သျှမ်းပြည် ပင်လောင်းမြို့ရှိ အချို့ဆီဆိုင်များတွင် စက်သုံးဆီများကို အကန့်သတ်ဖြင့်ရောင်ချနေပြီး မြို့တောင်ဘက်ရှိ ဆီဆိုင်များ ပိတ်ထားကြောင်း သတင်းရရှိသည်။
သျှမ်းပြည် ပင်လောင်းမြို့တွင် မေလ နောက်ဆုံးပတ်မှစ၍ အချို့ဆီဆိုင်များသည် စက်သုံးဆီများကို အကန့်သတ်ဖြင့် သာရောင်းချပေးနေပြီး၊ မြို့၏ တောင်ဘက်ရှိ ဆီဆိုင်များလည်း ပိတ်ထားကြောင်း ပင်လောင်းမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီမှာက မီးတွေ မလာရင် ဆီဆိုင်တွေကလည်းမဖွင့်ဘူး။တချို့တွေလည်း ကန့်သတ်ပြီး ရောင်းနေတာ။ မြို့ရဲ့ တောင်ဘက် ဖယ်ခုံသွားတဲ့ ဘက်က ဆီဆိုင်တွေ ပိတ်ထားကြတယ်။ တချို့က ပြေးတာတွေလည်း ရှိတယ်။ရွာတွေဘက်တော့ စက်သုံးဆီဈေး တွေက နည်းနည်းဈေးတက်တာပေါ့။”ဟု ၎င်းကပြောသည်။
ပင်လောင်းမြို့ပေါ်တွင် စက်သုံးဆီ 92 တစ်လီတာလျှင် ၃၃၀၀ကျပ်ကျပြီး၊ 95 တစ်လီတာလျှင် ၄ ထောင် ဝန်းကျင်ရှိနေကြောင်း သိရသည်။
ပင်လောင်းမြို့နယ်ရှိ စစ်ရှောင်စခန်းများတွင် လက်ရှိစစ်ရှောင်ဦးရေ ခုနစ်ထောင်ကျော် (၇၀၀၀ကျော်) ရှိပြီး စစ်ဘေးရှောင်များအတွက် အလှူရှင်များမရှိသည့်အတွက် ကြုံရာကျပန်းအလုပ်များကို လုပ်ကိုင်နေရပြီး စားနပ်ရိက္ခာများ လိုအပ်နေကြောင်းသိရသည်။












Leave a Comments