မူဆယ်-နမ့်ခမ်း- လားရှိုး သို့သွားသောလမ်း TNLA ဆက်ကြေးတိုးကောက်

မူဆယ်-နမ့်ခမ်း- လားရှိုးမြို့သို့ သွားသည့်လမ်းပိုင်းတွင် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)က ကားသမားများထံ ဆက်ကြေးကောက်ခံ နေကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည် မူဆယ်မြို့ မှ လားရှိုးမြို့သို့သွားသောလမ်းတကြောရှိ မန်တုံ နှင့် နမ္မတူလမ်းကြားတွင် TNLA တပ်သားများ က ကားဆရာများ၊ ကုန်ကားများထံ အခွန် (ဆက်ကြေး) များကို ယခင်ထက်ပို၍တိုးကောက်နေသောကြောင့် ကားသမားအခက်အခဲ ကြံတွေ့နေရ ကြောင်းကို ကားသမား တစ်ဦးက သျှမ်းသံ‌တော်ဆင့်ကို ပြောသည်။

“ဟုတ်တယ် နမ္မတူလမ်းမှာကောက်တာ။ ကားငယ်တွေဆို ၁ သိန်းခွဲ၊ကားကြီးဆိုရင် ၂ သိန်းကျော်တယ်။ ကားခတွေ ဘာမှ မကျန်ပါဘူးဆိုမှ သူတို့ ကောက်လိုက်တော့ ပြီးရော။လမ်းကလည်း ဘီးပေါက်တာနဲ့ ဆီးဖိုးနဲ့ကို ဘာမှ မကျန်တော့ဘူး”ဟု ကားသမားတစ်ဦးက ပြောသည်။

နမ္မတူ -လားရှိုးလမ်းပိုင်း

“၁၀၂၇ စစ်ဆင်‌ရေး” တိုက်ပွဲများကြောင့် သီပေါမြို့နယ်ရှိ စဉ့်အင်းတံတားနှင့်ကျင်သီတံတား၊ သိန္နီမြို့ဝင်တံတား ၊ကွမ်းလုံနှင့် ဟိုပန်ကြားရှိ ဖောင်ဆိပ် နိမ့်တိန်ချောင်း တံတားများ၊လမ်းများ ဖျက်ဆီးခံခဲ့ရပြီး လက်ပန်းဆက်သွယ်ရေး အတွက် အခက်အခဲ များစွာကြုံတွေ့နေရကြောင်း ပြည်သူများနှင့် ကားသမားများက ပြောသည်။

“၁၀၂၇ စစ်ဆင်‌ရေး”တိုက်ပွဲများကြောင့် လျှပ်စစ်မီးနှင့် အင်တာနက်၊ဖုန်းလိုင်းများလည်း ဖြတ်တောက်ခံ ထားရပြီး၊ ကုန်းဈေးနှုန်း များလည်း အဆမတန်မြင်တက်လာခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင်လည်း မူဆယ်မြို့မှ ထွက်ခွာသည့် ပြည်သူများနှင့် စစ်ဘေးရှောင်များသည် တိုက်ပွဲကြောင့် ဖြတ်သန်းသွားလာ၍ မရကာ မူဆယ်-နမ့်ခမ်းလမ်းကြား စယ်လန့်ကျေးရွာတွင် ရာနှင့်ချီရှိသော ယာဉ်များနှင့်အတူ တစ်ပတ်နီးပါးကြာ ပိတ်မိနေကြောင်း သိရသည်။

“ ၁၀၂၇ စစ်ဆင်ရေး” တိုက်ပွဲ တစ်လခွဲကျော်အတွင်း အရပ်သား ၁၂၆ ဦးသေဆုံးပြီး ၂၀၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကာ လူနေအိမ် ၄၀၀ ခန့် ထိခိုက်ပျက်စီးသွားပြီဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု ပေါင်းစပ်ညှိနှိုင်းရေးရုံး(UNOCHA)က ဒီဇင်ဘာလ ၈ ရက်တွင် ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...