Tuesday, January 27, 2026

သျှမ်းတောင် ပြည်သူများ လုံခြုံရေး ကြောက်လန့်စွာနေထိုင်နေရ

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် အတွင်းရှိ ကျေးရွာဒေသခံ တစ်ချို့ မိမိလုံခြုံရေးအတွက် စိုးရိမ်ထိတ်လန့်စွာ နေထိုင်နေရကြောင်း စုံစမ်းသိရှိရသည်။

လွိုင်လင်ခရိုင်အတွင်းရှိ မိုင်းကိုင်မြို့နယ်၊ လဲချားမြို့နယ်၊ လွိုင်လင်မြို့နယ်အတွင်းမှ ကျေးရွာဒေသခံများသည် မိမိလုံခြုံရေးအတွက် စိုးရိမ်ထိတ်လန့်စွာဖြင့် နေထိုင်နေရကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ (၃) မြို့နယ် အတွင်းနေထိုင်သည့် ပြည်သူများက လက်နက်ကိုင်အုပ်စုများကို ကြောက်လန့်နေရပြီး ည ၉ နာရီတွင် မီးပိတ်ထားရပြီး မနက် ၄ နာရီခွဲမှ အိမ်ပြင်ထွက် သွားလာခွင့်ရကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

“အခုတလော ကျနော်တို့ ဒေသတွေမှာ အရမ်းကို ရှုပ်နေတယ်။ အရမ်းကို ကြောက်နေရတယ်။ စိုးရိမ်စိတ်တွေနဲ့ နေနေရတယ်။ ညဆိုရင်လည်း ၉ နာရီဆို မီးပိတ်ပြီးတော့ အပြင်မသွားရတော့ဘူး။ မနက် ၄ နာရီခွဲမှပဲ အိမ်ပြင်ထွက်ပြီး ဆွမ်းတွေ သွားပို့ရတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

လွိုင်လင်ခရိုင်အတွင်းရှိ ကျေးရွာ

ထိုကြောင့် (၃) မြို့နယ်အတွင်းရှိ ဒေသခံများက မိမိလုံခြုံရေးကြောင့် ကိုယ်တိုင်တာဝန်ယူဖြေရှင်းနေရလျက် ရှိကြောင်း သိရသည်။

“ဟုတ်တယ်။ ကျနော်တို့ လုံခြုံမှုမရှိဘူး။ ကိုယ်ကိုယ့်လုံခြုံရေးယူနေရတာ” ဟု အသက် ၂၅ နှစ်ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

ထိုဒေသ (၃) မြို့နယ်အတွင်းမှာ ည ၉ နာရီကျော်သွားပါက အပြင်ထွက်သွားလာခွင့်မရကြောင်း အကယ်၍ သွားလာပါက ဖမ်းဆီးခံရမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် မိမိနေထိုင်သည့် ကျေးရွာများထဲတွင် ဗုံးပေါက်ကွဲမှု၊ ပစ်ခတ်မှုလုံးဝ မရှိစေရကြောင်း ၊ ရှိခဲ့ပါက ဖမ်းပြီးစစ်ဆေးခံရမည် ဟုလည်း လှုပ်ရှားနေသည့် တပ်ဖွဲ့က ပြည်သူများကို ပြောသည်။

“ ကျနော်တို့ ဒေသတွေမှာက အခုဆိုရင် ည ၉ နာရီဆိုရင်အပြင်မထွက်ရတော့ဘူး။ ထွက်လို့တွေ့ရင်လည်း ဖမ်းခံရမယ်တဲ့။ ပြီးတော့ ရပ်ရွာအတွင်းတွေမှာလဲ ဗုံးပေါက်ကွဲသံတွေ၊ သေနတ်သံတွေ၊ ပစ်ဖောက်သံတွေ မရှိစေရဘူးလို့ ပြောထားတယ်။ တကယ်လို့ အဲ့လိုအသံတွေထွက်ခဲ့မယ်ဆိုရင် သူတို့က ဖမ်းဆီးသွားမယ်တဲ့။ ဖမ်းပြီးစစ်ဆေးခံရမယ်တဲ့” ဟု အမည်နှင့် နေရာမဖော်လိုသည့် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ထိုဒေသတွင်းများတွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ မှ သွားလာလှုပ်ရှားနေသည့် ဒေသဖြစ်ပြီး၊ “ဝ” တပ်ဖွဲ့များလည်း ထိုနေရာတွေမှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ဝတ်စုံပြောင်းပြီး သွားလာလှုပ်ရှား နေကြောင်း လည်း ဒေသခံများ ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၆ ရက်နေ့ကလည်း ရှမ်းအမျိုးသမီးရေးရာလှုပ်ရှားဆောင်ရွက်မှုအသင်း (SWAN) ၏ အစီရင်ခံစာအရ မိုင်းကိုင်မြို့နယ်တွေမှာ “ဝ” တပ်ဖွဲ့က အင်အားတိုးချဲ့လာပြီး ဒေသတွင်းရှိ အမျိုးသမီးများကို အတင်းအဓမ္မလက်ထပ်ယူပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်၊ မုဒိမ်းကျင့်မှုတွေ ပြုလုပ်နေကြောင်း ရေးသားထားသည်။

အလားတူ ပြီးခဲ့သည့် ဇွန် ၁၆ ရက်တွင် မိုင်းကိုင်မြို့နယ် ခွန်မတ်မုံကျေးရွာအတွင်းရှိ ဒေသခံ ၂၇ ဦးကို ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးသွားပြီးနောက် ညနေပိုင်းတွင် ၂၀ ဦးကို ပြန်လွတ်လာပေးပြီး လက်ရှိအချိန်ထိ ၇ ဦးကို ဖမ်းဆီးထားဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ ၂၇ ဦးကို ကျေးရွာအနီး ဗုံးပေါက်ကွဲမှုကြောင့် ဖမ်းဆီးသွားကြောင်း သိရသည်။ ထိုပြန်လွတ်လာသည့် ပြည်သူ ၂၀ ဦးထဲတွင် တစ်ချို့သူများက နှိပ်စက်ခံခဲ့ရကြောင်း သိရသည်။

“ သူတို့က ရွာပတ်ဝန်းကျင်မှာ ဗုံးပေါက်လို့ဆိုပြီးတော့ ဖမ်းခေါ်သွားတာ။ ၂၇ ယောက်ဖမ်းသွားတာ။ ၂၀ ယောက်တော့ ပြန်လွတ်လာပေးတယ်။ ပြန်လွတ်လာတဲ့သူတွေကလည်း ရိုက်ခံရပြီး နှိပ်စက်ခံထားရတာ တွေရှိတယ်။ သိရသလောက်တော့ ၃ ယောက်လောက်တော့ နှိပ်စက်ခံထားရပြီးတော့ ပြန်လွတ်လာတာ” ဟု အမည်မဖော်လိုသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ထိုကြောင့် ထိုမြို့နယ် အတွင်းရှိ လူငယ်များနှင့် လူကြီးပိုင်းအများစုက အိမ်နီးချင်းနိုင်ငံ ထိုင်းနိုင်ငံသို့ ထွက်ပြေးနေလျက်ရှိကြောင်း မြေပြင် သတင်းပေးပို့ချက်အရသိရသည်။

“ အခုဆို လူတော်တော်များကလည်း ထိုင်းနိုင်ငံကို ထွက်ပြေးသွားကြပြီ။ ပြီးတော့ ဒေသခံတွေက အရမ်းကိုကြောက်နေကြရတယ်လေ။ ဒါကြောင့် အများစုတော့ ထွက်ပြေးကုန်ကြပြီး” ဟု ၎င်းအမျိုးသားက ပြောသည်။

ထိုဒေသတွင်နေထိုင်သည့်သူများကိုလည်း သတင်းဌာနသို့ သတင်းပေးပို့ပါက ဖမ်းဆီး စစ်ဆေးမည် ဟုဆိုပြီး မြေပြင်လှုပ်ရှားနေသည့် တပ်သားများက ပြည်သူများကို ခြိမ်းခြောက်ပြောဆိုထားသည်။ သက်ဆိုင်ရာတပ်ဖွဲ့မှ အထက်လူကြီးများမှ အောက်ခြေ တပ်သားများ၏ အခြေအနေကို သိရှိရန် လိုအပ်ကြောင်းလည်း ပြည်သူများက ပြောဆိုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

သီပေါ-မိုင်းရယ် စစ်တပ် ဆက်တိုက်ဖမ်းဆီးနေသည့် မူးယစ်ဆေးဝါးအမှု တရားခံမပေါ်သေး

0
သျှမ်းပြည် သီပေါနှင့် မိုင်းရယ်မြို့နယ်တွင် မူးယစ်ဆေးဝါး ချက်လုပ်သည့်နေရာများနှင့် အသုံးပြုသည့် ပစ္စည်းများကို စစ်ကော်မရှင်ဘက်မှ ဆက်တိုက်ရှာဖွေ ဖမ်းဆီးနေသော်လည်း တရားခံ မပေါ်သေးကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၈) ရက်မှ စတင်ပြီး သီပေါမြို့နယ် နမ့်လန်မြို့တဝိုက်နှင့် မိုင်းရယ်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်မှ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများနှင့် မူးယစ်ဆေးဝါး ချက်လုပ်သည့်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...