Thursday, May 2, 2024

တိုင်းရင်းသားလက်နက်ကိုင်

မိုးမိတ်မြို့ ဗုံးပေါက်ကွဲ စစ်ကောင်စီ ဝန်ထမ်းအမျိုးသမီး (၁) ဦးသေ ၊ (၂) ဦး ဒဏ်ရာပြင်းထန်

သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ် မြို့သစ်ကျေးရွာတွင် ယနေ့ ဇူလိုင် (၁၁) ရက် မနက် (၉) နာရီအချိန်က ဗုံး (၃)လုံး ပေါက်ကွဲပြီးနောက် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းအမျိုးသမီး (၁) ဦးသေဆုံးပြီး ၊ ထိခိုက် ဒဏ်ရာပြင်းထန်သူ (၂) ဦး ရှိကြောင်း စုံစမ်းသိရသည်။ ...

နိုင်ငံရေးအကြပ်အတည်း ကျော်လွှားနိုင်ဖို့ PPST နဲ့ အာဆီယံ ကိုယ်စားလှယ် တွေ့ဆုံ

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် နဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (NCA-S EAO) တို့ ဇူလိုင် ၁ ရက်က နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ အဲ့ဒီ တွေ့ဆုံဆွေးနွေးပွဲမှာ အာဆီယံ အထူးကိုယ်စားလှယ် H.E Park...

မူဆယ်မြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့နှင့် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့တို့မှ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇွန်လ ၂၆ )ရက် ညနေ ၂ နာရီဝန်းကျင်မှ စတင်ကာ မူဆယ်မြို့နယ် နမ့်တောင်းကျေးရွာဘက်တွင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ “တိုက်ပွဲက မစခင်...

သျှမ်းတောင် ပြည်သူများ လုံခြုံရေး ကြောက်လန့်စွာနေထိုင်နေရ

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် အတွင်းရှိ ကျေးရွာဒေသခံ တစ်ချို့ မိမိလုံခြုံရေးအတွက် စိုးရိမ်ထိတ်လန့်စွာ နေထိုင်နေရကြောင်း စုံစမ်းသိရှိရသည်။ လွိုင်လင်ခရိုင်အတွင်းရှိ မိုင်းကိုင်မြို့နယ်၊ လဲချားမြို့နယ်၊ လွိုင်လင်မြို့နယ်အတွင်းမှ ကျေးရွာဒေသခံများသည် မိမိလုံခြုံရေးအတွက် စိုးရိမ်ထိတ်လန့်စွာဖြင့် နေထိုင်နေရကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ (၃) မြို့နယ် အတွင်းနေထိုင်သည့် ပြည်သူများက လက်နက်ကိုင်အုပ်စုများကို ကြောက်လန့်နေရပြီး...

နမ့်ခမ်းမြို့ ရှိ စာသင်ကျောင်းများတွင် စစ်ကောင်စီ လက်အောက်ခံများ လာရောက်စောင့်ဆိုင်းနေ

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့အတွင်းရှိ စာသင်ကျောင်းများ အားလုံးကို စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲ နှင့် ပြည်သူ့စစ် တို့က လုံခြုံရေးအပြည့် ယူထားကြောင်း စုံစမ်းသိရှိရသည်။ယမန်နေ့  ဇွန် ၆ ရက်က တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဈေးထဲဝင်ရောက်လာသည့်  သတင်းထွက်ပေါ်လာပြီးနောက် ယနေ့ ဇွန် (၇) ရက်နေ့တွင်...

မူဆယ်မြို့ ပစ်ခတ်မှုဖြစ် ထိခိုက်ဒဏ်ရာ ရသူရှိ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့  စွမ်စော်ရပ်ကွက်တွင် ယမန်နေ့ (မေ ၁၇) ရက် ည ၁၁ နာရီ၀န်းကျင်၌ အမည်မသိ လက်ကိုင်တစ်စုက လက်နက်အပြည့်အစုံဖြင့် ရပ်ကွက်ထဲ၀င်လာပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူများရှိခဲ့ကြောင်း စုံစမ်းသိရသည်။ယမန်နေ့  (မေလ ၁၇) ရက် ည ၁၁ နာရီဝန်းကျင်တွင် စစ်ဝတ်စုံနှင့်...

နမ့်ခမ်းမြို့နယ် ဒေသခံတစ်ဦး လက်နက်ကိုင် တပ်ဖွဲ့ဖမ်းဆီးခေါ်ဆောင်သွား ငွေသား သိန်း (၂) ထောင်တောင်း

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မန့်ဟိုင်းကျေးရွာတွင် နေထိုင်သည့် အသက် (၅၀) ကျော် အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင်တစ်စုက နေအိမ်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး ငွေကျပ်သိန်း (၂) ထောင် တောင်းခံလာကြောင်း စုံစမ်းသိရှိရသည်။မတ်လ (၇) ရက် (၆) နာရီခွဲခန့်တွင် အသက် (၅၀) ကျော်အရွယ်...

မူဆယ်ခရိုင်အတွင်း တရက်တည်း တိုက်ပွဲ နှစ်ကြိမ် ဖြစ်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်အတွင်း ယမန်နေ့ (မေလ ၈ )ရက် ညနေခင်း အချိန်ပိုင်းအတွင်း စစ်ကောင်စီတို့သည် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ နှစ်နေရာဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် မေလ ၈ ရက် ညနေပိုင်း ၅ နာရီကျော်ဝန်းကျင်တွင် သျှမ်းပြည်မြောက်ပိုင်း သန္နီမြို့ အလွန် မန်ပိန်းကျေးရွာ အနီး၌ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသခံပြည်သူ့ကာကွယ်ရေး၊တိုင်းရင်းသားလက်နက်ကိုင် တပ်ပေါင်းစုတို့...

ကောက်ရသည့် လက်ပစ်ဗုံးပေါက်ကွဲ ကလေးငယ်တစ်ဦးသေဆုံး အမျိုးသမီးငယ်တစ်ဦး လက်ဖြတ်ခံရ

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် မိုင်းပျဥ်းအတွင်း ကလေးငယ်များသည် ကောက်ရသည့် လက်ပစ်ဗုံးတလုံးကို ဆော့နေချိန် ပေါက်ကွဲမှု ဖြစ်ပွားသဖြင့် အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးကာ အမျိုးသမီးငယ် တစ်ဦးလည်း ညာဘက်လက် ဖြတ်လိုက်ရကြောင်း စုံစမ်းသိရသည်။ပြီးခဲ့သည့် ဧပြီလ ၂၆ ရက် နေ့လည်ပိုင်းတွင် ဟိုပုံးမြို့နယ်...

 သျှမ်းလက်နက်ကိုင် တိုက်ပွဲကြောင့် ထိုင်းသို့ တရားမဝင်လာသူ (၂၂၀) ဦးကျော် ဖမ်းဆီးခံထားရ

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် ဖန်မြို့နယ်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသူ (၂၂၀) ကျော် ဖမ်းဆီးထိန်းသိမ်းခံ ထားရကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ ဝင်ရောက်လာသူများသည် သျှမ်းပြည်တွင်း တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း တိုက်ပွဲဖြင့် သော်လည်းကောင်း၊ ကရင်နီပြည် မှာ စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော် တို့ကြား တိုက်ပွဲပြင်းထန်မှုကြောင့်...

Latest news