နမ့်ခမ်းမြို့ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခံရသည့်အတွက် ထိခိုက်သေဆုံးသူ နှင့် ဒဏ်ရာရသူ (၃၀) ခန့်ရှိ

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင်း ၂ ပတ်ဆက်တိုက် စစ်ကောင်စီမှ လေကြောင်း နှင့် ဗုံးကြဲတိုက်ခိုက်သည့်အတွက်ကြောင့် ပြည်သူ ၈ ဦး သေဆုံးခဲ့ရပြီး ဘုန်းကြီးကျောင်းအပါအဝင် နေအိမ် ၄၀ ခန့် ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ဒီဇင်ဘာ (၁) ရက်မှ (၁၂) ထိ နမ့်ခမ်းမြို့တွင်း စစ်ကောင်စီမှ လေကြောင်းဗုံးကြဲတိုက်ခိုက်သည့်အတွက် အမျိုးသား (၄) ဦး နှင့် အမျိုးသမီး (၄) ဦး သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာ ရရှိသူ (၁၆) ဦးရှိကြောင်း သိရှိရသည်။

Photo – Credit

ဒီဇင်ဘာ ၁ ရက်တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အတွက် ပညာရာမဘုန်းကြီးကျောင်းရှိ ကိုရင်တစ်ပါး ထိခိုက်ဒဏ်ရာ ရရှိခြင်း၊ ကောင်းနောင်မိုရပ်ကွက်၊ ဟိုကတ်၊ နောင်စန့် မှ ဒေသခံ ပြည်သူ (၃) ဦး လက်နက်ကြီး ထိမှန်သေဆုံးခြင်း၊ အောင်မင်္ဂလာ ရပ်ကွက် ဒေသခံ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ဒီဇင်ဘာ (၅) ရက်က စစ်ကောင်စီသည် နမ့်ဖတ်ကာတပ်စခန်းမှ နေပြီး လက်နက်ကြီးဖြင့် နမ့်ခမ်း စခန်းသစ် ဘက်သို့ လက်နက်ကြီး ပစ်ကူသည့်အတွက် လွိုင်အုံး (လွႆဢူၼ်ႈ)အတွင်း လက်နက်ကြီး ၂ လုံး ကျရောက်သည့်အတွက် အသက် (၅၀) အရွယ်ရှိ လုံးမောင်သန်း နှင့် လုံးဆမ်မွန်း တို့ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ဒီဇင်ဘာ (၆) ရက် ညသန်းခေါင်ယံအချိန်မှာ စစ်ကောင်စီသည် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အတွက် ကောင်းကတ်ကျေးရွာ နှင့် ဟိုနားကျေးရွာ မှ ဒေသခံ မိသားစု ၅ ဦး လက်နက်ကြီး ထိမှန်သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

Photo – Credit

ဒီဇင်ဘာ (၁၁) ရက်မှာ စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အတွက် အောင်မင်္ဂလာ ရပ်ကွက် နှင့် ပေါက်နေရပ်ကွက် မှ ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ဒီဇင်ဘာ (၁၂) ရက်မှာ လေကြောင်းဖြင့် ဗုံးကြဲသည့်အတွက် ကောင်းဆာကျေးရွာ မှ ဒေသခံ ၃ ဦး လက်နက်ကြီး ထိမှန်ပြီး ၁ ဦး သေဆုံးခဲ့သည်။

Photo – Credit

အလားတူ ဒီဇင်ဘာ (၁၃) ရက်မှာလည်း နမ့်ခမ်းမြို့ မိုခမ်းရပ်ကွက်ရှိ စစ်ရှောင် (၃၀၀) ကျော် ရှိထားသည့် ဇေယျသုခဘုန်းကြီးကျောင်းတွင်းသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ဘုန်းကြီးကျောင်း ထိမှန်ပျက်စီးသွားခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူ မရှိကြောင်း စုံစမ်းသိရှိရသည်။

လက်နက်ကြီးကြောင့် လွိုင်အုံးကျေးရွာမှာ နေအိမ် (၉) လုံး၊ ပန်လော့ကျေးရွာမှ နေအိမ် (၇) လုံး၊ မန့်လုံ နေအိမ် မှ (၄) လုံး၊ နမ့်ဆီးလီး မှ နေအိမ် (၃) လုံး၊ ပန်စမ်မှ နေအိမ် (၃) လုံး၊ နောင်စန့်မှ နေအိမ် (၅) လုံး နှင့် ပေါက်နေမှ နေအိမ် (၁၀) လုံး တို့သည် လေကြောင်းလိုင်း တိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ကြောင်း TNLA ၏ သတင်းပြန်ကြားရေး မှ ထုတ်ပြန်ထားသည်။

၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ နှင့် TNLA တို့ နမ့်ခမ်းမြို့အတွင်း တိုက်ပွဲဖြစ်ပွားကာ လက်ရှိချိန်ထိ ဒေသခံ ပြည်သူ နေအိမ် (၂၀၀) ကျော် ပျက်စီးဆုံးရှုံးခဲ့ရပြီဖြစ်ကြောင်း နမ့်ခမ်းဒေသခံများထံမှ စုံစမ်းသိရှိရသည်။

စစ်ကောင်စီ နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားချိန်မှ စပြီး လက်ရှိချိန်ထိ စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အကြိမ် (၂၅၀) ကြိမ်ရှိပြီး ၂ ဖက်တပ်ဖွဲ့ သေဆုံးမှုများလည်း ရှိနေကြောင်း TNLA က ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

နမ့်ခမ်းမြို့ထဲ ပြန်လည်ဝင်ရောက်ရန် Non-CDM များကို စစ်အစိုးရ အသင့်ပြင်ခိုင်းထားဟုဆို

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်ရှိ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများတွင် တာဝန်ပြန်လည် ထမ်းဆောင်နိုင်ရန် မူဆယ်မြို့ဘက်ရှိ Non-CDM ဝန်ထမ်းများကို အသိပေး ပြင်ဆင်ခိုင်းနေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ထဲသို့ ပြန်လည်ဝင်ရောက်၍ အုပ်ချုပ်ရေးယန္တရား လည်ပတ်ရန် စစ်ကော်မရှင် အသွင်ပြောင်း စစ်အစိုးရမှ မူဆယ်နှင့်...