စစ်ကောင်စီလေကြောင်းနေ့စဉ်ပျံသန်း ပင်လောင်စစ်ရှောင်နေရာထပ်မံရွှေ့ပြောင်းရန် ကြိုးစားနေ

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် စစ်ကောင်စီမှ လေကြောင်းဖြင့် နေ့စဥ်ပျံ့သန်းမှုကြောင့် စစ်ရှောင်များ နေရာထပ်မံရွှေ့ပြောင်းရန် ကြိုးစားနေကြကြောင်း စုံစမ်းသိရသည်။

ထို့ကြောင့် စစ်ရှောင်များသည် ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ မှတဆင့် တောင်ကြီးမြို့ပေါ်သို့ ထပ်မံပြောင်းရွှေ့ရန် ကြိုးစားနေသော်လည်း စစ်ကောင်စီဘက်မှ ဆောင်းပြောင်း-တောင်ကြီးလမ်းကြောကို ပိတ်ထားသဖြင့် အခက်အခဲများဖြစ်နေကြောင်း ဆောင်းပြောင်းကျေးရွာမှ စစ်ရှောင် အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ပင်လောင်း စစ်ဘေးရှောင်

“ အခုကျမတို့နေတဲ့နေရာက စစ်တပ်ကနေပြီး လေကြောင်းနဲ့ နေ့တိုင်းလာတယ်။ တိုက်ပွဲတော့မဖြစ်ဘူး။ ဘယ်နေ့ ဘယ်ချိန် လေကြောင်းနဲ့ပစ်မယ်ဆိုတာမသိဘူးလေ။ နောက်ပြီး ဆောင်းပြောင်း-တောင်ကြီးလမ်းကလည်း။ ပိတ်ထားတော့ ရွှေ့ပြောင်းဖို့လည်းမရ။ စားသောက်ဖို့ ကလည်း အရမ်းခက်ခဲနေပြီ” ဟု အသက် ၃၅နှစ်အရွယ်ရှိ စစ်ရှောင်အမျိုးသမီးက ဆိုသည်။

လက်ရှိမှာ တောင်ကြီး-ဆောင်းပြောင်း လမ်းကို စစ်ကောင်စီက ပိတ်ဆို့ထားပြီး စစ်ရှောင်များအတွက် စားနပ်ရိက္ခာ သယ်ယူပို့ဆောင်ဖို့အတွက် ခက်ခဲနေကြောင်း၊ ထို့အပြင် တိုက်ပွဲများ ငြိမ်းသက်နေသော်လည်း စစ်ကောင်စီမှ နေ့စဥ် လေကြောင်းပျံ့ဝဲမှုကြောင့် စစ်ရှောင်များ တိုက်ပွဲပြန်ဖြစ်လာမည်ကို စိုးရိမ်နေကြကြောင်း စစ်ဘေးရှောင်များက ပြောသည်။

“ကျမ မှာ ကလေးကလည်းရှိတော့ လေကြောင်းက နေ့တိုင်းပျံ့နေတော့ တိုက်ပွဲပြန်ဖြစ်မှာလည်းကြောက်တယ်။ နောက် ရေရှည် စားသောက်ဖို့ကခက်ခဲတယ်လေ။ လမ်းပိတ်လို့ကျမတို့ ဘယ်မှ ထွက်လို့မရဘူး” ဟု ၎င်း စစ်ရှောင်အမျိုးသမီး ထပ်လောင်းပြောသည်။

ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်သည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ဆေးရေး တင်းကြပ်သည့် ဂိတ်ဖြစ်သကဲ့သို့ ငွေကြေးအဆမတန်ကောက်ယူသည့် ဂိတ်တစ်ခုလည်း ဖြစ်သည်။

လက်ရှိမှာ ပင်လောင်းမြို့နယ် စစ်ရှောင်စခန်းများတွင် စစ်ရှောင်ဦးရေ ၃ သောင်းခန့်ရှိပြီး အများစုသည် သက်ကြီးရွယ်အို နှင့် ကလေးငယ် အများဆုံးဖြစ်သည်။

သျှမ်း-ကရင်နီတကြော “၁၁.၁၁ စစ်ဆင်ရေး”ကြောင့် ၂၀၂၃ နိုဝင်ဘာလ ၁၅ ရက်မှထွက်ပြေးလာပြီး၊ လက်ရှိတွင် သျှမ်းပြည် တောင်ပိုင်း ပင်လောင်း၊ ညောင်ရွှေ၊ အင်းလေးနှင့် ဆီဆိုင် ဒေသများတွင် ကရင်နီပြည်မှ အရေးပေါ် တိမ်းရှောင်လာပြီး ဘုန်းကြီးကျောင်းများနှင့် ဆွေမျိုးအိမ်များသို့ စစ်ဘေးရှောင်နေကြပြီး စားဝတ်နေရေး နှင့် အနွေးထည်များ လိုအပ်နေကြောင်း သိရသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...