နောင်ချိုတွင် နေ့စဉ်နှင့်အမျှ ဗုံးကြဲခံရပြီး စစ်ရှောင်များ စားနပ်ရိက္ခာ စိုးရိမ်ပူပန်

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် နေ့စဉ်နှင့်အမျှ တိုက်ပွဲများပြင်းထန်နေပြီး စစ်ရှောင်များ စားဝတ်နေရေးအတွက် စိုးရိမ်နေကြသည်ဟု စုံစမ်းသိရသည်။ 

ပြီးခဲ့သည့် အောက်တိုဘာလ တတိယပတ်မှ စတင်၍ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်က မြေပြင်ထိုးစစ်စတင်လာပြီး တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ပူပေါင်းတပ်ဖွဲ့တို့နှင့် တိုက်ပွဲများ စတင်ပြင်းထန်လာခဲ့သည်။ 

နောင်ချိုမြို့နယ်တွင်းရှိ စစ်ရှောင်

နေ့စဉ်ဗုံးကြဲခံရသည့် နောင်ချိုမြို့ပေါ်နေ ပြည်သူ ၂ထောင်ကျော်သည် ၎င်းအနီးတဝိုက်ရှိ ကျေးရွာများရှိ ဆွေမျိုးအိမ်များ၊ စစ်ဘေးလွှတ်သည့် တောများ ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး၊ လက်ရှိ စားဝတ်နေရေးအတွက် စိုးရိမ်ပူပန်နေကြောင်း စစ်ရှောင်အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ 

“နောင်ချိုမြို့ထဲရော အနီးတစ်ဝိုက်မှာရော နေတိုက်တိုက်ပွဲတွေဖြစ်တယ်။ စစ်တပ်ကလည်း နေ့တိုင်းဗုံးလာကြဲတယ်။ အခုက ရွာတွေဘက်မှာ ရှောင်နေရတယ်။ အစားအသောက်အတွက်ကို ပိုစိတ်ပူနေရတယ်။ ကလေးတွေလည်းပါတယ် သက်ကြီးရွယ်အိုတွေရောပဲ။ စပါးသိမ်းချိန်ရောက်တာတောင် မပြန်ရဲဘူး ကြောက်နေရတယ်”ဟု ၎င်းက ပြောသည်။ 

နောင်ချိုကျေးရွာ

လက်ရှိကာလ အချိန်တွင် စပါးရိတ်သိမ်းရမည်အချိန်သာဖြစ်ပြီး ယခင် တိုက်ပွဲအခြေအနေကြောင့် စပါးပြန်လည်ရိတ်သိမ်းရန်အတွက်  စစ်ကောင်စီဗုံးကြဲမှာကို ကြောက်ရွဲ့နေကြောင်း စစ်ရှောင် အမျိုးသားတစ်ဦးက ပြောသည်။ 

“အခုချိန်က စပါးရိတ်ချိန်ရောက်ပြီး စပါးတွေလည်း ရင့်ကုန်ပြီ တိုက်ပွဲတွေဖြစ်တော့ ဘယ်သူမှ မပြန်ရဲကြဘူး။ စပါးတွေစိုက်ပြီးတော့မှ ခုငတ်နေကြတယ်။ ပါလာတဲ့ဆန်တွေနဲ့ပဲ လောက်အောင် စားသောက်နေရတယ်။ စပါးတွေလည်း အများကြီးရင်းပြီးစိုက်ရတာ ဒီတိုင်းပစ်ထားရင် ရှုံးကုန်တော့မှာ”ဟု ၎င်းက ပြောသည်။ 

ထို့အပြင် ယမန်နေ့ (နိုဝင်ဘာလ ၄ )ရက် ညနေ့ နေ့လယ် ၂ နာရီအချိန်တွင် နောင်ချိုမြို့ပေါ် ဘူတာရပ်ကွက်တွင် စစ်ကောင်စီထပ်မံ ဗုံးကြဲတိုက်ခိုက်ပြီး နေအိမ်အဆောက်အအုံး ၄ လုံးထိမှန် ပျက်စီးခဲ့သည်ဟု သိရသည်။ 

ယနေ့ (နိုဝင်ဘာ ၅)ရက်  ကိုးကန့်တပ်(MNDAA) ထိန်းချုပ်ထားသည့် လားရှိုးမြို့ မယ်ဟန်ရွာတွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခံရသည်ဟု သိရသည်။ 

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

နောင်ချို-မန္တလေးလမ်းတွင် ဂိတ်ကြေး ကျပ်သိန်း (၁,၀၀၀) ကျော်အထိ ပေးဆောင်ရ

0
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့မှ မန္တလေးသို့ သွားသည့် လမ်းတလျှောက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်များတွင် ဂိတ်ကြေးနှင့် လမ်းရှင်းခ တောင်ခံမှုသည် အဆမတန် မြင့်မားနေကြောင်း ကုန်သည်များနှင့် ယာဉ်မောင်းများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလမှစတင်ကာ စစ်ကော်မရှင်၏ "ရက် ၁၀၀ စီမံချက်" ဖြင့် ကုန်သွယ်ရေးလမ်းကြောင်းများကို တင်းကျပ်လိုက်ပြီးနောက် နယ်စပ်မှဝင်လာသည့်...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...