နမ့်ခမ်းမြို့နယ်ထဲ ငွေကြေးမကောက်ခံရန် SSPP ကို TNLA အသိပေး

သျှမ်းပြည် နမ့်ခမ်းမြို့နယ်ထဲ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SS) ကို တပ်သားစုဆောင်းခြင်း၊ စစ်ရေး၊အုပ်ချုပ်ရေး ငွေကြေး ကောက်ခံခြင်း ဆက်မလုပ်ရန် တအာင်း (ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က အသိပေးလိုက်သည်။

TNLA

ညီနောင်မဟာမိတ်ဖြစ်သည့် SSPP/SSA မှ တပ်သားစုဆောင်းရေး ကိစ္စအပါအဝင် စစ်ရေး၊အုပ်ချုပ်ရေးငွေကြေး ကောက်ခံရေး စသည့် ကိစ္စများကို ဆက်လက်မလုပ် ဆောင်ရန် PSLF/TNLA မှအထူးမေတ္တာရပ်ခံကြောင်း ဇန်နဝါရီ ၂၁ရက်စွဲဖြင့် အသံပေးစာပေးပို့ခဲ့သည်။

“ ဒီစာက အမှန်ပါ။ ကျနော်တို့ (SSPP) ကို တိုက်ရိုက်ပို့လာတဲ့စာပါ။ ဘယ်လို လူမှုကွန်ရက်ပေါ်လွတ်သွားလဲမသိဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ လူကြီးတွေ ဘာမှ ဆွေးနွေးတာမရှိသေးဘူးဗျ” ဟု SSPP ၏ အရာရှိတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

SSPP နမ့်ခမ်းမြို့ထဲဝင်ရောက်

နမ့်ခမ်းမြို့အပါအဝင် မြန်မာနိုင်ငံတစ်ခုလုံကို ၁၉၅၈ခုနှစ်မှ စတင်ပြီး ဗမာစစ်အာဏာရှင် အဆက်ဆက်တို့၏ သိမ်းပိုက်ပြီး ဖိနှပ်ကျင့်မှု၊ မတရားသဖြင့် အုပ်ချုပ်ရေးစီမံမှုတို့ကို နှစ်ပောင်းများစွာခံခဲ့ရပြီး နမ့်ခမ်းမြို့သည် ၁၀၂၇ စစ်ဆင်ရေးတွင် ဗမာစစ်အာဏာရှင်အောက်မှ လွတ်မြောက်ကြောင်း ဒေသခံပြည်သူများထံ ‌ရောက်ရှိခဲ့ပြီးပြဖြစ်ကြောင်း SSPP ထံပေးပို့သည့်စာတွင် ရေးသားထားသည်။

ထို့အပြင် နမ့်ခမ်းမြို့ဧရိယာအတွင်းရှိ ပြည်သူများသည် ယခုချိန်တွင် လွတ်မြောက်လွတ်လပ်သည့် ပြည်သူများ ဖြစ်ကြောင်း၊ နမ့်ခမ်းမြို့နယ်ရှိ ဗမာစစ်အာဏာရှင်အုပ်စုကို ဖယ်ရှားရှင်းလင်း‌မောင်းနှင်ထုတ်သည့် PSLF/TNLA မှလည်း နမ့်ခမ်းမြို့နယ်ရှိပြည်သူများ၏ သဘောတူဆန္ဒအတိုင်း နမ့်ခမ်းမြို့နယ်ကို တည်ငြိမ် အေးချမ်း ဖွံ့ဖြိုးလာအောင် တာဝန်ယူဆောင်ရွက်ရခြင်းဖြစ် သည်ဟု အဆိုပါစာတွင် ဖော်ပြထားသည်။

ထို့ကြောင့် တည်ငြိမ်အေးချမ်း လုံခြုံမှုရှိနေပြီ ဖြစ်သည့် နမ့်ခမ်းမြို့နယ်အတွင်း ညီနောင်မဟာမိတ်ဖြစ်သည့် SSPP/SSA တပ်သားစုဆောင်ရေးကိစ္စရပ်အပါအဝင် စစ်ရေး၊ အုပ်ချုပ်ရေး၊ ငွေကြေးကောက်ခံရေး စသည့်ကိစ္စများ ဆက်လက် မလုပ်ဆောင်ရန် TNLA က မေတ္တာရပ်ခံထားသည်။

အထက်ပါ ပေးပို့ချက်နှင့် ပတ်သတ်၍ SSPP/SSA မှ နမ့်ခမ်းမြို့နယ်ရှိ ဒေသခံ သျှမ်းလူထု မိဘပြည်သူများ ကို ကျေးရွာလုံခြုံ‌ရေးတပ်ဖွဲ့စည်းရန်၊စစ်မှုထမ်းရန်ဆောက်ရွက်နေသည်ကို TNLA၏ ရပ်ရွာ အုပ်ချုပ်ရေးမှုးအဖွဲ့ များမှ အုပ်ချုပ်ရေးဌာနမှ တင်လာသည့်အတွက် PSLF/TNLA ဗဟိုနှင့် မဟာမိတ် ရေးရာဌာန မှ သိရကြောင်း ဇန်နဝါရီလ ၂၁ ရက်နေ့တွင် SSPP/SSA ထံသို့ ပေးပို့ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ဒုတိယအပတ်တွင်သျှမ်းမြောက် နမ့်ခမ်းမြို့နယ် SSPP/SSA မှ မြို့ထဲ ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများကို အစည်းအဝေးခေါ်ပြီး တပ်သားသစ် စုဆောင်းပေးရန်ပြောဆိုခဲ့ပြီးနောက်မှာ TNLA က ယခုလို စာပေးပို့ခြင်းဖြစ်သည်။

သို့သော် ဇန်နဝါရီ ၂၁ရက် နေ့လည် ၁၂နာရီကျော်တွင် နမ့်ခမ်းမြို့နယ် နောင်မလုံကျေးရွာအတွင်းသို့ စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲမှုပြုလုပ်ခဲ့ပြီး ဒေသခံ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ်များ ပျက်စီးမှုရှိကြောင်း သိရသည်။

လွန်ခဲ့သည့် ဇန်နဝါရီလပိုင်းတွင်လည်း TNLA မှ နမ့်ခမ်းကျေးရွာအုပ်ချုပ်ရေးမှူးများကို ခေါ်ဆိုပြီး နမ့်ခမ်းမြို့နယ် အတွင်း သန်းခေါင်စာရင်းကောက်ယူရန်နှင့် နမ့်ခမ်းမြို့နယ်အတွင်းရှိ ရွှေလီမြစ် ကူးတို့ဆိပ်များတွင် လေလံဆွဲသူများ၊ သား၊ငါး ကုန်စည်ဒိုင်းများမှ လေလံဆွဲသူများအပြင် စီးပွားရေးလုပ်ငန်းရှင်များကိုလည်း ဆင့်ခေါ်ပြီး အခွန်ကိစ္စ များဆွေးနွေးခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...