ကွတ်ခိုင်မြို့နယ်အတွင်း စစ်ရေးတင်းမာ မန့်ပြိန်းဒေသခံများ တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်

သျှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မန့်ပြိန်း ကျေးရွာတွင် မြန်မာတပ်မတော်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA) တို့ စစ်ရေးတင်းမာမှုကြောင့် ဒေသခံများ တိုက်ပွဲ ဖြစ်ပွားမည်ကို စိုးရိမ်မှုများဖြစ်ပွားနေကြကြောင်းသတင်းရရှိသည်။

Photo by Kan Thar/ရပ်ကွက် ၃ ကချင် ဘုရားကျောင်းသို့ လာရောက်တိမ်းရှောင် လာသည့် မန့်ပြိန်းကျေးရွာ ဒေသခံ များ

စက်တင်ဘာ ၂၉ ရက်နေ့တွင် TNLA တပ်ဖွဲ့သည် မန့်ပြိန်း ကျေးရွာ တွင် ကားဘီးလှိမ့်ခွန် (ဆက်ကြေး) ကောက်ခံ မှုကြောင့် ဒေသခံများ တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်ကာ မန့်ပြိန်းကျေးရွာ ဒေသခံ ၂၀၀ ခန့်သည် သိန္နီမြို့ ရပ်ကွက် ၃ ကချင် ဘုရားကျောင်းသို့ လာရောက်တိမ်းရှောင်ကြကြောင်း သိရသည်။

“ သူတို့တွေ က စစ်ပွဲဖြစ်မှာ ကြောက်လို့ ခဏလာရှောင်တာပါ။ မနက်က (အောက်တိုဘာ ၁) ရက်နေ့ မနက် ၉ နာရီတော့ ပြန်သွားကြပြီ။ နယ်မြေကတော့ မငြိမ်းချမ်းတော့ တိုက်ပွဲ တွေ ထပ်ဖြစ်မှာ ကြောက်နေကြတယ် ” ဟု သိန္နီမြို့ နယ် ပြည်နယ် လွှတ်တော်ကိုယ်စာလှယ် အမှတ် ၂ စိုင်းစိန်လူ က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

သျှမ်းပြည်နယ် မြောက်ပိုင်းက ယခင်ကဲ့သို့ မငြိမ်းချမ်းတော့ဘဲ တိုက်ပွဲများ မကြာခဏ ထိတွေ့မှုဖြစ်ပွားသဖြင့် ဒေသခံ ပြည်သူများ တိုက်ပွဲဖြစ်ပွားမည်ကိုစိုးရိမ် ထိတ်လန့်မှု ဖြစ်နေကြကြောင်း၊ လယ်ယာ စိုက်ပျိုးရေး ကို အေးချမ်းစွာ မလုပ်ကိုင်နိုင်ကြောင်း လည်း ကွတ်ခိုင်မြို့နယ် ဒေသခံများက ပြောကြသည်။

“ တိုုက်ပွဲက ဘယ်ချိန်ဖြစ်မယ်ဆိုတာ ခန့်မှန်းလို့မရဘူး။ တိုက်ပွဲတွေ ခဏ ခဏဖြစ်တော့ လယ်ယာ လုပ်ရမယ့်ချိန် မလုပ်နိုင်ဘူး။ တိုက်ပွဲတွေ အမြန် ရပ်စေချင်ပြီ” ဟု ကွတ်ခိုင် မှ ဒေသခံ အမျိုးသားတဦးက ပြောသည်။

ကွတ်ခိုင်မြို့ နယ် နှင့် သိန္နီမြို့နယ် အတွင်း တိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်သူ့စစ်များ နှင့် မြန်မာ့တပ်မတေ် တို့ လှုပ်ရှားနေသည့် နေရာ ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...

သိန္နီနှင့် ကွတ်ခိုင်တွင် မီးပြန်ရသော်လည်း မီတာတစ်ယူနစ် ၄၀၀ ကျပ် ပေးရမည်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် သျှမ်းပြည်မြောက်ပိုင်း သိန္နီနှင့် ကွတ်ခိုင်မြို့နယ်များတွင် ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ လျှပ်စစ်မီးများ ပြန်လည်ရရှိနေပြီဖြစ်သော်လည်း အိမ်သုံးမီတာခ တစ်ယူနစ်လျှင် ၄၀၀ ကျပ်အထိ ပေးဆောင်ရမည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်းမှစတင်ကာ သုံးနှစ်နီးပါးကြာ လျှပ်စစ်မီးပြတ်တောက်ခဲ့သည့် အဆိုပါဒေသများတွင် ယခုအခါ...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သိန္နီတွင် ယွမ်ငွေသုံးစွဲမှုကြောင့် ကျပ်ငွေကိုင်သူများ ဒုက္ခကြုံ

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့တွင် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းမှုနှင့်အတူ တရုတ်ယွမ်ငွေ လွှမ်းမိုးမှု မြင့်တက်လာခြင်းကြောင့် ဒေသခံပြည်သူများမျာ ကုန်ဈေးနှုန်းဒဏ်ကို ခံစားနေရကြောင်း ဒေသခံများထံမှ သိရသည်။ ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် သိန္နီမြို့တွင် ယခုအခါ ကုန်စုံဆိုင်းများမှအစ KTV လုပ်ငန်းများအထိ တရုတ်နိုင်ငံသား ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လာပြီးနောက် ယွမ်ငွေကိုသာ အဓိက...