နမ့်ခမ်းမြို့ အသက် ၁၇နှစ်အရွယ် မိန်းကလေး ဗုံးထိ သေဆုံး

သျှမ်းပြည် နမ့်ခမ်းမြို့အတွင်း ယနေ့ (နိုဝင်ဘာ ၂၆)ရက် နံနက်ပိုင်းတွင် စစ်ကောင်စီ မှ ဂျက်လေယာဥ်ဖြင့် ဗုံးကြဲမှုကြောင့် အသက် (၁၇)နှစ်အရွယ်ရှိ မိန်းကလေး၏ ခန္ဓာကိုယ် တစ်ပိုင်းတစ်စ ဖြစ်သွားခဲ့ကြောင်း စုံစမ်းသိရသည်။

နမ့်ခမ်း လက်နက်ကြီးကျသည့်နေအိမ်

နမ့်ခမ်းမြို့ စစ်ကောင်စီမှ ဂျက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် မန်နားရပ်ကွက်တွင် နေထိုင်သည့် နေအိမ်ပေါ်ကျကာ အသက် (၁၇)နှစ် အရွယ်ရှိ မိန်းကလေး၏ ခန္ဓာကိုယ်သည် တစ်ပိုင်းတစ်စဖြစ်သွားကာ ပွဲချင်းပြီးသေဆုံးခဲ့ရပြီး၊ ဖခင်ဖြစ်သူက ခြေထောက်ပြတ်သွားကြောင်း သွားရောက်ကူညီသည့်အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ ဒီမနက် ပစ်တဲ့လက်နက်ကြီးက ပြင်းအားတော်တော်ရှိတယ်။ မန်နားမှာ ကွမ်းယာရောင်းတဲ့ မိန်းကလေးရဲ့ ခန္ဓာကိုယ်က တစ်စစီဖြစ်သွားတယ်။ သူ့ခေါင်းကတခြား၊ ခြေထောက်က တခြား၊ ခန္ဓာကိုယ်က တခြားလွှင့်တာ။ ကြောက်စရာ ကောင်းတယ်။ သူ့အဖေကလည်း ခြေထောက်ပြတ်သွားတယ်” ဟု ၎င်းအမျိုးသားက ပြောသည်။

လက်ရှိ အချိန်ထိ နမ့်ခမ်းမြို့အတွင်း စစ်ရေးပြင်းထန်နေပြီး၊ ပြည်သူ့ကို ပစ်မှတ်ထားပြီး တိုက်ခိုက်မှုများလည်းရှိနေကြောင်း သိရသည်။ 

” အခု ကျနော်တို့ အိမ်ထဲမှာ နေရတာတောင် မလုံခြုံတော့ဘူး။ အိမ်ကိုလည်းထိ၊ လူကိုလည်းထိ၊ အိမ်စောင့်အနေနဲ့ ကျန်ခဲ့တာတောင် ဘယ်နေ့ ကိုယ့်အလှည့်ရောက်လာမယ်မှန်းမသိဘူး။ ရင်တထိတ်ထိတ်နဲ့နေနေရတယ်” ဟု နမ့်ခမ်းအသက် ၄၈နှစ်အရွယ် အမျိုးသားက ပြောသည်။

စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်တို့ ဖြစ်ပွားသည့်တိုက်ပွဲတွင် နမ့်ခမ်းမြို့ အရပ်သားနေအိမ်အများအပြားထိခိုက်မှုရှိသလို အရပ်သားသေဆုံးမှုထိလည်းရှိနေပြီး ပြည်သူများစစ်ဘေးတိမ်းရှောင်နေရသည်။ 

ပြီးခဲ့သည့် နိုဝင်ဘာ ၂၁ရက်တွင်လည်း  နမ့်ခမ်းပေါက်နေရပ်ကွက်ရှိ စည်ပင်ရုံးရှေ့တွင် လက်နက်ကြီးကျပေါက်ကွဲပြီး အမျိုးသးတစ်ဦး နှင့် အမျိုးသမီး တစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး၊ အရပ်သား၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ 

#SHANBurmese

#Shannews

#သျှမ်းသံတော်ဆင့်

#ဗုံးကြဲ #ဂျက်လေယာဥ် #အမျိုးသမီးတစ်ဦးသေဆုံး #နမ့်ခမ်း #စစ်ကောင်စီ

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...