အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့တွင် သျှမ်း/မြောက် နမ္မတူ၌တိုက်ပွဲဖြစ်ပွါး ရွာသားများစစ်ဘေးရှောင်နေရ

သျှမ်းပြည် မြောက်ပိုင်း နမ္မတူမြို့နယ် အတွင်း မကြာခဏ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့်မှုဖြင့် နေထိုင်နေရကြောင်း သိရသည်။

Photo by SHAN/ မန်စံသို့ စစ်ဘေးရှောင်ကြရသည့် ရွာသားများ၏ ၀မ့်နားငူးရွာ

အဆိုပါ အရပ်ဒေသတွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ၊ သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် ( RCSS /SSA ) တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများ က ဆိုကြသည်။

“ တိုက်ပွဲတွေ က ထိတ်တိုက်ဖြစ်တဲ့ တိုက်ပွဲတွေလို့ပြောလို့ရပါတယ်။ ဘယ်ချိန် ဘယ်နေရာဖြစ်မယ်ဆိုတာ မသိတော့ ကျနော်တို့လည်း ကြောက်နေရတယ်။ တိုက်ပွဲဖြစ်ရင်တော့ ရွာကနေ ရှောင်လိုက်။ ငြိမ်ရင် ပြန်လိုက်နဲ့ စိတ်မလုံဘူး” ဟု နမ္မတူမြို့နယ် မန်စံမြောက် ကျောင်း စစ်ရှောင် စခန်းသို့ လာရောက်ခိုလှုံသည့် လုံဆာ က ပြောသည်။

ထိုနည်းတူ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ဖြစ်သည့် စက်တင်ဘာ ၂၁ရက်နေ့တွင် RCSS/SSA နှင့် TNLA တို့ နမ္မတူမြို့နယ် နောင်အော်ကျေးရွာ နှင့် နားငူး ကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားရာ ဒေသခံ ၁၈၀ ကျော် နမ္မတူ မြို့နယ် မန်စံ မြောက်ကျောင်း စစ်ရှောင်စခန်းသို့ လာရောက်ခိုလှုံနေရကြောင်း စစ်ရှောင်ပြည်သူများကို ကူညီပေးနေသည့် စိုင်းမြင့် က ပြောသည်။

“ စစ်ဆင်ရေး ဖြစ်တဲ့ တိုက်ပွဲတော့ မဟုတ်ဘူး။ လက်နက်ကိုင် အချင်းချင်း သွားလာ လှုပ်ရှားမှုကိုတားဆီးချင်လို့ ပစ်တဲ့သဘောလို့ထင်ပါတယ်။ ဒေသအတွင်း လက်နက်ကိုင်တွေ သွားလာနေသရွေ့တော့ ထိပ်တိုက်တိုက်ပွဲက ဖြစ်နေအုံးမှာပါပဲ” ဟု စိုင်းမြင့် က ဆိုသည်။

ယခု ရက်ပိုင်းအတွင်း တိုက်ပွဲများ ရပ်ဆိုင်းနေသဖြင့် စစ်ရှောင် တချို့ နေရပ်သို့ ပြန်သွားပြီဖြစ်ကြောင်း၊ တချို့မှာ မနက်ပိုင်း တွင်လယ်ယာလုပ်ငန်းများ ဝင်ရောက်ပြီး ညနေပိုင်းတွင် စစ်ရှောင်သို့ ပြန်လာကြကြောင်း လည်း စစ်ရှောင် စခန်းကူညီပေးနေသူများက ပြောသည်။

“ဒီချိန် က ပြောင်းဖူး ချိုးချိန်ရောက်ပြီ။ ဒါကြောင့် တချို့ ဆိုရင် နေ့ဆိုရင်တော့ အခြေအနေ ကြည့်ပြီး ပြောင်းဖူးသွားချိုးကြတယ်။ ညဆိုရင် စခန်း ပြန်လာအိပ်ကြတယ်” ဟု စိုင်းမြင့် ကပြောပြသည်။

လက်ရှိ ဝါတွင်း ကာလ အတွင်း RCSS/SSA နှင့် TNLA တို့ သည် နမ္မတူမြို့နယ် အတွင်း တိုက်ပွဲဖြစ်ပွားမှု ၅ကြိမ်ထက် မနည်း ဖြစ်ပွားကာစစ်ရှောင်များ မကြာခဏ ထွက်ပြေးတိမ်းရှောင်နေရပြီး စိုက်ပျိုးရေး ကောင်းမွန်စွာ မလုပ်ဆောင်နိုင်ကြောင်း စစ်ရှောင်များက ပြောဆိုကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

တောင်ကြီးရောက် စစ်ဘေးရှောင်များ တစ်ပတ်တစ်ကြိမ် ဧည့်စာရင်းတိုင်ခ ပေးနေရ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိလာသည့် စစ်ဘေးရှောင်များသည် တစ်ပတ်တစ်ခါ ဧည့်စာရင်း တိုင်ကြားနေရပြီး တစ်ကြိမ်လျှင် ကျပ်ငွေ သုံးထောင် (၃,၀၀၀) ပေးဆောင်နေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ လွိုင်ကော်မြို့တွင် ဖြစ်ပွားခဲ့သည့်...