နောင်ချိုမြို့ပေါ် စစ်ကောင်စီတပ် လေကြောင်းထပ်မံဗုံးကြဲခြင်းကြောင့် မိန်းကလေး (၂) ဦး အပါအဝင် (၃) ဦးသေဆုံး

သျှမ်းပြည် နောင်ချိုမြို့ပေါ် လူနေရပ်ကွက်အတွင်းသို့ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် (၂) ကြိမ် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဖခင်နှင့် သမီး စုစုပေါင်း (၃) ဦး သေဆုံးပြီး (၅) ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့ (အောက်တိုဘာလ ၁၉) ရက် နံနက် ၅ နာရီကျော်မှ စတင်ပြီး နောင်ချိုမြို့ပေါ် တောင်ရပ်ကွက်အတွင်း စစ်ကောင်စီတပ်မှ ပေါင် (၅၀၀) ဗုံးဖြင့် နှစ်ကြိမ်ထက်မနည်း လေကြောင်းဗုံးကြဲခဲ့ရာ ဖခင်ဖြစ်သူနှင့် သမီးနှစ်ဦး စုစုပေါင်း (၃) ဦး သေဆုံးပြီး (၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နောင်ချိုဒေသခံများက ပြောသည်။

နောင်ချို စစ်ကောင်စီဗုံးကြဲ

“လေယာဉ်က နှစ်စီး၊ သုံးစီး အဲ့လိုလာတာ။ တောင်ရပ်ကွက်ထဲ ကြဲချတာ ပေါင်(၅၀၀) ဗုံးက၊ အိမ် (၂၀) လောက် ပျက်စီးတာ ရှိမယ်။ ဦးကျော်တို့ သားအဖဆုံးတယ်၊ နောက်တစ်အိမ်လည်း လူထိတာရှိတယ်”ဟု နောင်ချိုမြို့ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နောင်ချိုမြို့ တောင်ရပ်ကွက်အတွင်း လေကြောင်းဖြင့် (၂) ကြိမ် ဗုံးကြဲခံရမှုကြောင့် ကလေး (၂) ဦး အပါအဝင် (၃) ဦး သေဆုံးပြီး (၃) ဦး ဒဏ်ရာပြင်းထန်ကာ နေအိမ် (၁၇) လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ ယနေ့နံနက်ပိုင်းတွင် ထုတ်ပြန်သည်။

နောင်ချို ဗုံးကြဲခံရ

အလားတူ နောင်ချိုမြို့နယ်အတွင်း ဆမ္မဆယ်ကျေးရွာဘက်သို့လည်း ယနေ့နံနက် (၃) နာရီခန့်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံး(၃) လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ (အောက်တိုဘာလ ၁၈ ရက်) နံနက် ၅ နာရီခန့်မှ စတင်၍ ည ၁၀ နာရီကျော်အထိ နောင်ချိုမြို့နှင့် ၁၄ မိုင်ခန့်သာ ကွာဝေးသည့် သဲခေါ်ရွာတွင် စစ်ကောင်စီတပ်နှင့် TNLA ပူးပေါင်းတပ်ဖွဲ့တို့ တစ်နေကုန် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှ လက်နက်ကြီးကျည် (၁၀၀) ကျော် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

“ဆမ္မဆယ်မှာလည်း ဒီမနက် လေယာဉ်နဲ့ ဗုံး ၃ လုံး လာကြဲသွားတယ်၊ လူထိခိုက်တာတော့ မသိရသေးဘူး။ အဲ့ချိန် ကျနော်တို့ ထကြည့်သေးတယ်။ မနေ့က သဲခေါ်မှာ တနေကုန် တိုက်ပွဲဖြစ်တယ်၊ လက်နက်ကြီးက ငါးလုံးတွဲ အဲ့လိုပစ်တာ အခါ ၂၀ ကျော် ရှိတယ်။ နှစ်ဘက်လုံးက စစ်အင်အား ဖြည့်လာတော့ ထပ်ကြာဦးမှာ”ဟု ၎င်းဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

နောင်ချို စစ်ကောင်စီ လေကြောင်းဗုံးကြဲ လူသေဆုံး

ထို့အပြင် နောင်ချိုမြို့နယ် တောင်းခမ်းဒေသတွင် TNLA ပူးပေါင်းတပ်များ သိမ်းပိုက်ထားသည့် စစ်ကောင်စီလက်အောက်ခံ အမြောက်တပ်ရင်းများတွင် စစ်ရေး အထူးတင်းမာနေပြီး နောက်ဆုံးတိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနိုင်သဖြင့် ပြည်သူများ ထပ်မံထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

သီတင်းကျွတ် လပြည့်ညကလည်း နောင်ချိုမြို့ပေါ် တောင်ရပ်ကွက်၊ ထွေအုပ်ရုံး၊ စာရင်းစစ်ရုံး၊ မြို့မရဲစခန်း၊ မြို့ဝင်စစ်ဆေးရေးဂိတ်နှင့် သဖန်းကိုင်း ကျေးရွာဘက်သို့ စစ်ကောင်စီတပ်မှ အပြင်းအထန် လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ (၄) ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...