သီတင်းကျွတ်လပြည့်နေ့ နမ္မတူမြို့နယ်အတွင်း သျှမ်းပြည်သားအချင်းချင်းတိုက်ပွဲဖြစ်ပွါး

သျှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူ မြို့နယ် မိုင်းရင် ကျေးရွာ တွင် သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မအခါတော်နေ့တွင် တိုက်ပွဲများကြောင့် နမ္မတူမြို့နယ်ရွှေမြင်သာ ကျောင်းသို့ စစ်ရှောင်များရောက်ရှိနေကြောင်း သိရသည်။

Photo from Facebook/ တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသည့် မိုင်းရင်ရွာသားတချို့

မြောက်ပိုင်းမဟာမိတ်တပ် နှင့် သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့ အောက်တိုဘာလ ၂၄ ရက် သီတင်းကျွတ် လပြည့်နေ့ မနက် ၃ နာရီခွဲခန့်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း နမ္မတူ မြို့ သျှမ်းစာပေနှင့် ယဉ်ကျေးမှု ဥက္ကဌ လုံးစံပွင့် က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ တိုက်ပွဲ က မနက် ၃ နာရီခွဲ လောက်က စဖြစ်တယ်။ မနက် ၉ နာရီလောက် ရပ်သွားတယ်။ ဒါပေမယ့် ကြိုကြားကြိုကြားတော့ဖြစ်တယ်။ သီတင်းကျွတ်လပြည့်နေ့မှာ ဘယ်သူမှလည်း သီလ မယူနိုင်တော့ဘူး။ ထွက်ပြေးနေရတယ်” ဟု လုံးစံပွင့် က ဆိုသည်။

မိုင်းရင် ကျေးရွာ ရှိ ဘုန်းကြီးကျောင်းတွင် ရက်ကြီးရက်မြတ် ဖြစ်သည့် သီတင်းကျွတ်လပြည့်နေ့ဖြစ်သော်လည်း သီလဆောက်တည်မည့် သူမရှိကြောင်း၊ တိုက်ပွဲကြောင့် ဒေသခံများ ထိတ်လန့်မှုဖြစ်ပွားနေကြောင်းလည်း လုံးစံပွင့် ကပြောသည်။

“ သူတို့တွေက လေးလုံးထိုးတွေ ထော်လဂျီတွေနဲ့ လာကြတယ်။ နမ္မတူကို မနက် ၁၀ နာရီက ရောက်လာကြတယ်“ ဟု လုံးစံပွင့် က ဆိုသည်။

တိုက်ပွဲကြောင့် နမ္မတူမြို့ ရွှေမြင်သာ ကျောင်းတိုက်သို့ ရောက်လာသည့် စစ်ရှောင်များစုသည့် မိုင်းရင်းကျေးရွာ အုပ်စု ဖြစ်သည့် ဝမ့်တီး၊ ကောင်းကေးနှင့် လွယ်ကောင်းမူး ကျေးရွာ မှ ဒေသခံများဖြစ်ပြီး စစ်ဘေးရှောင် ၃၅၀ လောက်ရှိကြောင်းသိရသည်။

ပွင့်လင်းရာသီ အချိန်ရောက်လာပြီး ဒေသခံ ပြည်သူများလယ်ယာ စိုက်ပျိုးချိန်ဖြစ်သဖြင့် တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း တိုက်ပွဲဖြစ်ပွားမှု မဖြစ်အောင် အချင်းချင်း ရှောင်ပေးစေချင်ကြောင်းလည်း နမ္မတူမြို့ စစ်ရှောင်လာသည့် ဒေသခံများက ပြောကြသည်။

“ ပွင့်လင်းရာသီ ရောက်လာပြီဆိုတော့ တိုက်ပွဲတွေ ပိုဖြစ်လာမှာကိုပဲ စိုးရိမ်ရတယ်။တိုက်ပွဲတွေကြောင့် ပြည်သူတွေစိုက်ပျိုးရေးမလုပ်နိုင်ဘူး။တိုက်ပွဲတွေ မဖြစ်ဖို့ ပြည်သူတွေကို ငဲ့ညှာဖို့ ပြောချင်တယ်” ဟု နမ္မတူဒေသခံ စိုင်းအိုက် က ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ တွင်လည်း တိုက်ပွဲကြောင့် ပန်လုံအုပ်စု၊ ပန်ဆော့ အုပ်စု နှင့် မိုင်းမု အုပ်စုမှ ဒေသခံများ နမ္မတူမြို့နယ် အတွင်းသို့ ထွက်ပြေးခိုလှုံခဲ့ရကြောင်းသိရသည်။

နမ္မတူမြို့နယ် အတွင်း ယခုနှစ်အတွင်းတိုက်ပွဲများ မကြာခဏဖြစ်ပွားမှုကြောင်းဒေခံများ စိုက်ပျိုးရေး လုပ်ကိုင်ရန် အခက်အခဲများစွာ ရင်ဆိုင်နေရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...