မူဆယ်မြို့ ပစ်ခတ်မှုဖြစ် ထိခိုက်ဒဏ်ရာ ရသူရှိ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့  စွမ်စော်ရပ်ကွက်တွင် ယမန်နေ့ (မေ ၁၇) ရက် ည ၁၁ နာရီ၀န်းကျင်၌ အမည်မသိ လက်ကိုင်တစ်စုက လက်နက်အပြည့်အစုံဖြင့် ရပ်ကွက်ထဲ၀င်လာပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူများရှိခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့  (မေလ ၁၇) ရက် ည ၁၁ နာရီဝန်းကျင်တွင် စစ်ဝတ်စုံနှင့် တံဆိပ် အဖွဲ့အစည်းမသိရသည့် သေနတ်ကိုင်လူတစ်စုက မူဆယ်မြို့  စွမ်စော်ရပ်ကွက်သို့ ဝင်လာပြီး နေအိမ်တစ်ခုမှ အမျိုးသားတစ်ဦးကို ရိုက်နက်ကန်ကျောက်ပြီး ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

“မနေ့ည ၁၁ နာရီလောက်မှာ စစ်၀တ်စုံအပြည့် နဲ့ သေနတ်ကိုယ်စီထားတဲ့ လူတစ်စုက ရပ်ကွက်ထဲဝင်လာတယ်၊ နေအိမ်တစ်အိမ်လုံးက အမျိုးသားတစ်ဦးကို ခေါ်ထုတ်ပြီး ရိုက်နှက်ကန်တာ တွေ့ရတယ်။ သူကထွက်ပြေးဖို့လုပ်တော့ ဟိုအဖွဲ့က သူ့ကို သေနတ်နဲ့ပစ်လိုက်တာ” ဟု မူဆယ်မြို့မှ အသက် ၃၅ နှစ်ကျော် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ဝတ်စုံအပြည့်နဲ့ လက်နက်ကိုင် အဖွဲ့အစည်းတစ်ခု

သေနတ်သံများ အဆက်မပြတ် ထွက်ပေါ်လာပြီးနောက် ဗုံးကဲ့သို့ ပေါက်ကွဲသံ နှစ်ချက်လည်းထပ်မံ ကြားရ ကြောင်း အထက်ပါ အမျိုးသားက ပြောသည်။

ထိုပစ်ခတ်ဖောက်ခွဲမှုများကြောင့် အဆိုပါ အမျိုးသား၏ အခြေအနေ မသိရှိရကြောင်း နှင့် သေနတ်ကိုင်လာသည့် အုပ်စုကိုလည်း အဖွဲ့အစည်း အမည်မသိရသေးကြောင်း ၎င်းက ပြောသည်။

“သူတို့ (သေနတ်ကိုင် လူစု) က စစ်၀တ်စုံနဲ့လာတယ်။ ကျန်တာ ဘယ်အဖွဲ့အစည်း၊ ဘယ်သူဘယ်ဝါ ဆိုတာတွေတော့ မသိရဘူး၊ ပြီးတော့ စွမ်စော်ရပ်ကွက်က အဲ့အမျိုးသားကို ဘာကြောင့် အဲ့လိုလုပ်ရတာလည်း ဆိုတာ ကျနော်တို့ မသိရသေးဘူး” ဟု ၎င်းက ပြောသည်။

CCTV မှတ်တမ်းများအရ လက်နက်ကိုင် လူအုပ်စုသည် အင်အား ၂၀ ဝန်းကျင်ခန့်ရှိပြီး ညအချိန် ဖြစ်သည့် အပြင် လမ်းမီးအလင်းရောင်မကောင်းသည့် အတွက် သေချာစွာ မမြင်ရကြောင်း ဒေသခံများက ပြောသည်။

မူဆယ်မြို့သည် မြန်မာ – တရုတ် နယ်စပ်ကုန်သွယ်ရေးမြို့ ဖြစ်သည့်အပြင် လက်နက်ကိုင်တပ်ဖွဲ့များလည်း များပြားစွာရှိနေသည့်အတွက် ယခုလို ပစ်ခတ်မှုများ၊ ခိုးယူလုယက်မှုများ နှင့်  ခြိမ်းခြောက်မှုများလည်း မကြာခဏဖြစ်ပွားလေ့ရှိသည့် ဒေသတစ်ခုဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

တာ့ခ်ခရိုင် ဒေသခံများကို လုယက်နေသည့် တရုတ်အဖွဲ့ ရဲကင်းလှည့်ကားကို မှားယွင်းတိုက်ခိုက်မိရာမှ ဖမ်းဆီးခံရ

0
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ဖုတ်ဖရာ (Phop Phra) နယ်မြေ အတွင်းရှိ ကျေးလက်လမ်းမများပေါ်တွင် ခရီးသွားပြည်သူများကို လုယက်တိုက်ခိုက်မှုများ ပြုလုပ်နေသည့် တရုတ်အမျိုးသားအဖွဲ့တဖွဲ့သည် အခြေအနေကို လာရောက်စစ်ဆေးသည့် ရဲကင်းလှည့်ကားကို မှားယွင်းတိုက်ခိုက်မိရာမှ အဖွဲ့လိုက် ဖမ်းဆီးခြင်းခံခဲ့ရကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ယမန်နေ့( ဇွန်လ ၄) ရက် နံနက် ၁၀ နာရီခွဲခန့်တွင်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...