Monday, July 22, 2024

ကျောက်မဲမြို့နယ် ပဌာန်းပွဲတွင် လောင်းကစားဝိုင်းလာဖွင့်လှစ်

Must read

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ခိုအုံ (ခိုခမ်း) ကျေးရွာ ဘုန်းကြီးကျောင်းအနီးတွင် ပြုလုပ်သည့် အသံမစဲ ပဌာန်းပွဲ၌ လောင်းကစားဝိုင်း ဖွင့်လှစ်နေကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၀ ရက်မှ စတင်ကာ ကျောက်မဲမြို့နယ် ခုံအုံ (ခိုခမ်း) ကျေးရွာ ဘုန်းကြီးကျောင်းအနီးရှိ အသံမစဲ ပဌာန်းပြုလုပ်နေမှုကို အခွင့်ကောင်းယူပြီး လူတစ်စုက လောင်းကစားဝိုင်းလာရောက် ဖွင့်လှစ်နေကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပဌာန်းပွဲလုပ်တာကို လောင်းကစားဝိုင်းလာဖွင့်ကြတယ်၊ ပြီးတော့ လောင်းကစားဝိုင်းစည်အောင် စတိတ်ရှိူး လည်း လုပ်တယ်၊ ဒါကြောင့် လောင်းကစားဆော့တဲ့သူတွေရဲ့ အသံရော ညဘက်ဆိုကောင်းကောင်းကို မအိပ်ရဘူး” ဟု ခိုအုံ (ခိုခမ်း) ကျေးရွာမှ အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လောင်းကစားဝိုင်း

ထို့အပြင် လောင်းကစားဝိုင်း ပြုလုပ်ရာနေရာသည် ကျောင်းဝန်းနှင့်နီးကပ်သည့်အပြင် သာသနာ့လုပ်ရပ် နှင့် ဆန့်ကျင်သည့် စတိတ်ရှိူးပြုလုပ်နေခြင်း နှင့် ပတ်သက်ပြီး မသင့်လျော်ကြောင်းလည်း ဒေသခံများက ဝေဖန်ပြောဆိုနေကြသည်။

ကျောက်မဲမြို့နယ်တွင် ပြီးခဲ့သည့် ဇွန်လအတွင်းမှ စတင်ကာ လောင်းကစားဝိုင်းများ ရှိလာခြင်းဖြစ်ပြီး ပြည်သူများက ငွေကြေး ဥစ္စာများစွာ ဆုံးရှုံးရသည့်အပြင် မိသားစုဝင်အချင်းချင်း သတ်ဖြတ်မှုများအထိပါ လောင်းကစားအကျိုးဆက်များက ဆိုးရွားသည့်အတွက် မဖွင့်စေချင်ကြောင်းလည်း အထက်ပါ ပုဂ္ဂိုလ်ကပြေသည်။

“ပြီးခဲ့တဲ့လ ကတည်းက လောင်းကစားဝိုင်းတွေ တစ်နေရာပြီး တစ်နေရာ လုပ်လာတာ၊ ကျမတို့ ဒေသအတွင်းမှာ မိသားစုတွင်း ပြဿနာတွေလည်း များသထက်များလာတယ်၊ လောင်းကစားဝိုင်းမှာ လျော်ကြေးပေးဖို့ ပိုက်ဆံ တောင်းတာ မရလို့ ဖခင်ဖြစ်သူကို သမီးက သတ်လိုက်တာလည်း လောင်းကစားဝိုင်းရဲ့ အကျိုးဆက်ပဲ၊ ပြီးတော့ သူခိုးတွေ လုယက်မှုတွေလည်း အရင်ကများလာတော့ ဒေသအတွင်းမလုံခြုံတော့ဘူး၊ ဖြစ်နိုင်ရင် လောင်းကစား ဝိုင်းတွေ ပိတ်သိမ်းဖို့ အာဏာပိုင်တွေ လုပ်ပေးပါ” ဟု ၎င်းက ပြောသည်။

လောင်းကစားဝိုင်းဖွင့်လှစ်သူများသည် ဒေသအတွင်း အာဏာပိုင်များနှင့် ရပ်ကျေး အုပ်ချုပ်ရေးမှူးများကို လာဘ်ထိုးလာဘ်ယူမှုများပြုလုပ်ကာ ကျေးရွာ ရပ်ကွက်လှည့်ပြီး လောင်းကစားဝိုင်းဖွင့်လှစ်ကြောင်းလည်း သိရသည်။

ကျောက်မဲမြို့နှင့် အလားတူ ကွတ်ခိုင်မြို့၊ သီပေါမြို့၊ လားရှိူးမြို့ နှင့် နောင်ချိုမြို့ အပြင် သျှမ်းပြည်အတွင်း မြို့နယ်များတွင်လည်း လောင်းကစားများ တစ်နေ့ထက် တစ်နေ့များလာသည်။

ထိုလောင်းကစားဖွင့်လှစ်သည့်သူများသည် အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်နေကြပြီး တစ်ချို့ဒေသမှာ ပြည်သူ့စစ်တပ်ဖွဲ့များက ဦးဆောင်ပြီး ဖွင့် လှစ်နေကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article