နေ့စားအလုပ်ရှားပါးလာမှုကြောင့် ပင်လောင်းစစ်ရှောင်များ ရိက္ခာပြတ်လပ်မှုကြုံရနိုင်

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ စစ်ရှောင်များသည် လက်ရှိမှာ အလှူရှင်မရှိသကဲ့သို့ နေ့စားအလုပ်လည်း ရှားပါးလာသည့်အတွဥ် ရိက္ခာပြတ်လပ်မှု ကြုံတွေ့လာနိုင်ကြောင်း စစ်ဘေးရှောင်များထံ စုံစမ်းသိရသည်။ 

သျှမ်းပြည် တောင်ပိုင်း ပင်လောင်းသို့ ရောက်လာသည့်  ကရင်နီပြည်မှ စစ်ရှောင်များသည် အလှူရှင်များမရှိသည့်အတွက် ဝမ်းရေးကို နေ့စားဖြစ်သော ပြောင်းချိုး ၊ပန်းရံအလုပ်ဖြင့် ရုန်းကန်နေရပြီး၊ လက်ရှိမှာ အလုပ်အကိုင်ရှားပါးလာမှုကြောင့် မကြာခင် ရိက္ခာပြတ်လပ်မှုဖြစ်လာနိုင်ကြောင်း ပင်လောင်း စစ်ရှောင်များထံမှသိရသည်။

 “လာတုန်းကတော့ ဆန်တွေယူလာတယ် ၊ရောက်လာတာ၃လရှိပြီ အလုပ်ကပုံမှန်မရှိတော့ အဆင်မပြေဘူး။ တစ်ခါတစ်လေ ဘုန်းကြီးကျောင်းကပိုလျှံတာတွေ ဘုန်းကြီးက စွန့်ပေးတယ်”ဟု စစ်ရှောင်အမျိုးသားတစ်ဦး က ဆိုသည်။

စစ်ရှောင်အများအပြားသည် ဘုန်းကြီးကျောင်းတွင် နေထိုင်ကြပြီး တစ်ချို့သော ငွေကြေးတတ်နိုင်သူများသည်ရွာထဲမှ မြေကွက်ဝယ်ယူခြင်း၊ ငှားရမ်းခြင်းဖြင့် နေထိုင်နေကြောင်း သိရသည်။ 

ပင်လောင်းဒေသခံအမျိုးသားတစ်ဦးကလည်း “ လက်နက်ကြီးတွေနဲ့ ရွာထဲကိုပစ်လို့ ထွက်ပြေးရတယ် ညညဆို ဂျက်ဖိုက်တာတွေ ဘာတွေနဲ့ ပစ်လို့ ရွာမှာမနေရဲကြလို့ ထွက်ပြေးလာတာ ဒီမှာလည်း စိုက်ပျိုးစားသောက်လို့လည်း မရတော့ နောက်ဆို အငတ်ပြဿနာတွေနဲ့ ကြုံတွေ့နိုင်တယ်”ဟုဆိုသည်။

စစ်ပြေးရှောင်စခန်းများတွင် လက်ရှိစစ်ရှောင်ဦးရေ ခုနစ်ထောင်ကျော် (၇၀၀၀ကျော်) ရှိပြီး စားနပ်ရိက္ခာများ လိုအပ်နေကြောင်းသိရသည်။

ထို့အပြင် နမ့်ဟူးကျောင်းတိုက် ၊ ထီဗွာရွာ ၊ ကုန်းတုန်ရွာ ၊ စာကရွာ တို့တွင် နေထိုင်သော စစ်ဘေးရှောင်ဦးရေ စုစုပေါင်း (၃)ရာကျော်ရှိကြောင်း သိရသည်။

ပင်လောင်းတောင်ဘက်တိုက်ပွဲတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူများ၏နေအိမ်များနှင့် ဘာသာရေး အဆောက်အအုံများပျက်စီးနေကြောင်းသိရသည်။

အလုပ်သင် သတင်းထောက် နန်းလောဝ်ငင်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...