းတပ်တို့၏ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီ၏ တပ်စခန်းဖြစ်သည့် ခြေလျင်တပ်ရင်း (ခလရ-၁၂၃)ကို KIA တို့ သိမ်းပိုက်နိုင်ခဲ့ကြောင်း ခိုင်လုံသည့် သတင်းရင်းမြစ် တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“စစ်ကောင်စီ ခလရ (၁၂၃) ကိုတိုက်ကြတာပေါ့။ မနေ့ညကတည်းက တိုက်ပွဲတွေ ပြင်းထန်ခဲ့တာ ဒီနေ့မနက်ပိုင်းရောက်တော့ အသံငြိမ်သွားတယ်။ စခန်းလည်း ကျသွားပြီတဲ့။ မနေ့ညကတည်း စခန်းကို စကစအဖွဲ့က လက်လွတ်လိုက်တယ်လို့လည်း သတင်းကြားတယ်” ဟု ၎င်းကဆိုသည်။

ထိုသိမ်းပိုက်ရရှိသည့် စစ်ကောင်စီ တပ်၏ ခလရ -၁၂၃ တပ်တွင်းမှ လက်နက်ခဲယမ်း အမြောက်အမြားကိုလည်း KIA နှင့် ပူးပေါင်းတပ်ဖွဲ့တို့ သိမ်းဆည်းရမိကြောင်း သတင်းများ ထွက်ပေါ်နေသည်။

“လက်နက်ခဲယမ်းတွေလည်း အများကြီး သိမ်းဆည်းရမိတယ်။ ဒါပေမဲ့ KIA ရဲ့ ဗျူဟာအရတော့ သိမ်းမိတဲ့ လက်နက်ပုံတွေ ထုတ်ပြမယ်မထင်ဘူး။ “ ဟု အထက်ပါ သတင်းရင်းမြစ်က ဆက်ဆိုသည်။
အဆိုပါ တိုက်ပွဲအတွင်း၌ အရပ်သားနေအိမ် ထိခိုက်ပျက်စီးခြင်း၊ အရပ်သားများ ထိခိုက်ဒဏ်ရာရခြင်းတို့လည်း ရှိနေကြောင်း သတင်းများထွက်ပေါ်နေသော်လည်း သျှမ်းသံတော်ဆင့် အနေဖြင့် သီးခြား အတည်ပြုချက် မရရှိသေးပေ။

ယင်းကဲ့သို့ စစ်ကောင်စီ တပ်စခန်း သိမ်းတိုက်ပွဲနှင့် ပတ်သက်ပြီး အသေးစိတ် မေးမြန်း သိရှိနိုင်ရန် အတွက် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ၏ ပြောရေးဆိုခွင့်ထံသို့ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း တိုက်ပွဲပြင်းထန်လာသည့် ကွတ်ခိုင်မြို့ နှင့် နမ့်ဖက်ကာတို့တွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖြက်တောက်ခံထားရကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ကျနော်တို့က အတင်းအဓမ္မ ဖမ်းတာမျိုးတွေကတော့ မလုပ်ဖို့ တားမြစ်ထားတာ ရှိပါတယ်”

0
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းက ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား ဖြစ်ပွားခဲ့သည့် မြို့သိမ်းတိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ လွယ်ဂျယ်မြို့နယ်ခွဲသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များကို KIA ဘက်မှ တပ်သားစုဆောင်းရေး ပြုလုပ်နေခြင်းသည် ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ ဩဂုတ်လအတွင်း ရက်ခြား ခပ်စိပ်စိပ် စောင့်ဖမ်းလာကြောင်း စစ်ဘေးရှောင်ပြောပြချက်အရ သိရသည်။ တရုတ်-မြန်မာနယ်စပ် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ မန်ဂေါ်ကောင်း၊ လွယ်ဂျယ်တောင်ပေါ် စေတီကုန်း၊ ကောင်းဆာ၊...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

လွယ်ဂျယ်စစ်ရှောင်စခန်းများတွင် KIA တပ်သားစုဆောင်းရေး ရက်ခြားစောင့်ဖမ်းခြင်းကြောင့် စစ်ရှောင်ဝမ်းရေးအခက်ကြုံ

0
ကချင်ပြည် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ ယာယီစစ်ဘေးရှောင်စခန်းများထဲသို့ ကချင်လွတ်လပ်ရေးတပ်မတော် ( KIA) ဘက်မှ တပ်သားစုဆောင်းနေသဖြင့် စစ်ဘေးရှောင်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ခုနစ် နှစ်ဆန်းပိုင်းတွင် ကချင်ပြည် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား တိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...