မူဆယ်မြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့နှင့် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့တို့မှ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။

ယမန်နေ့ (ဇွန်လ ၂၆ )ရက် ညနေ ၂ နာရီဝန်းကျင်မှ စတင်ကာ မူဆယ်မြို့နယ် နမ့်တောင်းကျေးရွာဘက်တွင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။

“တိုက်ပွဲက မစခင် ၂ နာရီမှာ လက်နက်ကြီးလေးလုံးနဲ့အရင်ဆုံးစပစ်တယ်၊ အဲ့ကနေ ပစ်ခတ်သံတွေ ဆက်တိုက် ကြားရပြီး ၄ နာရီလောက်မှ တိုက်ပွဲက ငြိမ်သွားတယ်၊ အဲ့တိုက်ပွဲအပြီး ည ၁၁ နာရီရောက်တော့ ၁၀၅ မိုင်ဘက် မှာ ရှိတဲ့ စစ်ကောင်စီတွေက လက်နက်ကြီးတွေနဲ့ လှမ်းပစ်တယ်လို့လည်း သိရတယ်” ဟု မူဆယ်မြို့ခံ အသက် ၃၀ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့သည် ကိုးကန့်တပ်မတော် MNDAA ဟု ဒေသခံများက ပြောဆိုသော်လည်း သျှမ်းသံတော်ဆင့်မှ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

မူဆယ်မြို့

ထို့အပြင် ယင်းတိုက်ပွဲမှ စစ်ကောင်စီတို့ ပစ်လိုက်သည့် လက်နက်ကြီးကျည်ဆန်များသည် ကျေးရွာနှင့် လွန်စွာ နီးကပ်သည့် အနေအထားတွေ ကျရောက်ပေါက်ကွဲသဖြင့် ဒေသခံများက ထိတ်လန့်စိုးရိမ်နေကြကြောင်းလည်း သိရသည်။

“အခုတစ်ခေါက် ပစ်လိုက်မယ် ဆိုရင်တော့ လက်နက်ကြီးက ရွာထဲကို ကျမှာအမှန်ပဲ၊ အခုလို လက်နက်ကြီး နဲ့ ရွာတွေဘက် ရမ်းပစ်တာ မဖြစ်သင့်ပါဘူး၊ ကျနော်တို့ ဒေသခံတွေအနေနဲ့ လယ်ခြံသွား လုပ်ကိုင် စားသောက်ဖို့ ခက်ခဲပါတယ်၊ ပြီးတော့ စိုးရိမ်ထိတ်လန့်မှုနဲ့ စိတ်ဒုက္ခရောက်ရတယ်” ဟု လက်နက်ကြီး ကျသည့် နမ့်သောင်းကျေးရွာခံ တစ်ဦးက ပြောသည်။

ထို့အပြင် တိုက်ပွဲဖြစ်ပွားပြီးနောက် ည ၁၀ နာရီခန့်မှစကာ ည ၁၁ နာရီခွဲဝန်းကျင်အထိ မူဆယ်မြို့ ၁၀၅ မိုင်ဘက်ရှိ စစ်ကောင်စီတပ်မှ လက်နက်ကြီး ၇ ကြိမ်ထက်မနည်း ပစ်ခတ်မူများလည်း ရှိနေကြောင်းလည်း ဒေသခံများထံ မှ သိရသည်။

မူဆယ်မြို့နယ်အတွင်းတွင် တိုက်ပွဲများ မကြာခဏဖြစ်ပွားလေ့ရှိသည့်အတွက် ဒေသခံများစုပေါင်းကာ ကျေးရွာ အနီးပတ်ဝန်းကျင်တွင် တိုက်ပွဲမဖြစ်ကြရန် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့နှင့် စစ်ကောင်စီတို့ကို တောင်းဆို လိုကြောင်းလည်း သိရသည်။

ယခုရက်ပိုင်းအတွင်းတွင် သျှမ်းပြည် မြောက်ပိုင်း၊ မူဆယ်ခရိုင် ပြည်ထောင်စုလမ်းမ အနီးအနား တစ်ဝိုက် စစ်ကောင်စီနှင့် ကိုးကန့် MNDAA၊ စစ်ကောင်စီနှင့် ကချင်တပ်မတော် KIA တို့အကြား မကြာခဏ တိုက်ပွဲ ဖြစ်ပွားလာနေ ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...