တိုက်ပွဲ
နမ္မတူမြို့နယ်တိုက်ပွဲအတွင်း ပိတ်မိနေသောရွာသားများ စစ်ရှောင်စခန်းသို့ ရောက်ရှိ
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မန်စံအုပ်စုတွင် ဖြစ်ပွါးသော တိုက်ပွဲကြောင့် ရွာအတွင်းပိတ်မိနေသည့် မန်ဝါကျေးလက်ရွာသားများ ယမန်နေ့ညက ရွာမှထွက်ခွါလာနိုင်ပြီဖြစ်ကြောင်းသိရသည်။ “နမ္မတူမြို့နယ် စစ်ဘေးရှောင်ကူညီရေးကော်မတီမှ စိုင်းဘဉာဏ်က - မန်ဝါရွာက ရွာသားတွေကို မနေ့ညနေ သွားကြိုလာပါတယ်။ စုစုပေါင်း ၄၇ ယောက်ပါ။ ကလေးနဲ့အမျိုးသမီးတွေ သက်ကြီးပိုင်းတွေပါတယ်။ သူတို့ကို ပုပ္ပါရုံကျောင်းတိုက်မှာ နေရာချထားပေးပါတယ်။...
နမ္မတူမြို့နယ်တွင် တိုက်ပွဲဖြစ်ပွါး မန်စံသို့စစ်ဘေးရှောင် ၄၀၀ ကျော်ရောက်ရှိ
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်မန်စံကျေးရွာအနီး တိုက်ပွဲဖြစ်ပွါးသဖြင့် ဘုန်းကြီးကျောင်းသို့ စစ်ဘေးရှောင် ၄၀၀ ကျော်ရောက်ရှိနေကြောင်း သိရသည်။ နမ္မတူမြို့နယ် မန်စံအုပ်စုအတွင်း TNLA နှင့် RCSS/SSA တပ်များ ဒီဇင်ဘာလ ၃၁ ရက်ညပိုင်းနှင့် ဇန်နဝါရီလ ၁ ရက်နေ့မွန်းတည့်ချိန်ကတည်းက စပြီး ယနေ့ မွန်းတည့်ချိန်အထိတိုက်ပွဲများဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်း၊ မန်စံအုပ်စုဝင် နားငူး၊...
လက်နက်ကိုင် ၂ ဖွဲ့ တိုက်ပွဲကြောင့် စစ်ရှောင် ၁၆၀၀ ကျော်ရှိ
သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် အတွင်း လက်နက်ကိုင် တပ်ဖွဲ့ ၂ ဖွဲ့ တိုက်ပွဲများဆက် တိုက်ဖြစ်ပွားမှုကြောင့် စစ်ရှောင် ၁၆၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။ လက်ရှိဖြစ်ပွားနေသည့်တိုက်ပွဲမှာ သျှမ်းလက်နက်ကိုင် ၂ ဖွဲ့ဖြစ်သော သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA)နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်...
သီပေါမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွါး ရွာသား ၃၀၀ ကျော်စစ်ဘေးရှောင်
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း လက်နက်ကိုင်တပ်ဖွဲ့များ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ရွာသား ၃၀၀ ကျော်နေရပ်မှ စွန့်ခွါထွက်ပြေးနေရကြောင်း သိရသည်။ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင် SSPP/SSA နှင့် RCSS/SSA တပ်ဖွဲ့တို့ကြားပစ်ခတ်တိုက်ခိုက်မှုများကြောင့် သီပေါမြို့နယ် ခိုင်းဟျိုးအုပ်စုအတွင်း စစ်ဘေးရှောင် ၃၀၀ ကျော် နေရပ်မှ စွန့်ခွါထွက်ပြေးနေရခြင်းဖြစ်သည်။ ဒီဇင်ဘာလ ၂၅ ရက် မနက်ပိုင်းက သီပေါမြို့နယ်...
စစ်ဒဏ်ကြောင့် မကျင်းပနိုင်ခဲ့တဲ့ သျှမ်းနှစ်သစ်ကူးပွဲတော် (ရိုးရာကောက်သစ်လှူပွဲ)
“ စစ်ပွဲကို ကြောက်၊ စစ်သားကို ကြောက် လို့ တိတ်ဆိတ်စွာနဲ့ နှစ်ကူးခဲ့တာ ၄ နှစ်ရှိသွားပါပြီ” လို့ အသက် ၄၀ ကျော် နန်းယိင်း က ပြောပြပါတယ်။ သူမက သျှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့နယ် မိုင်းရင်ကျေးရွာ မှာ နေထိုင်တဲ့ ဒေသခံ...
သီပေါမြို့နယ်အတွင်း တိုက်ပွဲထပ်ဖြစ် ရွာသား ၃၀၀ ကျော် ဘုန်းကြီးကျောင်းရောက်
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နားမခေါ်အုပ်စုအတွင်း တိုက်ပွဲထပ်မံဖြစ်ပွါးရာ စစ်ဘေးရှောင် ၃၀၀ ကျော် နားမခေါ်ဘုန်းကြီးကျောင်းသို့ရောက်ရှိနေကြောင်းသိရသည်။ ဒီဇင်ဘာလ ၁၀ ရက် ယနေ့မနက် ၈ နာရီ ၄၅ မိနစ်က နားမခေါ်အုပ်စု ဟိုနားရွာအရှေ့ဘက် ၂ မိုင်ခန့်အကွာတွင် အစိုးရတပ်မတော် နှင့်လက်နက်ကိုင်အဖွဲ့တဖွဲ့တို့တိုက်ပွဲဖြစ်ပွါးခြင်းဖြစ်ကြောင်းသိရသည်။ နားမခေါ်ဘုန်းကြီးကျောင်းရောက် ဟိုနားရွာသားတဦးက - ဒီတခါတော့...
လားရှိုးမြို့နယ်အတွင်း လက်နက်ကိုင်တပ်ဖွဲ့များ စစ်ရေးတင်းမာ လူထုစစ်ဘေးရှောင်နေရ
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်း TNLA နှင့် ပြည်သူ့စစ်တပ်ဖွဲ့တို့ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွါးခဲ့ပြီး အစိုးရတပ်မတော်မှလည်း နီးကပ်စွာလှုပ်ရှားသဖြင့် စစ်မြေပြင်အတွင်းရှိဒေသခံလူထု စစ်ဘေးလွှတ်ရာသို့တိမ်းရှောင်နေကြကြောင်းသိရသည်။ နို၀င်ဘာလ ၂၀ ရက်နေ့ မနက် ၈ နာရီခွဲအချိန်ခန့်က လားရှိုးမြို့နယ် နမ့်ပေါင်တိုက်နယ် နားနန်းကျေးရွာအုပ်စု လွယ်ပန်လုံးမ်တွင်စခန်းချထားသော မန်ပန်ပြည်သူ့စစ်တပ်ဖွဲဲ့နှင့် TNLA တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။ "နားနန်းအုပ်စုဒေသခံ အသက် ၄၀...
နမ္မတူမြို့နယ် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းတိုက်ပွဲဖြစ် ဒေသခံများ စိုးရိမ်ထိတ်လန့်နေ
သျှမ်းပြည် မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ နို၀င်ဘာလ ၂၀ ရက်ယနေ့မနက် ၆ နာရီမှ ၈ နာရီခွဲကြားတွင် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး...
မန်ပိန်းစစ်ရှောင် ၂၀၀ ကျော် စားဝတ်နေရေး ခက်ခဲနေ
သျှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူ လားရှိုး ကားလမ်းပေါ် က မန်ပိန်းရွာတဝိုက်တွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားမှုကြောင့် မန်ပိန်း အောက်ရွာ သို့ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သတင်းရရှိသည်။ နိုဝင်ဘာလအတွင်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင် တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ သျှမ်းပြည် တိုးတက်ရေးပါတီ( SSPP) နှင့် သျှမ်းပြည် ပြန်လည်...
သီပေါတွင် ပစ်ခတ်မှုဖြစ်ပွါး စစ်ဘေးရှောင် ၅၀၀ ကျော်ရှိ
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း အစိုးရတပ်မတော်နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA တို့ပစ်ခတ်မှုဖြစ်ပွါးရာ ဒေသခံ ၅၀၀ ကျော်နေရပ်မှစွန့်ခွါကာ ဘုန်းကြီးကျောင်းသို့စစ်ဘေး ရှောင်ခိုလှုံ နေကြကြောင်းသိရသည်။ နို၀င်ဘာလ ၁၃ ရက်မွန်းတည့်ချိန်က သီပေါမြို့နယ် နားမခေါ်အုပ်စု နားမခေါ်ရွာနှင့် နားလော့ရွာကြား အစိုးရတပ်မတော် စကခ ၁ လက်အောက်ခံ ခမရ...





