နမ္မတူမြို့နယ် တိုက်ပွဲများကြောင့် သွားလာဆက်သွယ်ရေးကားများ ခေတ္တရပ်ဆိုင်းထားရ

သျှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့နယ် ပန်လုံကျေးရွာ နှင့် ပန်ကိုင် ကျေးရွာ တိုက်ပွဲများဖြစ်ပွားမှုကြောင့် သွားလာဆက်သွယ်ရေးကားများ ခေတ္တရပ်ဆိုင်းရကြောင်း သတင်းရရှိသည်။

 

စက်တင်ဘာ ၄ ရက်နေ့ မနက် ၆ နာရီ ဝန်းကျင်က တအာင်း( ပလောင်) လွတ်မြောက်ရေးတပ်မတော် TNLA နှင့် သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော် (RCSS/SSA) တို့ကြားတိုက်ပွဲ ဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီမနက် ၆ နာရီလောက် ပန်လုံကျေးရွာ ပန်ကိုင်ကျေးရွာ ဘက်မှာ လက်နက်သံတွေ ကြားရတယ်။ ပန်ကိုင် ကစစ်ရှောင် ၁၅ ဦးကို ကျနော်တို့ အဖွဲ့ သွားခေါ်တယ်။ ကျနော်တို့ စစ်ရှောင်သွားခေါ်တုန်းက ကားတွေ လမ်းပေါ်မှာ ရပ်နေရတယ်” ဟု သီပေါမြို့ နယ်စည်းမခြား လူမှုကူညီရေး အသင်း ဥက္ကဌ ကိုမျိုးက ပြောသည်။

ယခုရက်ပိုင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလာပြီး စစ်ရှောင်များ တိမ်းရှောင်နေရသည်မှာ စိတ်မကောင်းကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းခွင်ဝင်သည့်ရာသီဖြစ်သည့် အတွက် ကျေးရွာ အနီးတိုက်ပွဲမဖြစ်စေချင်ကြောင်း ကိုမျိုးက ပြောသည်။

“ ဒီနေ့ တိုက်ပွဲကြောင့် မန္တလေး ၊ လားရှိုး၊ သီပေါ ဆင်းမယ့် ကားတွေ လမ်းပိတ်ထားတယ်။ တိုက်ပွဲက သီပေါ နမ့်ဆန်လမ်းပေါ် ကပန်ကိုင် ကျေးရွာ နားမှာဖြစ်တာပါ။ အဲ့ဘက်က သီပေါနဲ့နီးတော့ သီပေါဘက် ထွက်ပြေးသွားကြတယ်” လို့နမ္မတူမြို့ မှ စစ်ရှောင် များကို ကူညီပေးနေသည့် စိုင်းမြင့် က ပြောသည်။

တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားမှုကြောင့် ဒေသခံများ လုံခြုံမှု မရှိတော့ဘဲ စိတ်အနှောက်အယှက်များ ဖြစ်ပွားနေကြကြောင်း၊ လက်နက်ကိုင် များ ကြားတွင် နေထိုင်ရသည့်အတွက် စိတ်ပျက်နေကြကြောင်းလည်း စိုင်းမြင့် က ပြောသည်။

တိုက်ပွဲများသည် ဇူလိုင် လလယ်မှစတင်ကာ ဖြစ်ပွားပြီး ယခုထိ ဆက်တိုက်ဖြစ်ပွားနေသဖြင့် နမ္မတူမြိုု့နယ် အတွင်းရှိ ဒေသခံများ မကြာခဏ ထွက်ပြေးတိမ်းရှောင်နေရသဖြင့်စိုက်ပျိုးရေးများ စီးပွားရေးများ ကောင်းမွန်စွာ မလုပ်ဆောင်နိုင်ကြောင်း စိုင်းမြင့် က ထပ်လောင်းပြောသည်။

“ တိုင်းရင်းသား အချင်းချင်း ဖြစ်နေတဲ့တိုက်ပွဲ လူမျိုးရေး ပြသာနာ ကြီးထွားလာတာ ကိုတော့ မတွေ့ရပေမယ့် နည်းနည်းလေးတော့ ခွဲခြား ဆက်ဆံတာရှိတယ်။ ကင်းကင်းရှင်းရှင်းနေကြတာတော့ တွေ့တယ်။ စစ်ဘေးရှောင်ရတာကလည်းဘယ်လူမျိုးဖြစ်ဖြစ် ရှောင်ရတာပဲ။ အခု ဖြစ်နေတဲ့ ပြသာနာကတော့ သူတို့ အချင်းချင်း လက်နက်နဲ့ အကြမ်းဖက်နည်းနဲ့ မဖြေရှင်းပဲ စာပွဲပေါ်မှာ ဖြေရှင်းရင်ပိုကောင်းပါတယ်” စစ်ရှောင် အမျိုးသားတဦးကပြောသည်။

လက်ရှိအချိန်သည် စိုက်ပျိုးရေးရာသီ ချိန်ဖြစ်သဖြင့် ပြည်သူများအလုပ်အကိုင် ပျက်ကာ စီးပွားရေး အခြေအနေ ကျဆင်းမှုကြံုတွေ့နေရသည် ဟု အဆိုပါ အမျိုးသားက ပြောသည်။

ဆက်လက်ပြီး စိုင်းမြင့် က “ ဒီနှစ် ကုန်စျေးနှုန်းက တက်တာ တမျိုး ၊ သဘာဝ ဘေး အန္တရာယ်ကလည်း တမျိုးဖြစ်တော့ ဒီလို စစ်ရေး တင်းမာမှုတွေ ဖြစ်လာတဲ့ အခါ စီးပွားရေးဦးမော့လာအောင်ပဲဖြစ်ဖြစ် ပြည်သူလူထု သူတို့တွေ ကိုယ်ပိုင်ရပ်တည်နိုင်ဖို့တော်တော် ထူထောင်ရမယ်” လို့ ဆိုသည်။

ယခု ၃-၄ လအတွင်း နမ္မတူမြို့နယ်တွင် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့၊ RCSS/SSA နှင့် မြန်မာတပ်မတော်တို့ အပြန်အလှန် တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် ဒေသခံများလယ်ယာဆင်းချိန်မရဘဲ စစ်ဘေးခေါက်တုန့်ခေါက်ပြန်ရှောင်နေကြရပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...