နောင်ချို

နောင်ချို စစ်ကောင်စီတပ်မှ လက်နက်ကြီး နေ့စဉ်ပစ်ခတ်၊ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေ

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် နေ့စဉ် ဆက်တိုက်ပစ်ခတ်နေကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ တတိယပတ်မှ စတင်၍ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်က မြေပြင်ထိုးစစ် စတင်လာပြီး တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ပူးပေါင်းတပ်ဖွဲ့တို့နှင့် တိုက်ပွဲများ စတင်ပြင်းထန်လာခဲ့သည်။ နောင်ချိုမြို့နယ် ဂန့်ကော်နှင့် တောင်းခမ်းဒေသတို့တွင် စစ်ကောင်စီတပ်နှင့် TNLA...

နောင်ချိုမြို့ကို စစ်ကောင်စီ ဗုံးထပ်ကြဲ၊ တောင်းခမ်း တိုက်ပွဲ ပြင်းထန်နေ

သျှမ်းပြည် မြောက်ပိုင်း၊ နောင်ချိုမြို့ပေါ်ကို စစ်ကောင်စီ လေကြောင်းမှ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး တောင်းခမ်းတွင် တိုက်ပွဲများ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယနေ့ (အောက်တိုဘာလ ၂၁ ရက်)၊ နံနက် ၁ နာရီ ဝန်းကျင်တွင် နောင်ချိုမြို့ပေါ် စစ်ကောင်စီ လေကြောင်း စုစုပေါင်း ဗုံး...

နောင်ချိုမြို့နယ် စစ်ကောင်စီတပ် တန်ပြန်ထိုးစစ်ဆင်၍ မြေပြင်တိုက်ပွဲ ပြင်းထန်နေ

သျှမ်းမြောက်၊ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ် တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်လာသဖြင့် TNLA ပူးပေါင်းတပ်နှင့် တိုက်ပွဲများ ပြင်းထန်နေကြောင်း စစ်ရေးသတင်းရင်းမြစ်က ယနေ့ (အောက်တိုဘာလ ၂၀) ရက်နေ ညနေပိုင်းတွင် ပြောသည်။ စစ်ကောင်စီတပ်က ပြင်ဦးလွင်မြို့တွင် စုဖွဲ့ပြီး တန်ပြန်ထိုးစစ်ဆင်လာ သဖြင့် ယမန်နေ့ (အောက်တိုဘာလ ၁၉...

တောင်းခမ်း စစ်ရေးအထူးတင်းမာ၊ ပြင်ဦးလွင်မြို့အဝင် စစ်ကောင်စီ တင်းကြပ်

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် တောင်းခမ်းဒေသတွင် စစ်ကောင်စီတပ်နှင့် TNLA ပူးပေါင်းတပ်များ စစ်ရေး အထူးတင်းမာနေပြီး စစ်ကောင်စီတပ်က ပြင်ဦးလွင်မြို့ အဝင်ကို တင်းကြပ်လိုက်သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ TNLA သိမ်းပိုက်ထားသည့် နောင်ချိုမြို့မှ ၁၅ မိုင် အကွာအဝေးတွင် ရှိသည့် စစ်ကောင်စီ အမြောက်တပ်များ တည်ရှိရာ တောင်းခမ်းဒေသတွင်...

နောင်ချိုမြို့ပေါ် စစ်ကောင်စီတပ် လေကြောင်းထပ်မံဗုံးကြဲခြင်းကြောင့် မိန်းကလေး (၂) ဦး အပါအဝင် (၃) ဦးသေဆုံး

သျှမ်းပြည် နောင်ချိုမြို့ပေါ် လူနေရပ်ကွက်အတွင်းသို့ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် (၂) ကြိမ် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဖခင်နှင့် သမီး စုစုပေါင်း (၃) ဦး သေဆုံးပြီး (၅) ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၁၉) ရက် နံနက် ၅...

စစ်ဘီလူး လုပ်ထုံးအတိုင်းတိုင်းသူပြည်သားများကို ညှာတာထောက်ထားမှုမရှိသည့် စစ်ကောင်စီ

သျှမ်းပြည်မြောက်ပိုင်း ညီနောင်မဟာမိတ် ထိန်းချုပ်ထားနိုင်သည့် ဒေသတွေကို စစ်ကောင်စီ ဗုံးမကြဲဖို့အတွက် ကိုးကန့်တပ်ဖွဲ့ MNDAA က တရုတ်ကို ကြားဝင်စေ့စပ်ညှိနှိုင်းဖို့အတွက် အကူအညီတောင်းဆိုသော်လည်း လက်တွေ့တွင် မဖြစ်လာကြောင်း စုံစမ်းသိရသည်။ MNDAA သည် တရုတ်ထံ အကူညီတောင်းခံစာကို စက်တင်ဘာ ၄ ရက်နေ့ ရက်စွဲဖြင့် ၁၉ ရက်တွင်...

နောင်ချိုမြို့ပေါ် စစ်ကောင်စီလေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲ၊ အရပ်သားထိခိုက်မှုရှိ

သျှမ်းပြည် နောင်ချိုမြို့ပေါ်သို့ စစ်ကောင်စီမှ လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်သဖြင့် အရပ်သား ထိခိုက်ဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာ (၁၉)ရက် မှ စတင်ပြီး နောင်ချိုမြို့ပေါ် လူနေရပ်ကွက်နှင့် မြို့မစျေး၊ စာသင်ကျောင်းအနီးသို့ စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် အရပ်သား(၄)ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)...

နောင်ချို-ပြင်ဦးလွင်ကြား တောလမ်းတွင် ကားရာနှင့်ချီ ပိတ်မိ

သျှမ်း-မန္တလေးနယ်စပ် နောင်ချိုနှင့် ပြင်ဦးလွင်မြို့အကြား တောလမ်းတွင် မိုးရွာသွန်းမှုကြောင့် ကားရာနှင့်ချီ ပိတ်မိနေကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ ဒုတိယပတ်မှ စတင်ပြီး နောင်ချိုမြို့နယ် အုမ္မသီးကျေးရွာ လမ်းခွဲမှ စတင်၍ ပြည်ထောင်စုလမ်းမကြီးကို အသုံးပြု၍ မရတော့ခြင်းကြောင့် ပြင်ဦးလွင်မြို့သို့ သွားရောက်ရာတွင် တောလမ်းမှတဆင့် သွားလာနေရပြီး မိုးရွာသွန်းမှုကြော်င့ ကားအစီးရေ (၅၀၀)...

လားရှိုးနှင့် နောင်ချို လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲခံရ၊ အရပ်သား ၅ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရ

သျှမ်းပြည် လားရှိုးမြို့နယ်နှင့် နောင်ချိုမြို့နယ်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်နေခြင်းကြောင့် အရပ်သား (၅) ဦး သေဆုံးပြီး (၁၀) ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၃ ရက်) ည ၇ နာရီခန့်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA...

နောင်ချိုမြို့နယ် တောင်ခမ်း အမြောက်တပ်ကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂) ကို TNLA ပူးပေါင်းအဖွဲ့ အပြီးသတ်သိမ်းပိုက်

သျှမ်းပြည် နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာအခြေစိုက် အမြောက်စခန်းကွပ်ကဲမှု ဌာနချုပ် (မစခ-၉၀၂)နှင့် အမတ-(၃၅၄) တို့ကို TNLA ၊ DPLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (စက်တင်ဘာလ ၁၃ ရက်) တွင် နောင်ချိုမြို့နယ် တောင်ခမ်းရွာရှိ စစ်ကောင်စီတပ်...

Latest news