နမ့်ခမ်း မြို့မိမြို့ဖများနှင့် မြို့အုပ်ချုပ်ရေးကော်မတီကို TNLA ခေါင်းဆောင်များ သွားရောက်တွေ့ဆုံ

သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ခေါင်းဆောင်များက နမ့်ခမ်းမြို့ အုပ်ချုပ်ရေး ကော်မတီဝင်များနှင့် မြို့မိမြို့ဖများအား သွားရောက်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။

ဖေဖော်ဝါရီလ ၉ ရက် နံနက် ၁၀ နာရီခန့်တွင် နမ့်ခမ်းမြို့ ရပ်ကွက်(၃)၌ TNLA ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်နှင့်အဖွဲ့သည် နမ့်ခမ်းမြို့ အုပ်ချုပ်ရေးကော်မတီဝင်နှင့် မြို့မိမြို့ဖများအား သွားရောက်တွေ့ဆုံခဲ့ပြီး ကျန်းမာရေး၊ ပညာရေးနှင့် မြို့အုပ်ချုပ်ရေး ယန္တရားများ ပြန်လည်ပတ်နိုင်ရေးတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး ဒေသခံ ၂၀၀ ကျော် တက်ရောက်ကြောင်း TNLA တပ်ဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

“သူတို့ မူဝါဒတွေ ရှင်းပြတာပေါ့။ မြို့ထဲမှာ TNLA စောင့်တယ်လေ၊ သူတို့ရုံးထိုင်နေကြပြီ။ အိမ်ထောင်စုစာရင်းကို ရပ်ကွက်ရုံးမှာ သေသူဖျက်၊ မွေးသူ ပိုသူ ထည့်ပေးတာတော့ ရှိတယ်။ မူရင်းတော့ ပြရုံပဲ အိမ်ထောင်စုမှာတော့ နာမည်မဖျက်ဘူး၊ သူတို့စာရင်း စာအုပ်မှာ မှတ်ထားတာ”ဟု နမ့်ခမ်းမြို့မှ ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် ရပ်ဝေးမှ နမ့်ခမ်းမြို့ရှိ ဆွေမျိုးအိမ်သို့ လာရောက်တည်းခိုသူများလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ဧည့်စာရင်းတိုင်ကြားရန် လော်စပီကာဖြင့် ရပ်ကွက်အတွင်း လှည့်လည်ဆော်ဩခြင်းများလည်း ရှိကြောင်း နမ့်ခမ်းဒေသခံများထံမှ သိရသည်။

“နမ့်ခမ်းမှာ အိမ်ခြေရာမဲ့တွေ၊ ဘိန်းစားတွေကို ဖမ်းပြီး စည်ပင်သန့်ရှင်းရေးမှာ အလုပ်ခန့်တယ်။ စည်ပင်ကားတွေ အမှိုက်လာသိမ်းပြီဆို TNLA တွေလည်း သေနတ်နဲ့ လိုက်လာကြည့်တယ်။ ဟိုတလောကလည်း ကြက်ဝိုင်းကို ဝင်ဖမ်းပြီးတော့ ဆေးရုံတို့ လမ်းမကြီးတို့မှာ သန့်ရှင်းရေး လုပ်ခိုင်းတာ”ဟု နမ့်ခမ်းမြို့မှ ၎င်းဒေသခံအမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ့်ခမ်းမြို့နယ်တွင် တိုက်ပွဲပြင်းထန်စဉ်က ဘေးလွတ်ကင်းရာသို့ ထွက်ပြေးတိမ်းရှောင်သူများထဲတွင် အချို့မှာ နေရပ်ပြန်လာသလောက် ရှိကြသော်လည်း ရပ်ဝေးသို့ တိမ်းရှောင်သွားသူများမှာ နေရပ်မပြန်နိုင်သေးကြောင်း နမ့်ခမ်းဒေသခံများက ပြောသည်။

ညီနောင်မဟာမိတ်တပ်များဘက်ကလည်း ၎င်းတို့ သိမ်းပိုက်ထိန်းချုပ်ထားသည့် ဒေသများအတွင်း နယ်စပ်တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပျက်စီးသွားသည့် လမ်းတံတားများ ပြန်လည်ပြုပြင် တည်ဆောက်ရေးတို့ကို ဆောင်ရွက်နေကြောင်း ဖေဖော်ဝါရီလ ၈ ရက်တွင် ထုတ်ပြန်ထားသည်။

အလားတူ ဖေဖော်ဝါရီလ ၉ ရက်နေ့ကလည်း ကိုးကန့်ဒေသ တစ်ခုလုံး စစ်အာဏာရှင်စနစ်အောက် အလုံးစုံလွတ်မြောက်ရေး အောင်ပွဲအခမ်းအနားနှင့် တရုတ်နှစ်သစ်ကူးပွဲတော်သို့ ကိုးကန့်တပ်ဖွဲ့ MNDAA စစ်ဦးစီးချုပ် ဖုန်တာရွင်နှင့်အတူ တအာင်း(ပလောင်)တပ်ဖွဲ့ TNLA ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းနှင့် ရက္ခိုင့်တပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...