စစ်ဘီလူး လုပ်ထုံးအတိုင်းတိုင်းသူပြည်သားများကို ညှာတာထောက်ထားမှုမရှိသည့် စစ်ကောင်စီ

သျှမ်းပြည်မြောက်ပိုင်း ညီနောင်မဟာမိတ် ထိန်းချုပ်ထားနိုင်သည့် ဒေသတွေကို စစ်ကောင်စီ ဗုံးမကြဲဖို့အတွက် ကိုးကန့်တပ်ဖွဲ့ MNDAA က တရုတ်ကို ကြားဝင်စေ့စပ်ညှိနှိုင်းဖို့အတွက် အကူအညီတောင်းဆိုသော်လည်း လက်တွေ့တွင် မဖြစ်လာကြောင်း စုံစမ်းသိရသည်။

MNDAA သည် တရုတ်ထံ အကူညီတောင်းခံစာကို စက်တင်ဘာ ၄ ရက်နေ့ ရက်စွဲဖြင့် ၁၉ ရက်တွင် MNDAA ၏ လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်လာသည်။

ထို ထုတ်ပြန်ချက်ကိုကြေညာပြီးနောက် ၂ ရက်အကြာ စက်တင်ဘာ ၂၁ ရက်တွင် MNDAA ထိန်းချုပ်ထားနိုင်သည့် လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်း နှင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

အလားတူ TNLA ထိန်းချုပ်နိုင်သည့် နောင်ချိုမြို့ထဲကိုလည်း စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲခဲ့သည်။

MNDAA တပ်ဖွဲ့သည် တရုတ်အာဏာပိုင်ကို အကူအညီတောင်းသော်လည်း ထိရောက်မှုမရှိကြောင်း နှင့် တရုတ်က စစ်ကောင်စီဘက်ကို အားပေးနေသည့်သဘောမျိုးရှိနိုင်ကြောင်း သျှမ်းနိုင်ငံရေး သုတေသီ စိုင်းဝမ်းစိုင် ပြောဆိုလိုက်သည်။

လားရှိုး ဗုံးကြဲ

“ MNDAA က တရုတ်ကို အကူညီတောင်းတာ အရာမရောက်ဘူးလို့ပြောလို့ရတယ်။ အခုလောလောလတ်လတ်ဖြစ်သွားတဲ့ လားရှိုး နဲ့ နောင်ချိုကိုကြည့်ရင်သိပါတယ်။ တစ်နည်းအားဖြင့် တရုတ်က စစ်ကောင်စီကို ပါဝင်ထောက်ခံပြီ မြောက်ပိုင်းမဟာမိတ်ဘက် ကိုဖိအားပေးချင်တဲ့ သဘောလည်းထားလို့ရတယ်။ ဒါမှမဟုတ် စစ်ကောင်စီရဲ့ ပြည်တွင်းစစ်ကို စိတ်တိုင်းကျတိုက်နေတာကို ဘာမှတားမြစ်ဖို့မရှိဘူးလို့ သဘောလည်းထားနိုင်တယ်” ဟု စိုင်းဝမ်းစိုင်က ဆိုသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိဖို့အရေး ၊ နိုင်ငံတော်အာဏာကိုလုယူမည်မဟုတ်ကြောင်း ၊ နိုင်ငံတော်မှ ခွဲထွက်မည်မဟုတ်ကြောင်း နှင့် တရုတ် နှင့် မြန်မာကို ဆန့်ကျင်သော နိုင်ငံခြားအဖွဲ့စည်း NUG နှင့် စစ်ရေး နိုင်ငံရေးကို ပူးပေါင်းသွားမည်မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ညီနောင်မဟာမိတ်နှင့်အတူ NUG လက်အောက်ရှိ PDF တပ်ဖွဲ့ နှင့် NUG လက်အောက်မဟုတ်သော PDF တပ်ဖွဲ့တွေကလည်း ပါဝင်တိုက်ခိုက်ခဲ့ကြသည်။

MNDAA ၏ ထုတ်ပြန်ချက်အပေါ်တွင် NUG လက်အောက်ရှိသည့် မန္တလေး PDF ကတော့ ယခုလတ်သလောအချိန်တွင် မှတ်ချပေးစရာမရှိသေးကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့အခုတော့ ဘာမှ မှတ်ချက်ပေးစရာမရှိသေးပါဘူး။ သျှမ်းပြည် မြောက်ပိုင်းမှာတော့ စစ်ရေးထပ်ဖော်ဆောင်သွားဖို့ရှိပါတယ်” ဟု မန္တလေး PDF မှ ပြောရေးဆိုခွင့်ရှိသူ အော်စမွန်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအတွက် စစ်ကောင်စီကို တိုက်ခိုက်ပြီ ထိန်းချုပ်ထားနိုင်သည့်မြို့များတွင် လုံခြုံမှုရှိနိုင်မည် မဟုတ်ကြောင်း စစ်ကောင်စီကလည်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီက ညီနောင်မဟာမိတ်တွေထိန်းချုပ်ထားနိုင်သည့် ဒေသများကို လိုအပ်ပါက တန်ပြန် ထိုးစစ်ဆင်သွားမည် ဖြစ်ကြောင်း နှင့် ညီနောင်မဟာမိတ် ၊ PDF များရှိသည့် နေရာတွင် နေထိုင်သော ပြည်သူများအနေဖြင့် ထွက်ခွာရန် စစ်ကောင်စီက ၎င်း၏ ဝါဒဖြန့်ချိသည့် သတင်းစာတွင် ကြေညာထားသည်။

ထိုကြောင့် စစ်ကောင်စီက ညီနောင်မဟာမိတ်များ အုပ်ချုပ်ရေး ယန္တရား မလည်ပတ်နိုင်အောင် အရပ်သားရှိသည့် နေရာများကို ဆက်တိုက်ဗုံးကြဲမှုဖြစ်နေမည်ဖြစ်ကြောင်း သျှမ်းနိုင်ငံရေး သုတေသီစိုင်းဝမ်းစိုင်က ထောက်ပြ ပြောဆိုလိုက်သည်။

“ပြည်သူလူထုနဲ့ အဆောက်အအုံတွေကို ပစ်မှတ်ထားဗုံးကြဲတာဟာ ရုရှားက ယူကရိန်းကို လူနေရပ်ကွက်တွေကို ဗုံးကြဲသလိုပါပဲ။ ဒါဟာ ဖိအားပေးမှု တစ်ခုလိုမြင်ရမှာပါ။ တစ်နည်းအားဖြင့် မဟာမိတ်တွေ လုံးဝအုပ်ချုပ်လို့မရအောင် အုပ်ချုပ်ရေး ယန္တာရားမလည်ပတ်နိုင်အောင်လုပ်တာပါ။ စစ်ဘီလူးတွေရဲ့ လုပ်ထုံးအတိုင်းတိုင်းသူပြည်သားတွေကို ညာသာထောက်ထားမှုဆိုတာမရှိပါဘူး”ဟု စိုင်းဝမ်းစိုင်က ဆိုပြန်သည်။

‌သို့သော် ပြည်သူများသည် စစ်ဘေးထွက်ပြေးတိမ်းရှောင်ရန်အတွက် နေရာမရှိသကဲ့သို့ အလုပ်အကိုင်မရှိသောကြောင့် အန္တရာယ်ကြားထဲ အသက်ကို ရင်းပြီးနေထိုင်ကြရကြောင်း လားရှိုးမြို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“ ထွက်ပြေးဖို့အတွက်ကလည်း ပိုက်ဆံမရှိဘူး။ အလုပ်မရှိတော့ ပိုက်ဆံမရှိဘူး။ ပြီးတော့ ဘယ်နားကို ထွက်ပြေးရမလဲဆိုတာမသိဘူး။ ထွက်ပြေးမယ်ဆိုရင်လည်း ပိုက်ဆံလိုတယ်။ ဒါကြောင့် ဒီတိုင်းပဲနေလိုက်တော့တယ်။ လေယာဉ်သံကြားရင်လည်း အိမ်သာထဲပြေးပုန်းနေလိုက်တယ်” ဟု ဒေသခံအမျိုးသမီးက ပြောသည်။

ညီနောင်မဟာမိတ်ထိန်းချုပ်ထားနိုင်သည့်ဒေသတွင်း နေထိုင်နေသည့် ပြည်သူများသည် စစ်ဘေးအပြင် အငတ်ဘေးပါ ရင်ဆိုင်လာနိုင်ကြောင်း ဒေသခံအချို့က စိုးရိမ်နေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မြန်မာတဝှမ်း ရေဘေးသင့်ကြုံတွေ့ချိန် စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၄ ဦးသေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း မဘိမ်းမြို့နယ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေချိန် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိကာ နေအိမ် ၂၀ ခန့် ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ယမန်နေ့ (သြဂုတ် ၁၂)ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ မဘိမ်းမြို့နယ်တွင် ဇူလိုင်လ နောက်ဆုံးပတ်မှစတင်၍ တရုတ်နိုင်ငံဘက်ရှိ ရွှေလီမြစ်အထက်ပိုင်းမှ ဆည်ရေများ လွှတ်ချမှုနှင့် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရွှေလီမြစ်နှင့် နမ့်ပေါ်ချောင်းရေများ မြင့်တက်လာကာ ကျေးရွာအချို့နှင့် မြို့ပေါ်ရပ်ကွက်အချို့တွင် ရေလွှမ်းမိုးမှုများဖြစ်ပွားနေကြောင်း သိရသည်။ ထိုသို့ ရေဘေးကြုံနေရချိန်တွင် ဇူလိုင်လ ၂၈ ရက် မှ ဩဂုတ်လ ၈ ရက်အထိ စစ်ကောင်စီတပ်က မဘိမ်းမြို့နယ်အတွင်း လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ရေဘေးကြုံနေရသည့်အချိန်တွင် အရပ်သားများကို လေကြောင်းမှ တိုက်ခိုက်ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်သည့်အပြင် လူသားမဆန်သည့် လုပ်ရပ်ဖြစ်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “တစ်ဖက်က ပြည်သူတွေ ရေဘေးသင့်နေချိန် အချင်းချင်းကူညီရမယ့်အချိန်မှာ အခုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာက လူ့အခွင့်အရေးကို ချိုးဖောက်သလို တော်တော်ကို လူမဆန်တဲ့ လုပ်ရပ်တွေကို လုပ်ခဲ့တာပါ။ခုထိလည်း စစ်ရေးအခြေနေတွေက တင်းမာနေပါတယ်” ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။ (ဇူလိုင်လ ၂၈ ရက်) မနက် ၁၁ နာရီခန့်တွင် စစ်ကောင်စီတပ်က Y-12 လေယာဉ်ဖြင့် မဘိမ်းမြို့ ရပ်ကွက် (၂) နှင့် (၃) ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာအရပ်သား ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိကာ နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးခဲ့သည်။ (ဇူလိုင်လ ၃၀ ရက်)တွင် မဘိမ်းမြို့နယ် ဘဟဲကျေးရွာနှင့် ရပ်ကွက် (၃) ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၄ ဦး ဒဏ်ရာရရှိပြီးနေအိမ် ၅ လုံးခန့် ပျက်စီးခဲ့ကြောင်း သိရသည်။ ထို့အပြင် (ဩဂုတ်လ ၃ ရက်) ည ၁၁ နာရီခန့်တွင် မဘိမ်းမြို့ ရပ်ကွက် (၂) ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ဦး သေဆုံးပြီးနေအိမ် ၃ လုံးထက်မနည်း ပျက်စီးခဲ့ကြောင်း သိရသည်။ (ဩဂုတ်လ ၆ ရက်) ည ၁၁ နာရီခန့်တွင်လည်း မဘိမ်းမြို့ ရပ်ကွက် (၃) ရှိ မဘိမ်းဆေးရုံကြီးကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးရုံအဆောက်အအုံ ၃ လုံး ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ထုတ်ပြန်ထားသည်။ လက်ရှိတွင် မဘိမ်းမြို့နယ်နှင့် မိုးမိတ်မြို့နယ်တို့၌ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာမှုဆက်လက်ရှိနေကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက် မှ စတင်ပြီး မိုးမိတ်မြို့အနီးတွင် KIA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပြီးဩဂုတ်လ ၁၂ ရက်အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

နောင်ချို-မန္တလေးလမ်းတွင် ဂိတ်ကြေး ကျပ်သိန်း (၁,၀၀၀) ကျော်အထိ ပေးဆောင်ရ

0
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့မှ မန္တလေးသို့ သွားသည့် လမ်းတလျှောက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်များတွင် ဂိတ်ကြေးနှင့် လမ်းရှင်းခ တောင်ခံမှုသည် အဆမတန် မြင့်မားနေကြောင်း ကုန်သည်များနှင့် ယာဉ်မောင်းများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလမှစတင်ကာ စစ်ကော်မရှင်၏ "ရက် ၁၀၀ စီမံချက်" ဖြင့် ကုန်သွယ်ရေးလမ်းကြောင်းများကို တင်းကျပ်လိုက်ပြီးနောက် နယ်စပ်မှဝင်လာသည့်...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...