နမ့်ခမ်း စစ်ကောင်စီလေကြောင်းဗုံးကြဲ ကလေး ၂ ဦး အပါအဝင် ၅ ဦး ထိမှန်သေဆုံး

သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲမှုကြောင့် ကလေး ၂ ဦး အပါအဝင်အရပ်သား ၅ ဦးထိမှန်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

နမ့်ခမ်းလေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား ၅ဦးသေဆုံး

ယနေ့ (ဒီဇင်ဘာလ ၇ ရက်) နံနက် ၁ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်မှ လေကြောင်းအသုံးပြု၍ နမ့်ခမ်းမြို့နယ် ကောင်းကတ်ကျေးရွာအုပ်စု၊ ဟိုနားကျေးရွာသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေး ၂ ဦးအပါအဝင် ၅ ဦးသေဆုံးခဲ့ကြောင်း နမ့်ခမ်းမြို့နယ် ဒေသခံများက ပြောသည်။

“မနက် ၁ နာရီလောက်ထင်တယ်၊ တောင်ပေါ် ဟိုနားရွာက တစ်အိမ်ထဲနေတဲ့ ကလေး ၂ ယောက်နဲ့ လူကြီး ၃ ယောက်ဆုံးသွားတယ်လို့ ပြောတယ်။ လူသေဆုံးတာက လက်နက်ကြီးကြောင့်လား လေယာဉ်ပေါ်ကကြဲချတဲ့ ဗုံးကြောင့်လား သေချာမသိရသေးဘူး။ နမ့်ခမ်းမြို့တောင်ဘက်က တောင်ကြောတွေပေါ်ကို စစ်ကောင်စီတပ်က အခုရက်ပိုင်းမှာ တိုက်လေယာဉ်နဲ့ ခပ်စိပ်စိပ် ဗုံးလာကြဲနေတယ်”ဟု နမ့်ခမ်းမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် နမ့်ခမ်းမြို့နယ် မန်ကတ်၊ ပန်လော်ကျေးရွာများတွင်လည်း ညသန်းခေါင်တွင် လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် ပြည်သူနေအိမ် ၁၀ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း နမ့်ခမ်းမြို့မှ ၎င်းဒေသခံက ဆက်ပြောသည်။

အလားတူ ဒီဇင်ဘာလ ၁ ရက် ည ၉ နာရီကျော်တွင် စစ်ကောင်စီမှ ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် နမ့်ခမ်းမြို့နယ် နောင်စန့်၊ ဟိုကတ်၊ ကောင်းနောင်မိုရပ်ကွက်တို့တွင် ကျရောက်ပေါက်ကွဲခဲ့ကာ အမျိုးသား ၁ ဦးထိခိုက်သေဆုံးပြီး အရပ်သား ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နမ့်ခမ်းမြို့ဒေသခံများထံမှ သိရသည်။

နမ့်ခမ်းမြို့နယ်အခြေစိုက် စစ်ကောင်စီတပ် စခန်းသစ်ကုန်းကို သိမ်းပိုက်နိုင်ရန် TNLA တပ်ဖွဲ့မှ ထပ်မံထိုးစစ်ဆင်လျက်ရှိရာ ယမန်နေ့ (ဒီဇင်ဘာလ ၆ ရက်)တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောင်ခံ မန်တပ်နှင့် နမ့်ဖတ်ကာ တပ်စခန်းတို့မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး ဂျက်ဖိုက်တာဖြင့် ၂၁ ကြိမ် လာရောက်ပစ်ကူခဲ့ကြောင်း TNLA တပ်ဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးဌာနမှ သတင်းထုတ်ပြန်ထားသည်။

“ဒီမနက် ၄ နာရီလောက်တုန်းက စစ်ကောင်စီတပ်က လေယာဉ်နဲ့တစ်ခါ ဗုံးထပ်လာကြဲတယ်။ ဒီနေ့တော့ မိုးရွာနေတယ်။ မနေ့တုန်းကလဲ လေယာဉ်နဲ့ တစ်နေကုန် ဗုံးလာကြဲတယ်၊ လက်နက်ကြီးနဲ့လဲ တစ်နေကုန်ပစ်တယ်။ ဖုန်းလိုင်းလဲ ပြတ်နေတော့ အဲ့ဘက်ရွာကို ဆက်သွယ်လို့မရသေးဘူးဖြစ်နေတာ။ ဖုန်းလိုင်းကလဲ ရတချက် မရတချက် အဲ့လိုဖြစ်နေတယ်”ဟု နမ့်ခမ်းမြို့နယ်မှ ၎င်း‌ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

စစ်ကောင်စီတပ်သည် “၁၀၂၇ စစ်ဆင်ရေး”အတွင်း တပ်စခန်း ၂၀၀ ကျော် လက်လွှတ်ဆုံးရှုံးထားရခြင်းကြောင့် ညအချိန်များတွင် ပြည်သူနေထိုင်ရာ ကျေးရွာများသို့ လေကြောင်းအားကိုးဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာနေသည်။

ထို့အပြင် အရပ်ဘက် အဆောက်အဦများမှနေ၍ ရန်သူမှ ပစ်ခတ်တိုက်ခိုက်လာပါက စစ်ဘက်ဆိုင်ရာ အဆောက်အဦအဖြစ် သတ်မှတ်ပြီး ပြန်လည်တိုက်ခိုက်သွားမည်ဟု စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီဇင်ဘာလ ၂ ရက်တွင် ပြောကြားထားသည်။

“၁၀၂၇ စစ်ဆင်ရေး” တစ်လကျော်ကာလအတွင်း နမ့်ခမ်းမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသမီး ၄ ဦးနှင့် ကလေး ၅ ဦးအပါအဝင် စုစုပေါင်း ၁၅ ဦး သေဆုံးပြီး ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နမ့်ခမ်းမြို့ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

KIA ထိန်းချုပ် မဘိမ်းမြို့နယ်ထဲ စစ်တပ်လေကြောင်းဗုံးကြဲ

0
သျှမ်းပြည်မြောက်ပိုင်း မဘိမ်းမြို့ပေါ်နှင့် ဘဟဲကျေးရွာတို့ကို စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် လူထိခိုက်မှုရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၀ ရက်) ညနေ ၃ နာရီခွဲကျော်တွင် ကချင်လွတ်လပ်ရေးတပ် KIA ထိန်းချုပ်ထားသည့် မဘိမ်းမြို့ပေါ် ရဲစခန်း နေရာဟောင်းနှင့် ဘဟဲကျေးရွာတို့ကို စစ်တပ်က လေကြောင်းမှ Yak-130...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နန်းမယ်ခုံမြို့နယ်ကို စစ်တပ်က ထပ်မံ လေကြောင်းဗုံးကြဲ

0
ကရင်နီပြည် နန်းမယ်ခုံမြို့နယ်ကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၂၉ ရက်) နေ့လည် ၁ နာရီဝန်ကျင်တွင် နန်းမယ်ခုံမြို့နယ်ကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နေအိမ်အချို့ ထိခိုက်ပျက်စီး ခဲ့ကြောင်း မြေပြင်တွင် စစ်ဘေးရှောင်ကူညီနေသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဒီနေ့ နေ့လည်က ဗုံးကြဲသွားတာ ဟုတ်ပါတယ်။နန်းမယ်ခုံ တဝိုက်ကိုပဲ ကြဲသွားတာပါ။ လူအထိခိုက်တော့ မရှိဘူးဗျ။အိမ် နှစ်လုံးပေါ်ကျတာ။”ဟု မြေပြင်တွင် စစ်ဘေးရှောင်ကူညီနေသူ အမျိုးသားတစ်ဦးက ပြောသည်။  ပြီးခဲ့သည့် ဇွန်လ (၂၄) ရက်တွင်လည်း နန်းမယ်ခုံမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် (၂) ဦး သေဆုံးခဲ့သည်။ ယမန်နေ့ (ဇွန်လ ၂၈ ရက်) တွင်လည်း မိုးဗြဲအနီးရှိ စစ်ကော်မရှင်တပ် စခန်းတစ်ခုကို တော်လှန်ရေး တပ်ပေါင်းစုများကဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်မှုထမ်း စစ်သား (၁) ဦးသေဆုံးခဲ့ပြီး စစ်သုံ့ပန်း (၂) ဦး နှင့် အတူ လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာ အနီးကို စစ်တပ်က လေကြောင်းဗုံးကြဲ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာ အနီးကို စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ ( ဇွန်လ ၁၈ ရက်) ည ၆ နာရီခွဲကျော်တွင် မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာကို စစ်ကောင်မရှင်တပ်က ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြေပြင်တွင်လှုပ်ရှားနေသည့် သတင်းအရင်းမြစ်တစ်ဦးက သျှမ်းသံတောဆင့်ကို ပြောသည်။ “ကျနော်...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...