တိုက်ပွဲ

သျှမ်းပြည်တွင်း လက်နက်ကိုင်တပ်ဖွဲ့များကြားတိုက်ပွဲကြောင့် သီပေါဒေသခံလူထု ထောင်ကျော်စစ်ဘေးရှောင်နေရ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း မြောက်ပိုင်းမဟာမိတ်တပ် နှင့် RCSS တပ်တို့ ကြားတိုက်ပွဲကြောင့် စစ်ဘေးရှောင်ဒေသခံလူထု ၁၀၀၀ ကျော် အထိ ယနေ့တိုးလာနေကြောင်းသိရသည်။ ၂ ဦး ၂ ဖက်ကြားတိုက်ပွဲများမှာ နိုဝင်ဘာလ ၂ ရက်နှင့် ၃ ရက်နေ့  ၂ရက်တာအတွင်းဖြစ်ပြီး စစ်ဘေးရှောင်များမှာ လည်း နားမခေါ်ကျောင်းတိုက်နှင့်ဝမ့်ဟုန့်ရွာကျောင်းတိုက်တို့တွင်...

သီတင်းကျွတ်လပြည့်နေ့ နမ္မတူမြို့နယ်အတွင်း သျှမ်းပြည်သားအချင်းချင်းတိုက်ပွဲဖြစ်ပွါး

သျှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူ မြို့နယ် မိုင်းရင် ကျေးရွာ တွင် သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မအခါတော်နေ့တွင် တိုက်ပွဲများကြောင့် နမ္မတူမြို့နယ်ရွှေမြင်သာ ကျောင်းသို့ စစ်ရှောင်များရောက်ရှိနေကြောင်း သိရသည်။ မြောက်ပိုင်းမဟာမိတ်တပ် နှင့် သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့ အောက်တိုဘာလ ၂၄ ရက်...

ကွတ်ခိုင်မြို့နယ်အတွင်း စစ်ရေးတင်းမာ မန့်ပြိန်းဒေသခံများ တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်

သျှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မန့်ပြိန်း ကျေးရွာတွင် မြန်မာတပ်မတော်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA) တို့ စစ်ရေးတင်းမာမှုကြောင့် ဒေသခံများ တိုက်ပွဲ ဖြစ်ပွားမည်ကို စိုးရိမ်မှုများဖြစ်ပွားနေကြကြောင်းသတင်းရရှိသည်။ စက်တင်ဘာ ၂၉ ရက်နေ့တွင် TNLA တပ်ဖွဲ့သည် မန့်ပြိန်း ကျေးရွာ တွင် ကားဘီးလှိမ့်ခွန် (ဆက်ကြေး)...

တိုက်ပွဲကြောင့် အဆုတ်တွင်း ကျည်ဆံဝင်သွားသည့် နမ္မတူရွာသား အား ကျည်ခွဲစိပ်ထုတ်ပေးပြီး

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်လုံအုပ်စုအတွင်း ယခုလဆန်းကဖြစ်ပွါးခဲ့သောတိုက်ပွဲကြောင့် ကျည်ဆံထိမှန်ဒဏ်ရာရသည့် ပန်လုံရွာသားအား အဆုတ်မှကျည်ဆံခွဲထုတ်ပြီးစီးခဲ့ပြီဖြစ်ကြောင်းသိရသည်။ စက်တင်ဘာလ ၁ ရက်နေ့က ပန်လုံအုပ်စုအတွင်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် သျှမ်းပြည်တပ်မတော် RCSS/SSA တို့ ကြားဖြစ်ပွားသောတိုက်ပွဲကြောင့် ဒေသခံရွာသား ၂ ဦးအား ကျည်ဆံထိမှန်ရာ တဦးမှာ ဆေးကုသမှု ခံယူကာ နေကောင်းသွားပြီဖြစ်သော်လည်း စိုင်းစံထွန်းမှာ...

အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့တွင် သျှမ်း/မြောက် နမ္မတူ၌တိုက်ပွဲဖြစ်ပွါး ရွာသားများစစ်ဘေးရှောင်နေရ

သျှမ်းပြည် မြောက်ပိုင်း နမ္မတူမြို့နယ် အတွင်း မကြာခဏ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့်မှုဖြင့် နေထိုင်နေရကြောင်း သိရသည်။ အဆိုပါ အရပ်ဒေသတွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ၊ သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် (...

ခြံပစ္စည်းများ ပျက်စီးပျောက်ဆုံးမှုကြောင့် စစ်ဘေးရှောင်များစိုးရိမ်စိတ်ဖြင့်နေရပ်ပြန်

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့တွင် စစ်ရေးငြိမ်သက်ခြင်းမရှိသေးသော်လည်း လယ်ယာလုပ်ငန်းခွင်အတွင်း ပျောက်ဆုံး ပျက်စီးမှုများရှိခဲ့သဖြင့် စိုးရိမ်စိတ်များဖြင့် နေရပ်သို့အသီးသီးပြန်နေကြကြောင်းသိရသည်။ နမ္မတူမြို့နယ်ပန်လုံအုပ်စုတွင် ပြီးခဲ့သည့်အပတ်များက မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် RCSS/SSA ကြား၊ အစိုးရတပ်မတော်နှင့် TNLA ၊ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့ကြား တိုက်ပွဲများကြောင့် ဒေသခံ ၂၀၀၀ ခန့်မှာ နမ္မတူမြို့နယ်၊ သီပေါမြို့နယ် သို့ထွက်ပြေးခိုလှုံခဲ့ရသည်။ လက်ရှိတွင် တိုက်ပွဲများငြိမ်သက်ခြင်းမရှိသေးသော်လည်း...

နမ္မတူမြို့နယ် တိုက်ပွဲများကြောင့် သွားလာဆက်သွယ်ရေးကားများ ခေတ္တရပ်ဆိုင်းထားရ

သျှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့နယ် ပန်လုံကျေးရွာ နှင့် ပန်ကိုင် ကျေးရွာ တိုက်ပွဲများဖြစ်ပွားမှုကြောင့် သွားလာဆက်သွယ်ရေးကားများ ခေတ္တရပ်ဆိုင်းရကြောင်း သတင်းရရှိသည်။   စက်တင်ဘာ ၄ ရက်နေ့ မနက် ၆ နာရီ ဝန်းကျင်က တအာင်း( ပလောင်) လွတ်မြောက်ရေးတပ်မတော် TNLA နှင့် သျှမ်းပြည် ပြန်လည်...

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် RCSS/SSA ကြားတိုက်ပွဲများကြောင့် နမ္မတူနှင့်သီပေါသို့ဒေသခံ ၂၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့အကြား တိုက်ပွဲများဆက်တိုက် ဖြစ်ပွါးခဲ့ရာ နမ္မတူမြို့နယ် နှင့် သီပေါမြို့နယ်သို့ စစ်ဘေးရှောင် ၂၀၀၀ ကျော်ရောက်ရှိနေကြောင်းသိရသည်။ ပန်လုံအုပ်စု နမ့်ဆီလင်းနှင့် မန်မိုင်နောင်ငင်းရွာ၊ လွယ်ပန်ပြည့်ရွာဘက်တွင် RCSS/SSA နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွါးခဲ့ရာ ပန်လုံအုပ်စုမှဒေသခံများ မန်စံမိုင်းမုအုပ်စုတွင် ၆...

သီပေါရောက် နမ္မတူမှစစ်ဘေးရှောင် ရာဂဏန်းနေရပ်မပြန်နိုင်သေး

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် အောင်မင်္ဂလာဘိုးတော်ဘုန်းကြီးကျောင်းရောက် နမ္မတူဒေသခံ စစ်ဘေးရှောင် ၂၀၀ ကျော်မှာ နေရပ်ပြန်ပြီး လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများလုပ်ကိုင်လိုပါသော်လည်း နေ့စဉ်နှင့်အမျှ ကြားနေရသော ပစ်ခတ်သံများကြောင့် နေရပ်မပြန်နိုင်သေးကြောင်းသတင်းရရှိသည်။ ပန်လုံအုပ်စု ပန်လုံရွာမှ ဒေသခံတဦးက - “ဒီမနက် သြဂုတ်လ ၂၂ ရက် သေနတ်သံထပ်ထွက်တယ်။ ဘယ်အဖွဲ့နဲ့ဘယ်အဖွဲ့ တိုက်ကြတယ် လို့တော့မသိဘူး။...

လားရှိုးမြို့နယ် မိုင်းယော်တွင်တိုက်ပွဲကြောင့် ရွာသား ၁၀၀ ခန့် စစ်ဘေးတိမ်းရှောင်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်တွင် အစိုးရတပ်နှင့်တအာင်းတပ်ဖွဲ့တို့ကြားတိုက်ပွဲ များငြိမ်သွားပြီ ဟုဆိုသော်လည်း ဒေသခံများစိုးရိမ်မှုရှိနေသေးသဖြင့် ရွာသား ၁၀၀ ၀န်းကျင်မှာ လားရှိုးသို့ တိမ်းရှောင်နေကြောင်းသိရသည်။ ယမန်နေ့က တိုက်ပွဲဖြစ်ပွါးခဲ့သည့် လွယ်ပန်ထီးနှင့် ၀မ့်ပန်ခုတ်ရွာတိုက်ပွဲကြောင့် သြဂုတ်လ ၂၂ ရက်မနက်ပိုင်းက ဒေသခံ တအာင်းလူထု ၁၀၀ ၀န်းကျင်ခန့် မိုင်းယော်သို့ရောက်ရှိကာ ကား...

Latest news