နမ့်ခမ်းမြို့
နမ့်ခမ်းမြို့ကို စစ်တပ်မှလေယာဉ်ဖြင့် လာရောက်ဗုံးကြဲမည်ကိုစိုးရိမ်၍ စစ်ဘေးရှောင်များ နေရပ်မပြန်ရဲ
သျှမ်းပြည် နမ့်ခမ်းမြို့ကို စစ်ကောင်စီတပ်မှလေယာဉ်ဖြင့် လာရောက်ဗုံးကြဲချမည်ကိုစိုးရိမ်၍ စစ်ဘေးရှောင်များက နေရပ်မပြန်ရဲကြသေးကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း နမ့်ခမ်းမြို့ရှိ စစ်ကောင်စီ၏ စခန်းသစ်ကုန်းကို တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA မှ သိမ်းပိုက်ထားနိုင်ပြီးသကဲ့သို့ မြို့ကိုလည်း အလုံစုံ ထိန်းချုပ်ထားနိုင်ပြီဟု ကြေညာထားပြီးနောက် အဆိုပါမြို့တွင်းတိုက်ပွဲမှာ...
မူဆယ်-နမ့်ခမ်း- လားရှိုး သို့သွားသောလမ်း TNLA ဆက်ကြေးတိုးကောက်
မူဆယ်-နမ့်ခမ်း- လားရှိုးမြို့သို့ သွားသည့်လမ်းပိုင်းတွင် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)က ကားသမားများထံ ဆက်ကြေးကောက်ခံ နေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် မူဆယ်မြို့ မှ လားရှိုးမြို့သို့သွားသောလမ်းတကြောရှိ မန်တုံ နှင့် နမ္မတူလမ်းကြားတွင် TNLA တပ်သားများ က ကားဆရာများ၊ ကုန်ကားများထံ...
နမ့်ခမ်းမြို့ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခံရသည့်အတွက် ထိခိုက်သေဆုံးသူ နှင့် ဒဏ်ရာရသူ (၃၀) ခန့်ရှိ
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင်း ၂ ပတ်ဆက်တိုက် စစ်ကောင်စီမှ လေကြောင်း နှင့် ဗုံးကြဲတိုက်ခိုက်သည့်အတွက်ကြောင့် ပြည်သူ ၈ ဦး သေဆုံးခဲ့ရပြီး ဘုန်းကြီးကျောင်းအပါအဝင် နေအိမ် ၄၀ ခန့် ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ (၁) ရက်မှ (၁၂) ထိ နမ့်ခမ်းမြို့တွင်း စစ်ကောင်စီမှ...
နမ့်ခမ်းမြို့ပေါ် စစ်ကောင်စီတပ် လေယာဉ် ၆ စီးဖြင့် အင်အားဖြည့် ဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၁ ဦး ထိမှန်သေဆုံး
သျှမ်းပြည် နမ့်ခမ်းမြို့တွင် စစ်ကောင်စီတပ်က အင်အားအများအပြား ဖြည့်တင်းလျက်ရှိကာ လေယာဉ် ၆ စီးဖြင့် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၁ ရက်) ညအချိန်မှစ၍ နမ့်ခမ်းမြို့ရှိ စစ်ကောင်စီတပ် စခန်းသစ်ကုန်းကို တအာင်း(ပလောင်)တပ်ဖွဲ့ TNLA...
နမ့်ခမ်း စစ်ကောင်စီလေကြောင်းဗုံးကြဲ ကလေး ၂ ဦး အပါအဝင် ၅ ဦး ထိမှန်သေဆုံး
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲမှုကြောင့် ကလေး ၂ ဦး အပါအဝင်အရပ်သား ၅ ဦးထိမှန်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၇ ရက်) နံနက် ၁ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်မှ လေကြောင်းအသုံးပြု၍ နမ့်ခမ်းမြို့နယ် ကောင်းကတ်ကျေးရွာအုပ်စု၊ ဟိုနားကျေးရွာသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေး...
နမ့်ခမ်းမြို့နယ်ရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းကို SSPP/SSA ဖမ်းဆီးတရုတ်အစိုးရထံ လွှဲအပ်
SHAN -
သျှမ်းပြည် မြန်မာ-တရုတ်နယ်စပ် နမ့်ခမ်းမြို့နယ် အတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ထိန်းချုပ်နယ်မြေတွင် ငွေလိမ်လည်ဂိုဏ်းတစ်ခုကို ဖမ်းဆီးခဲ့ပြီး တရုတ်အစိုးရထံ လွှဲပြောင်းခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၂၃ရက်တွင် SSPP/SSA ထိန်းချုပ်သည့် နယ်မြေအတွင်း အဆောက်အဦးတစ်ခု၌ ကျားဖြန့် လုပ်ကိုင်သည့် ဂိုဏ်တစ်ခုတွင် တရုတ်နိုင်ငံသား (၈၈)ဦးနှင့်...
နမ့်ခမ်းမြို့ အသက် ၁၇နှစ်အရွယ် မိန်းကလေး ဗုံးထိ သေဆုံး
SHAN -
သျှမ်းပြည် နမ့်ခမ်းမြို့အတွင်း ယနေ့ (နိုဝင်ဘာ ၂၆)ရက် နံနက်ပိုင်းတွင် စစ်ကောင်စီ မှ ဂျက်လေယာဥ်ဖြင့် ဗုံးကြဲမှုကြောင့် အသက် (၁၇)နှစ်အရွယ်ရှိ မိန်းကလေး၏ ခန္ဓာကိုယ် တစ်ပိုင်းတစ်စ ဖြစ်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ နမ့်ခမ်းမြို့ စစ်ကောင်စီမှ ဂျက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် မန်နားရပ်ကွက်တွင် နေထိုင်သည့် နေအိမ်ပေါ်ကျကာ အသက်...
“ပြည်သူလူထုတွေ ဘယ်သူမဆို ဒီလို တိုက်ပွဲတွေ မလိုလားဘူး။ မြန်မြန် အေးချမ်းချင်တယ်။ အိမ်လည်း ပြန်ချင်နေပါပြီ”
SHAN -
သျှမ်းပြည် နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်ရဲ့ စခန်းသစ်ကုန်း ကို သိမ်းပိုက်နိုင်ဖို့အတွက် နိုဝင်ဘာ (၃) ရက်နေ့ကစတင်ပြီး တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA ) နဲ့ စစ်ကောင်စီ တို့ နေ့စဥ်ဆက်တိုက် တိုက်ပွဲ ဖြစ်ပွားနေပါတယ်။ ဒီထိုးစစ်ဆင်မှုဟာ ၃ ပတ်ကြာလာပြီး TNLA...
နမ့်ခမ်းမြို့ကို TNLA မှ ထိန်းချုပ်နိုင်ပြီဟု ကြေညာပြီးနောက် လက်နက်ကြီး ပစ်ခတ်သံများကြောင့် နေအိမ် (၁၀)လုံးထက်မနည်း မီးလောင်ပျက်စီး
သျှမ်းမြောက် နမ့်ခမ်းမြို့ကို ညီနောင်မဟာမိတ် (၃) ဖွဲ့ နှင့် ပူးပေါင်းတပ်ဖွဲ့တို့ သိမ်းပိုက်နိုင်ပြီး TNLA အုပ်ချုပ်မှုအောက်မှာ ပုံမှန်လည်ပတ်နိုင်ပြီးဟု ကြေညာပြီးနောက် ယနေ့ (နိုဝင်ဘာ ၁၀) ရက် ညတွင် လက်နက်ကြီး ပစ်ခတ်သံများ ကြားနေရပြီး နေအိမ်(၁၀) လုံးခန့် မီးလောင် ပျက်စီးနေကြောင်း...
မူဆယ်မြို့ စစ်ဘေးရှောင် ၁၀၀ ကျော် ရောက်ရှိနေ
SHAN -
မြန်မာ-တရုတ်နယ်စပ်ဒေသ မူဆယ်မြို့တွင် တိုက်ပွဲကြောင့်ထွက်ပြေးတိမ်းရှောင်ရသူ စစ်ဘေးရှောင် ၁၀၀ ကျော် ရောက်ရှိနေကြောင်း သတင်းသိရှိရသည်။ နမ့်ခမ်းမြို့တွင်း တိုက်ပွဲကြောင့် နေရပ်စွန့်ပြီးထွက်ပြေးတိမ်းရှောင်လာကြသည့် စစ်ဘေးရှောင်များသည် လက်ရှိမှာ မူဆယ်မြို့ရှိ မြို့လယ် ဝေဠုဝန်ကျောင်း နှင့် ခရစ်ယာန်ဘုရားကျောင်းတွင် လာရောက် ခိုလှုံနေရသည်ဟု စစ်ရှောင်ကူညီသူဒေသခံတစ်ဦးက ပြောသည်။ “ မနေ့ကစပြီး လာကြတာ။ ဒီနေ့လည်း...





