သျှမ်းတောင် ပြည်သူများ လုံခြုံရေး ကြောက်လန့်စွာနေထိုင်နေရ

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် အတွင်းရှိ ကျေးရွာဒေသခံ တစ်ချို့ မိမိလုံခြုံရေးအတွက် စိုးရိမ်ထိတ်လန့်စွာ နေထိုင်နေရကြောင်း စုံစမ်းသိရှိရသည်။

လွိုင်လင်ခရိုင်အတွင်းရှိ မိုင်းကိုင်မြို့နယ်၊ လဲချားမြို့နယ်၊ လွိုင်လင်မြို့နယ်အတွင်းမှ ကျေးရွာဒေသခံများသည် မိမိလုံခြုံရေးအတွက် စိုးရိမ်ထိတ်လန့်စွာဖြင့် နေထိုင်နေရကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ (၃) မြို့နယ် အတွင်းနေထိုင်သည့် ပြည်သူများက လက်နက်ကိုင်အုပ်စုများကို ကြောက်လန့်နေရပြီး ည ၉ နာရီတွင် မီးပိတ်ထားရပြီး မနက် ၄ နာရီခွဲမှ အိမ်ပြင်ထွက် သွားလာခွင့်ရကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

“အခုတလော ကျနော်တို့ ဒေသတွေမှာ အရမ်းကို ရှုပ်နေတယ်။ အရမ်းကို ကြောက်နေရတယ်။ စိုးရိမ်စိတ်တွေနဲ့ နေနေရတယ်။ ညဆိုရင်လည်း ၉ နာရီဆို မီးပိတ်ပြီးတော့ အပြင်မသွားရတော့ဘူး။ မနက် ၄ နာရီခွဲမှပဲ အိမ်ပြင်ထွက်ပြီး ဆွမ်းတွေ သွားပို့ရတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

လွိုင်လင်ခရိုင်အတွင်းရှိ ကျေးရွာ

ထိုကြောင့် (၃) မြို့နယ်အတွင်းရှိ ဒေသခံများက မိမိလုံခြုံရေးကြောင့် ကိုယ်တိုင်တာဝန်ယူဖြေရှင်းနေရလျက် ရှိကြောင်း သိရသည်။

“ဟုတ်တယ်။ ကျနော်တို့ လုံခြုံမှုမရှိဘူး။ ကိုယ်ကိုယ့်လုံခြုံရေးယူနေရတာ” ဟု အသက် ၂၅ နှစ်ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

ထိုဒေသ (၃) မြို့နယ်အတွင်းမှာ ည ၉ နာရီကျော်သွားပါက အပြင်ထွက်သွားလာခွင့်မရကြောင်း အကယ်၍ သွားလာပါက ဖမ်းဆီးခံရမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် မိမိနေထိုင်သည့် ကျေးရွာများထဲတွင် ဗုံးပေါက်ကွဲမှု၊ ပစ်ခတ်မှုလုံးဝ မရှိစေရကြောင်း ၊ ရှိခဲ့ပါက ဖမ်းပြီးစစ်ဆေးခံရမည် ဟုလည်း လှုပ်ရှားနေသည့် တပ်ဖွဲ့က ပြည်သူများကို ပြောသည်။

“ ကျနော်တို့ ဒေသတွေမှာက အခုဆိုရင် ည ၉ နာရီဆိုရင်အပြင်မထွက်ရတော့ဘူး။ ထွက်လို့တွေ့ရင်လည်း ဖမ်းခံရမယ်တဲ့။ ပြီးတော့ ရပ်ရွာအတွင်းတွေမှာလဲ ဗုံးပေါက်ကွဲသံတွေ၊ သေနတ်သံတွေ၊ ပစ်ဖောက်သံတွေ မရှိစေရဘူးလို့ ပြောထားတယ်။ တကယ်လို့ အဲ့လိုအသံတွေထွက်ခဲ့မယ်ဆိုရင် သူတို့က ဖမ်းဆီးသွားမယ်တဲ့။ ဖမ်းပြီးစစ်ဆေးခံရမယ်တဲ့” ဟု အမည်နှင့် နေရာမဖော်လိုသည့် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ထိုဒေသတွင်းများတွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ မှ သွားလာလှုပ်ရှားနေသည့် ဒေသဖြစ်ပြီး၊ “ဝ” တပ်ဖွဲ့များလည်း ထိုနေရာတွေမှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ဝတ်စုံပြောင်းပြီး သွားလာလှုပ်ရှား နေကြောင်း လည်း ဒေသခံများ ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၆ ရက်နေ့ကလည်း ရှမ်းအမျိုးသမီးရေးရာလှုပ်ရှားဆောင်ရွက်မှုအသင်း (SWAN) ၏ အစီရင်ခံစာအရ မိုင်းကိုင်မြို့နယ်တွေမှာ “ဝ” တပ်ဖွဲ့က အင်အားတိုးချဲ့လာပြီး ဒေသတွင်းရှိ အမျိုးသမီးများကို အတင်းအဓမ္မလက်ထပ်ယူပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်၊ မုဒိမ်းကျင့်မှုတွေ ပြုလုပ်နေကြောင်း ရေးသားထားသည်။

အလားတူ ပြီးခဲ့သည့် ဇွန် ၁၆ ရက်တွင် မိုင်းကိုင်မြို့နယ် ခွန်မတ်မုံကျေးရွာအတွင်းရှိ ဒေသခံ ၂၇ ဦးကို ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးသွားပြီးနောက် ညနေပိုင်းတွင် ၂၀ ဦးကို ပြန်လွတ်လာပေးပြီး လက်ရှိအချိန်ထိ ၇ ဦးကို ဖမ်းဆီးထားဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ ၂၇ ဦးကို ကျေးရွာအနီး ဗုံးပေါက်ကွဲမှုကြောင့် ဖမ်းဆီးသွားကြောင်း သိရသည်။ ထိုပြန်လွတ်လာသည့် ပြည်သူ ၂၀ ဦးထဲတွင် တစ်ချို့သူများက နှိပ်စက်ခံခဲ့ရကြောင်း သိရသည်။

“ သူတို့က ရွာပတ်ဝန်းကျင်မှာ ဗုံးပေါက်လို့ဆိုပြီးတော့ ဖမ်းခေါ်သွားတာ။ ၂၇ ယောက်ဖမ်းသွားတာ။ ၂၀ ယောက်တော့ ပြန်လွတ်လာပေးတယ်။ ပြန်လွတ်လာတဲ့သူတွေကလည်း ရိုက်ခံရပြီး နှိပ်စက်ခံထားရတာ တွေရှိတယ်။ သိရသလောက်တော့ ၃ ယောက်လောက်တော့ နှိပ်စက်ခံထားရပြီးတော့ ပြန်လွတ်လာတာ” ဟု အမည်မဖော်လိုသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ထိုကြောင့် ထိုမြို့နယ် အတွင်းရှိ လူငယ်များနှင့် လူကြီးပိုင်းအများစုက အိမ်နီးချင်းနိုင်ငံ ထိုင်းနိုင်ငံသို့ ထွက်ပြေးနေလျက်ရှိကြောင်း မြေပြင် သတင်းပေးပို့ချက်အရသိရသည်။

“ အခုဆို လူတော်တော်များကလည်း ထိုင်းနိုင်ငံကို ထွက်ပြေးသွားကြပြီ။ ပြီးတော့ ဒေသခံတွေက အရမ်းကိုကြောက်နေကြရတယ်လေ။ ဒါကြောင့် အများစုတော့ ထွက်ပြေးကုန်ကြပြီး” ဟု ၎င်းအမျိုးသားက ပြောသည်။

ထိုဒေသတွင်နေထိုင်သည့်သူများကိုလည်း သတင်းဌာနသို့ သတင်းပေးပို့ပါက ဖမ်းဆီး စစ်ဆေးမည် ဟုဆိုပြီး မြေပြင်လှုပ်ရှားနေသည့် တပ်သားများက ပြည်သူများကို ခြိမ်းခြောက်ပြောဆိုထားသည်။ သက်ဆိုင်ရာတပ်ဖွဲ့မှ အထက်လူကြီးများမှ အောက်ခြေ တပ်သားများ၏ အခြေအနေကို သိရှိရန် လိုအပ်ကြောင်းလည်း ပြည်သူများက ပြောဆိုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...

မိုင်းရှူးမြို့တွင်း ပေါ်တာဆွဲသတင်းကြောင့် ဒေသခံ စိုးရိမ်မှုဖြစ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်က ပြည်သူ့စစ်မှုထမ်းရန် ပေါ်တာဆွဲခံနေရဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ လက်ရှိ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်၏ ပြည်သူ့စစ်မှုထမ်း ကိစ္စနှင့် ပတ်သက်၍ အမည်စာရင်းတွင် ပါဝင်နေသူများအနေဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခံနေရသည်ဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြ‌ရကြောင်း...