နောင်ချို စစ်ကောင်စီတပ်မှ လက်နက်ကြီး နေ့စဉ်ပစ်ခတ်၊ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေ

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် နေ့စဉ် ဆက်တိုက်ပစ်ခတ်နေကြောင်း စုံစမ်းသိရသည်။

အောက်တိုဘာလ တတိယပတ်မှ စတင်၍ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်က မြေပြင်ထိုးစစ် စတင်လာပြီး တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ပူးပေါင်းတပ်ဖွဲ့တို့နှင့် တိုက်ပွဲများ စတင်ပြင်းထန်လာခဲ့သည်။

နောင်ချိုမြို့နယ် ဂန့်ကော်နှင့် တောင်းခမ်းဒေသတို့တွင် စစ်ကောင်စီတပ်နှင့် TNLA ပူးပေါင်းတပ်ဖွဲ့တို့ နေ့စဉ် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီတပ်မှ ယနေ့ ( အောက်တိုဘာလ ၂၈ ရက်) နံနက်ပိုင်းအထိ လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်နေကြောင်း အသက် (၄၀) နှစ် ဝန်းကျင် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အောက်တိုဘာ ၂၆-၂၇ တစ်ညလုံး တစ်နေကုန် မနားပဲပစ်တာ၊ လက်နက်ကြီးကော သေနတ်သံကော ကြားရတယ်။ တိုက်ပွဲက တော်တော်ပြင်းထန်နေတယ်လို့တောင် ပြောလို့ရတယ်။ မနေ့က သေနတ်သံတွေ ခနပြန်ငြိမ်ပြီးတော့ လက်နက်ကြီးနဲ့ ပြန်ပစ်တယ်။ ဒီနေ့မနက်ပိုင်းအထိ ရွာထဲတွေကို ပစ်နေတုန်းပဲ”ဟု ၎င်းဒေသခံ အမျိုးသားက ပြောသည်။

TNLA

နောင်ချိုမြို့နယ် ဘန့်ဘွေး စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ရေမောင်းတန်း၊ အုမ္မသီးနှင့် ဂန့်ကော်ကျေးရွာ အနီးတစ်ဝိုက်ရှိ TNLA ပူးပေါင်းတပ်ဖွဲ့တို့ တည်ရှိနိုင်သည့် နေရာများကို ရမ်းသမ်းပစ်ခတ်နေကြောင်း အသက် (၄၀)နှစ် ဝန်းကျင် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ဒီမနက် မိုးမလင်းသေးဘူး၊ ရေမောင်းတန်းရွာဘက်ကို သူတို့ လက်နက်ကြီးနဲ့ ၃ လုံး ၄ လုံးလောက် ပစ်တာ လယ်ကွင်းတွေထဲ ကျတယ်။ သူတို့ တိုက်ပွဲမရှိလည်း ပစ်တယ်၊ သူတို့က လက်နက်ကြီးကို တော်လှန်ရေးအဖွဲ့တို့ TNLA တွေရှိမယ့် နေရာတွေကို ဦးတည်ပြီးပစ်တာ”ဟု ၎င်းအမျိုးသားက ပြောသည်။

ထိုစစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်မှုများကြောင့်‌ ကျေးရွာရှိ ဒေသခံတို့၏ လယ်ယာမြေများ၊ အိမ်များ ပျက်စီးဆုံးရှုံးနေရပြီး နေရပ်ပြန်ရန်လည်းအတွက်လည်း စိုးရိမ်နေရကြောင်း ဒေသခံများထံမှ သိရသည်။

“ဒီမနက်က အိမ်ကို ခဏပြန်ကြည့်မလို့ပဲ၊ လက်နက်ကြီးကျလို့ မပြန်ရဘူး။ ကျနော်တို့ရဲ့ လယ်ယာတွေက စပါးတွေက ယူချိန်တန်ပြီ သိမ်းချိန်တန်ပြီ ဘာမှ မလုပ်ရသေးဘူး။ ပြန်ဖို့လည်း ဘယ်သူမှ မပြန်ရဲကြဘူး။ နောက်နှစ်အတွက်တောင် စိတ်ပူရတယ် ဒီလိုဆို ဝင်ငွေမရှိ၊ အလုပ်မရှိဆိုတော့ စားဖို့ကလည်း တွေးနေရတာလေ”ဟု အသက် ၄၀ ဝန်းကျင် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားနေသည့် အနီးတဝိုက် ဒေသနေ ကျေးရွာခံများသည် ဆွေမျိုးအိမ်၊ နီးစပ်ရာကျေးရွာနှင့် နောင်ချိုမြို့သို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်းသိရသည်။

ယခု ဖြစ်ပွားနေသည့် တိုက်ပွဲ အတွင်း နှစ်ဖက်တပ် ထိခိုက် ကျဆုံးမှုနှင့် တကွ မြေပြင် စစ်ရေးအခြေအနေများ ကို ထပ်မံ မေးမြန်း စုံစမ်းနေဆဲ ဖြစ်သည်။

အလားတူ တိုက်ပွဲများ ပြင်းထန်နေသည့် စစ်ကောင်စီလက်အောက်ခံ အမြောက်တပ်များ တည်ရှိရာ တောင်းခမ်းကျေးရွာသည် နောင်ချိုမြို့နှင့် ၂၅ မိုင်ခန့် ကွာဝေးပြီး၊ ပြင်ဦးလွင်-နောင်ချိုကြားရှိ ဂန့်ကော်ကျေးရွာ သည် နောင်ချိုမြို့ နှင့် ၁၅ မိုင်ကျော် ကွာဝေးကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (အောက်တိုဘာလ ၂၇ ရက်) ည ၇ နာရီဝန်းကျင် စစ်ကောင်စီတပ်က နောင်ချို သပြေရွာကို လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့သည့်အတွက်ကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...