သျှမ်းပြည်နယ်တောင်ပိုင်းပင်လောင်းမြို့နယ်၊ဆောင်းပြောင်းရွာတွင် စစ်တပ်လက်နက်ကြီးနှင့် ဒရုန်းကြောင့်ကလေးငယ်အပါအဝင်နှစ်ဦးသေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။
ယခုလ ဇူလိူင်လ ၅ရက်တွင် စစ်ကောင်စီ လက်နက်ကြီးထိမှန်ခြင်းကြောင်း ဆောင်းပြောင်းရွာနေ အသက်၆နှစ်အရွယ် ခွန်ဗီနိုနှင့် ဘုရားတောင်အနီးတွင် စစ်ရှောင်နေသော နန်းထူလည်း ဒရုန်းဗုံးထိမှန်ခြင်းကြောင်းသေဆုံးခဲ့ရကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
“ခွန်ဗီနိုက ဝမ်းဗိုက်ကိုထိတာ ။အဲဒဏ်ရာနဲ့ဘဲ ဆုံးတာ။သူကငယ်လည်းငယ်သေးတယ်။စိတ်မကောင်းဘူး။နန်းထူက သူက ခန္ဒာကိုယ်အနှံ့ဘဲ ဗုံးအစ စင်တာ ဒဏ်ရာကလည်း အရမ်းပြင်းတော့ ဆုံးသွားတယ်”ဟု ဒေသခံတစ်ဦးကသျှမ်းသံတော်ဆင့်ကိုပြောသည်။

ထို့ပြင် ဇူလိုင် ၁၅ရက်တွင် နမ်းနိန်း ဘုန်ကြီးကျောင်းအတွင်း တော်လှန်ရေးတပ်ဖွဲ့ ခိုလှုံနေသည်ဆိုသည့် ပအိုဝ်းပြည်သူ့စစ် (PNO)ဘက်မှ စွပ်စွဲသဖြင့် စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် ဗုံးလာကြဲကာ ဒုတိယအကြိမ် ထပ်မံပျက်စီးခဲ့ရကြောင်း သိရသည်။
“လေယာဉ်က ပေါင်၂၀၀ဗုံးနဲ့ လာကြဲချတာ။ဘုန်ကြီးကျောင်းမှာ ဘယ်သူမှ မရှိဘူး။တိုက်ပွဲလည်း နမ်းနိန်းမှာမဖြစ်ပါဘူး ဘုန်ကြီးကျောင်းတော့ အများကြီး ထပ်ပျက်စီးတယ်”ဟု နမ်းနိန်းရွာခံတစ်ဦးက သျှမ်းသံတော်တင့်ကိုပြောသည်။
နမ်းနိန်းရွာသည် ပြီးခဲ့သည့် မတ်လ၁၁ရက်နေ့တွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က ရွာသားအိမ်၁၀၀ကျော်ကို မီးရှို့ဖျတ်ဆီးခဲ့ပြီး ကျောင်းထိုင်ဆရာတော်နှင့် သံဃာအပါအဝင် အရပ်သား၂၀ကျော်ကိုလည်း အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သည်။












Leave a Comments