ကျောက်မဲမြို့နယ်ဘက်တွင် ပစ်ခတ်မှုမရပ်သေး စစ်ဘေးရှောင်ရွာသား ၁၀၀၀ ကျော်ရှိ

သျှမ်းပြည်မြောက်ပိုင်းကျောက်မဲမြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ အချင်းချင်းပစ်ခတ်တိုက်ခိုက် စစ်ရေးတင်းမာမှုများကြောင့် ကျောက်မဲသို့ စစ်ဘေးရှောင် ၁၀၀၀ ကျော်ရှိပြီဖြစ်ကြောင်းသိရသည်။

Photo by Kyaut Mae Youth/ ကျောက်မဲရောက် စစ်ဘေးရှောင်များ

ဖေဖော်ဝါရီလ ၉ ရက်နေ့ကစပြီး နားပုံ၊ နားပိန်း၊ ကောင်းဟုန်း၊ နားခွန်၊ လွယ်မွန်း၊ နမ့်ပျဉ်၊ ပန်လော့ ၊ခေါက်ဝိုးရွာများမှဒေသခံ  ၄၀၀ ခန့် ကျောင်းယွက်ကျောင်းတိုက်သို့ လည်းကောင်း၊ ၃၀၀ ခန့်မှာ အောင်ဆုပန်ကျောင်းတိုက်သို့ လည်းကောင်း၊ ၆၀ ကျော်မှာ နမ့်ကျိတ်လင်းသို့လည်းကောင်း၊ ရောက်ရှိခိုလှုံနေကြကြောင်းသိရသည်။

“နီးစပ်ရာဆွေမျိုးတွေထံမှာခိုလှုံနေကြတဲ့သူတွေအပါအဝင်ဆိုရင် ဒီနေ့ဆိုရင် ၁၀၀၀ ကျော်ရှိတယ်။ တိုက်ပွဲက ပန်လော့အုပ်စု ဝမ်နမ့်ပျဉ်ရွာနားမှ စဖြစ်တယ်။ စစ်မြေပြင်နဲ့နီးတဲ့ရွာတွေဆိုရင်လည်း ကြိုတင်ထွက်ပြေးလာတာရှိတယ်။ လောလောဆယ်တော့ စစ်ဘေးရှောင်တွေကို ရှိတဲ့ရံပုံငွေလေးနဲ့ ကူညီပေးနေပါတယ်။” – ဟု ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဝင်း ကသျှမ်းသံတော်ဆင့်အားပြောသည်။

Photo by Kyaut Mae Youth/ ကျောက်မဲရောက် စစ်ဘေးရှောင်များ

ကျောက်မဲမြို့နယ်အတွင်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင် SSPP နှင့် TNLA  တို့ပူးပေါင်းထားသည့် တပ်ဖွဲ့နှင့် RCSS/SSA တို့အကြား သျှမ်းပြည်အမျိုးသားနေ့နောက်ပိုင်း တိုက်ပွဲများဆက်တိုက်ဖြစ်ပွါး လာခဲ့ရာ ယနေ့တိုင် ၆ ရက်မြောက်ရှိပြီဖြစ်ပြီး ၂ ဖက် ၂ တန် စစ်အင်အားဖြည့်တင်းမှုမပြတ်ရှိနေ သေးသဖြင့် ရက်ရှည်တိုက်ပွဲဖြစ်ပွါးမည်ကိုစိုးရိမ်ကာ ဒေသခံများ နေရပ်မှထပ်မံစွန့်ခွါနေကြ ကြောင်းသိရသည်။

“မပြင်းထန်ပေမယ့် တိုက်ပွဲက နေ့တိုင်း ဖြစ်နေတယ်။  ဒီမနက်လည်း နမ့်ဖတ်၊  အက်ကီးရွာဘက်မှာ ချနေကြတယ်။ သူတို့အချင်းချင်းချတာမကဘူး ဒီမနက် ဗမာစစ်ကြောင်းတွေ ထပ်တက်သွားတယ်။ ရွာမှာဘယ်သူကနေရဲတော့မလဲ ” – ဟု ကျောက်မဲရောက် စစ်ရှောင် ပါ့နန်း ကပြောသည်။

ကျောက်မဲမြို့နယ်အတွင်း အစိုးရတပ်၊ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် RCSS/SSA တို့လှုပ်ရှားပါသည်။

 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းငေါ့မြို့နယ်တွင် ရေကြီးမြေပြိုမှုကြောင့် လူ ၂ ဦးသေဆုံး၊ နိုင်ငံတစ်ဝန်း ရေးဘေးသင့်သူ ၆ သောင်းကျော်ရှိလာ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ဖြစ်ပွားခဲ့သည့် ရေနစ်မှုနှင့် မြေပြိုမှုဖြစ်စဉ်များကြောင့် ရက်ပိုင်းအတွင်း ဒေသခံ ၂ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့က မိုင်းငေါ့မြို့နယ် ဟဲခမ်းကျေးရွာရှိ နမ့်မီချောင်းအတွင်း သူငယ်ချင်းများနှင့်အတူ ရေဆင်းကစားရာမှ ပျောက်ဆုံးသွားခဲ့သည့် အသက် ၁၅...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

သျှမ်းတောင် စစ်ဘေးရှောင်များ ရာသီတုတ်ကွေး ဖြစ်ပွားနေ

0
သျှမ်းတောင်ရောက် စစ်ဘေးရှောင်များသည် ယခု မိုးရာသီ ကာလအတွင်း ရာသီတုတ်ကွေး နှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် သျှမ်း-ကရင်နီနယ်စပ် မိုးဗြဲ၊ ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးရှောင်များသည် နီးစပ်ရာ စစ်ရှောင်စခန်းနှင့်...

ပဋိပက္ခကြားက ကျောက်မဲ အထက်ရဲရွာစီမံကိန်းကို စစ်တပ်ပြန်စရန် ပြင်ဆင်နေ

0
သျှမ်းပြည်မြောက်ပိုင်းတွင် စစ်ရေးနှင့် နိုင်ငံရေးအခြေအနေများ ရှုပ်ထွေးနေဆဲကာလအတွင်း တိုက်ပွဲများကြောင့် ပျက်စီးသွားသည့် အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းကို ပြည်ထောင်စုဘတ်ဂျက်သုံးစွဲကာ ပြန်လည်ပြင်ဆင်မည်ဟု စစ်ကော်မရှင်က ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကျောက်မဲမြို့နယ်ရှိ အဆိုပါစီမံကိန်းမှ စက်ပစ္စည်းနှင့် အဆောက်အအုံများ ငွေကျပ် ၂၆ ဘီလီယံခန့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...