“ပြည်သူလူထုတွေ ဘယ်သူမဆို ဒီလို တိုက်ပွဲတွေ မလိုလားဘူး။ မြန်မြန် အေးချမ်းချင်တယ်။ အိမ်လည်း ပြန်ချင်နေပါပြီ”

သျှမ်းပြည် နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်ရဲ့ စခန်းသစ်ကုန်း ကို သိမ်းပိုက်နိုင်ဖို့အတွက် နိုဝင်ဘာ (၃) ရက်နေ့ကစတင်ပြီး တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA ) နဲ့ စစ်ကောင်စီ တို့ နေ့စဥ်ဆက်တိုက် တိုက်ပွဲ ဖြစ်ပွားနေပါတယ်။ ဒီထိုးစစ်ဆင်မှုဟာ ၃ ပတ်ကြာလာပြီး TNLA ဘက်မှ မြေပြင်ထိုးစစ်ဆင်မှု ပြုလုပ်သလို ဒရုန်း နဲ့ ပစ်ခတ်တာတွေ လုပ်နေပါတယ်။ တဖက် က စစ်ကောင်စီဘက်လည်း လေကြောင်းလိုင်းနဲ့ ဗုံးကြဲ တိုက်ခိုက်တာတွေလည်း ရှိနေပါတယ်။

အဲ့ဒီလို တိုက်ပွဲပြင်းထန်နေတဲ့အတွက် စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲခြင်းဟာ နမ့်ခမ်းမြို့ရှိ အရပ်သား နေအိမ်တွေမှာ လက်နက်ကြီး ထိမှန်ပြီး ဒေသခံ ပြည်သူ အချို့လည်း စစ်ဘေးတိမ်းရှောင်နေရပါတယ်။

လက်နက်ကြီးကျည်ထိမှန်သည့် အဆောက်အဦး

စစ်ကောင်စီ လေကြောင်းလိုင်းမှ ဗုံးကြဲတဲ့အတွက် နမ့်ခမ်းဒေသခံ တစ်ဦးရဲ့ နေအိမ်တစ်လုံးနဲ့ ကားဝပ်ရှော့ကို ထိမှန်ခဲ့ပါတယ်။ လက်ရှိမှာတော့ အဲ့ဒီပိုင်ရှင်က မူဆယ်မြို့ပေါ်ရှိ စစ်ရှောင်စခန်းတစ်ခုမှာ စစ်ဘေးတိမ်းရှောင်နေတဲ့ အသက် (၄၀) ဝန်းကျင် အမျိုးသားတစ်ဦးကို သျှမ်းသံတော်ဆင့် မှ တွေ့ဆုံမေးမြန်းထားပါတယ်။

မေး။ ။ နိုဝင်ဘာ (၄) ရက်နေ့က နမ့်ခမ်းမြို့မှာ စစ်ကောင်စီက လေယာဥ်ဗုံးကြဲတာတွေ လုပ်ပြီး အိမ်တွေလဲ ထိခိုက်သွားတယ်လို့ သိရတယ်။ ဘယ်နေရာတွေ ထိသွားပါသလဲ။

ဖြေ။ ။ စကစ တွေ လေယာဥ်တွေနဲ့ ဗုံးလာကြဲတဲ့နေ့က ကျနော်တို့အိမ်မှာ သက်ကြီးပိုင်း တစ်ယောက် နဲ့ ကလေး တစ်ယောက် နဲ့ ကျနော်တို့ ဒီမူဆယ်ဘက်ကို စစ်ဘေးမရှောင်လာသေးဘူး။ ဒါပေမယ့် ဘယ်မှလဲ ထွက်ပြေးလို့လဲ မရဘူး။ အသက်ကြီးတဲ့သူ ရှိထားတော့ ထွက်ပြေးဖို့က ခက်ခဲတယ်။ ဗုံးလာကြဲတဲ့နေ့ က ညနေ ၃ နာရီခွဲလောက် လက်နက်ကြီးက ကျနော်တို့ အိမ်ရှေ့တည့်တည့်မှာ လာကျတယ်။ တော်သေးလို့ ကျနော်တို့ ၃ ယောက်လုံး မထိလို့ပေါ့။

မေး ။ ။ အဲ့လက်နက်ကြီးကျရောက်ပေါက်ကွဲတယ်ဆိုတော့ ဘယ်နေရာတွေမှာ ပေါက်ကွဲသွားလဲ။

ဖြေ။ ။ ကျနော်တို့ အိမ်ပေါ် မှာ ကျပေါက်ကွဲတယ်။ အိမ်လယ်ခေါင် တည့်တည့်မှာ ကျလာတယ်။ ကျနော်တို့ တံခါးတွေ အားလုံး ပျက်စီးကုန်တယ်။ မျက်နှာကြပ်တွေ ဘာတွေ အားလုံးပျက်စီးသွားတယ်။

မေး။ ။ နောက်ရက်တွေမှာလဲ လက်နက်ကြီး က ကားဝပ်ရှော့ဖွင့်ထားတဲ့ဆိုင်မှာ ကျပေါက်ကွဲတာတွေ ရှိတယ်။ ဘယ်နေရာတွေမှာ ပျက်စီးသွားပါသလဲ။

ဖြေ ။ ။ ဟုတ်ကဲ့ပါ။ နေ့တိုင်းနီးပါး လေယာဥ်နဲ့ပစ်တာ။ ဒရုန်းနဲ့ဗုံးချတာ။ အပြန်အလှန် လက်နက်ကြီးထုတာတွေရှိပါတယ်။ ကျနော်အိမ်ရှေ့ကို ကျပေါက်ပြီး နောက်ရပ်မှာပဲ အောင်ချမ်းသာ ရပ်ကွက်ထဲက ကျနော် ကား ဝပ်ရှော့ပ်မှာပေါက်တယ်။ အဲ့မှာက ကျနော်တို့ မနေဘူး။ ပစ္စည်းတွေပဲ ထားတာ။ အဲ့မှာက တိုက်ခန်းတွေဖြစ်တယ်။ အဲ့မှာ လက်နက်ကြီးကျတော့ ကျနော်တို့ဆိုင်လည်း ပျက်စီးသွားတယ်။

Photo – Credit ( မူဆယ်မြို့နယ်ရှိ စစ်ရှောင်များ)

မေး။ ။ အဲ့ဒီ ပျက်စီးဆုံးရှုံးမှု တန်ဖိုးက ခန့်မှန်းခြေ ဘယ်လောက်ရှိပါသလဲ။

ဖြေ။ ။ အားလုံးပေါင်းလိုက်ရင် အနည်းဆုံး သိန်း (၄၀) လောက်တော့ ရှိမယ်။

မေး ။ ။ လက်နက်ကြီးကျတဲ့နေ့က ထိခိုက်ဒဏ်ရာ ရရှိသူရှိပါသလား။

ဖြေ ။ ။ ထိခိုက်ဒဏ်ရာ ရရှိသူတော့ မရှိဘူး။ ဒါပေမယ့် ကျနော်တို့ ပတ်ဝန်းကျင်က ၅ အိမ် ၆ အိမ်လောက် ပျက်စီးကုန်တယ်။

Photo – HMS ပရဟိတ အသင်း (မူဆယ်မြို့ပေါ်သို့ စစ်ရှောင်ရောက်ရှိလာသည့် အမျိုးသမီး နှင့် ကလေးငယ်များ)

မေး ။ ။ စစ်ကောင်စီနဲ့ TNLA တွေ နမ့်ခမ်းမှာ တိုက်ပွဲစဖြစ်တော့ ဒေသခံတွေက ဘယ်ကို ထွက်ပြေး တိမ်းရှောင် သွားကြလဲ။

ဖြေ ။ ။ နောင်ခမ်းဘက်တွေ၊ မူဆယ်တွေဘက်မှာ ထွက်ပြေးတိမ်းရှောင်နေတယ်။

မေး။ ။ ဒီလို ထွက်ပြေးရတော့ ဘယ်လို အခက်အခဲတွေ ကြုံတွေ့ရပါသလဲ။

ဖြေ ။ ။ အားလုံး အခက်အခဲ ဖြစ်တာပေ့ါ။ နေထိုင် စားသောက်ရေးအပိုင်းတွေ လဲ အခက်အခဲ ဖြစ်ပါတယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ ဘာများ ဖြည့်စွက်ပြောချင်ပါသလဲ။

ဖြေ။ ။ ကျနော်ပြောချင်တာက တိုက်ပွဲတွေ ရပ်ပေးစေချင်ပါတယ်။ အခုဖြစ်နေတာကလည်း မြို့ပေါ် ပျက်စီးမှုတွေကလည်းများနေပြီ။ ပြည်သူတွေ အထိနာဆုံးပါပဲ။ ပြည်သူလူထုတွေက ဘယ်သူမဆို ဒီလို တိုက်ပွဲတွေ မလိုလားဘူး။ မြန်မြန် အေးချမ်းချင်တယ်။ အိမ်လည်း ပြန်ချင်နေပါပြီ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...