Wednesday, January 28, 2026

နမ့်ခမ်း စစ်ကောင်စီလေကြောင်းဗုံးကြဲ ကလေး ၂ ဦး အပါအဝင် ၅ ဦး ထိမှန်သေဆုံး

သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲမှုကြောင့် ကလေး ၂ ဦး အပါအဝင်အရပ်သား ၅ ဦးထိမှန်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

နမ့်ခမ်းလေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား ၅ဦးသေဆုံး

ယနေ့ (ဒီဇင်ဘာလ ၇ ရက်) နံနက် ၁ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်မှ လေကြောင်းအသုံးပြု၍ နမ့်ခမ်းမြို့နယ် ကောင်းကတ်ကျေးရွာအုပ်စု၊ ဟိုနားကျေးရွာသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေး ၂ ဦးအပါအဝင် ၅ ဦးသေဆုံးခဲ့ကြောင်း နမ့်ခမ်းမြို့နယ် ဒေသခံများက ပြောသည်။

“မနက် ၁ နာရီလောက်ထင်တယ်၊ တောင်ပေါ် ဟိုနားရွာက တစ်အိမ်ထဲနေတဲ့ ကလေး ၂ ယောက်နဲ့ လူကြီး ၃ ယောက်ဆုံးသွားတယ်လို့ ပြောတယ်။ လူသေဆုံးတာက လက်နက်ကြီးကြောင့်လား လေယာဉ်ပေါ်ကကြဲချတဲ့ ဗုံးကြောင့်လား သေချာမသိရသေးဘူး။ နမ့်ခမ်းမြို့တောင်ဘက်က တောင်ကြောတွေပေါ်ကို စစ်ကောင်စီတပ်က အခုရက်ပိုင်းမှာ တိုက်လေယာဉ်နဲ့ ခပ်စိပ်စိပ် ဗုံးလာကြဲနေတယ်”ဟု နမ့်ခမ်းမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် နမ့်ခမ်းမြို့နယ် မန်ကတ်၊ ပန်လော်ကျေးရွာများတွင်လည်း ညသန်းခေါင်တွင် လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် ပြည်သူနေအိမ် ၁၀ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း နမ့်ခမ်းမြို့မှ ၎င်းဒေသခံက ဆက်ပြောသည်။

အလားတူ ဒီဇင်ဘာလ ၁ ရက် ည ၉ နာရီကျော်တွင် စစ်ကောင်စီမှ ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် နမ့်ခမ်းမြို့နယ် နောင်စန့်၊ ဟိုကတ်၊ ကောင်းနောင်မိုရပ်ကွက်တို့တွင် ကျရောက်ပေါက်ကွဲခဲ့ကာ အမျိုးသား ၁ ဦးထိခိုက်သေဆုံးပြီး အရပ်သား ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နမ့်ခမ်းမြို့ဒေသခံများထံမှ သိရသည်။

နမ့်ခမ်းမြို့နယ်အခြေစိုက် စစ်ကောင်စီတပ် စခန်းသစ်ကုန်းကို သိမ်းပိုက်နိုင်ရန် TNLA တပ်ဖွဲ့မှ ထပ်မံထိုးစစ်ဆင်လျက်ရှိရာ ယမန်နေ့ (ဒီဇင်ဘာလ ၆ ရက်)တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောင်ခံ မန်တပ်နှင့် နမ့်ဖတ်ကာ တပ်စခန်းတို့မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး ဂျက်ဖိုက်တာဖြင့် ၂၁ ကြိမ် လာရောက်ပစ်ကူခဲ့ကြောင်း TNLA တပ်ဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးဌာနမှ သတင်းထုတ်ပြန်ထားသည်။

“ဒီမနက် ၄ နာရီလောက်တုန်းက စစ်ကောင်စီတပ်က လေယာဉ်နဲ့တစ်ခါ ဗုံးထပ်လာကြဲတယ်။ ဒီနေ့တော့ မိုးရွာနေတယ်။ မနေ့တုန်းကလဲ လေယာဉ်နဲ့ တစ်နေကုန် ဗုံးလာကြဲတယ်၊ လက်နက်ကြီးနဲ့လဲ တစ်နေကုန်ပစ်တယ်။ ဖုန်းလိုင်းလဲ ပြတ်နေတော့ အဲ့ဘက်ရွာကို ဆက်သွယ်လို့မရသေးဘူးဖြစ်နေတာ။ ဖုန်းလိုင်းကလဲ ရတချက် မရတချက် အဲ့လိုဖြစ်နေတယ်”ဟု နမ့်ခမ်းမြို့နယ်မှ ၎င်း‌ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

စစ်ကောင်စီတပ်သည် “၁၀၂၇ စစ်ဆင်ရေး”အတွင်း တပ်စခန်း ၂၀၀ ကျော် လက်လွှတ်ဆုံးရှုံးထားရခြင်းကြောင့် ညအချိန်များတွင် ပြည်သူနေထိုင်ရာ ကျေးရွာများသို့ လေကြောင်းအားကိုးဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာနေသည်။

ထို့အပြင် အရပ်ဘက် အဆောက်အဦများမှနေ၍ ရန်သူမှ ပစ်ခတ်တိုက်ခိုက်လာပါက စစ်ဘက်ဆိုင်ရာ အဆောက်အဦအဖြစ် သတ်မှတ်ပြီး ပြန်လည်တိုက်ခိုက်သွားမည်ဟု စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီဇင်ဘာလ ၂ ရက်တွင် ပြောကြားထားသည်။

“၁၀၂၇ စစ်ဆင်ရေး” တစ်လကျော်ကာလအတွင်း နမ့်ခမ်းမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသမီး ၄ ဦးနှင့် ကလေး ၅ ဦးအပါအဝင် စုစုပေါင်း ၁၅ ဦး သေဆုံးပြီး ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နမ့်ခမ်းမြို့ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

သီပေါ-မိုင်းရယ်ကြား လေကြောင်းဗုံးကြဲမှုကြောင့် ထွက်ပြေးခဲ့ရသည့် စစ်ရှောင် ၃၀၀ နီးပါး နေရပ်ပြန်

0
သျှမ်းပြည် မိုင်းရယ်နှင့် သီပေါမြို့နယ်ကြားတွင် စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင် ၃၀၀ နီးပါး နေရပ်ပြန်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၉) ရက် နံနက်ပိုင်းတွင် မိုင်းရယ်နှင့် သီပေါမြို့နယ် အစပ်ရှိ ရှန်တော်ကျေးရွာအနီး ကျားဖြန့်ရုံဟောင်းဟု ယူဆရသည့် နေရာကို ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပရန်...