ဆောင်းပြောင်း စစ်တပ်လက်နက်ကြီးနှင့် ဒရုန်းကြောင့်နှစ်ဦးသေဆုံး

သျှမ်းပြည်နယ်တောင်ပိုင်းပင်လောင်းမြို့နယ်၊ဆောင်းပြောင်းရွာတွင် စစ်တပ်လက်နက်ကြီးနှင့် ဒရုန်းကြောင့်ကလေးငယ်အပါအဝင်နှစ်ဦးသေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

ယခုလ ဇူလိူင်လ ၅ရက်တွင် စစ်ကောင်စီ လက်နက်ကြီးထိမှန်ခြင်းကြောင်း ဆောင်းပြောင်းရွာနေ အသက်၆နှစ်အရွယ် ခွန်ဗီနိုနှင့် ဘုရားတောင်အနီးတွင် စစ်ရှောင်နေသော နန်းထူလည်း ဒရုန်းဗုံးထိမှန်ခြင်းကြောင်းသေဆုံးခဲ့ရကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ခွန်ဗီနိုက ဝမ်းဗိုက်ကိုထိတာ ။အဲဒဏ်ရာနဲ့ဘဲ ဆုံးတာ။သူကငယ်လည်းငယ်သေးတယ်။စိတ်မကောင်းဘူး။နန်းထူက သူက ခန္ဒာကိုယ်အနှံ့ဘဲ ဗုံးအစ စင်တာ ဒဏ်ရာကလည်း အရမ်းပြင်းတော့ ဆုံးသွားတယ်”ဟု ဒေသခံတစ်ဦးကသျှမ်းသံတော်ဆင့်ကိုပြောသည်။

ထို့ပြင် ဇူလိုင် ၁၅ရက်တွင် နမ်းနိန်း ဘုန်ကြီးကျောင်းအတွင်း တော်လှန်ရေးတပ်ဖွဲ့ ခိုလှုံနေသည်ဆိုသည့် ပအိုဝ်းပြည်သူ့စစ် (PNO)ဘက်မှ စွပ်စွဲသဖြင့် စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် ဗုံးလာကြဲကာ ဒုတိယအကြိမ် ထပ်မံပျက်စီးခဲ့ရကြောင်း သိရသည်။

“လေယာဉ်က ပေါင်၂၀၀ဗုံးနဲ့ လာကြဲချတာ။ဘုန်ကြီးကျောင်းမှာ ဘယ်သူမှ မရှိဘူး။တိုက်ပွဲလည်း နမ်းနိန်းမှာမဖြစ်ပါဘူး ဘုန်ကြီးကျောင်းတော့ အများကြီး ထပ်ပျက်စီးတယ်”ဟု နမ်းနိန်းရွာခံတစ်ဦးက သျှမ်းသံတော်တင့်ကိုပြောသည်။

နမ်းနိန်းရွာသည် ပြီးခဲ့သည့် မတ်လ၁၁ရက်နေ့တွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က ရွာသားအိမ်၁၀၀ကျော်ကို မီးရှို့ဖျတ်ဆီးခဲ့ပြီး ကျောင်းထိုင်ဆရာတော်နှင့် သံဃာအပါအဝင် အရပ်သား၂၀ကျော်ကိုလည်း အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

ဆောင်းပြောင်းတွင် လက်နက်ကြီးသံများကြောင့် ဒေသခံများ တိုက်ပွဲထပ်မံ ဖြစ်ပွားမည်ကို စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ နေ့စဉ်နီးပါး ကြားရသောကြောင့် ဒေသခံများ တိုက်ပွဲ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ပထမပတ်မှစပြီး ဆောင်းပြောင်းကျေးရွာဘက်သို့ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တပ်သားများ အင်းအား ၃၀၀ ဝန်းကျင်ထပ်မံ ဖြည့်တင်းခဲ့ပြီးနောက်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...