စစ်ဒဏ်ကြောင့် မကျင်းပနိုင်ခဲ့တဲ့ သျှမ်းနှစ်သစ်ကူးပွဲတော် (ရိုးရာကောက်သစ်လှူပွဲ)

 

“ စစ်ပွဲကို ကြောက်၊ စစ်သားကို ကြောက် လို့ တိတ်ဆိတ်စွာနဲ့ နှစ်ကူးခဲ့တာ ၄ နှစ်ရှိသွားပါပြီ” လို့ အသက် ၄၀ ကျော် နန်းယိင်း က ပြောပြပါတယ်။

သူမက သျှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့နယ် မိုင်းရင်ကျေးရွာ မှာ နေထိုင်တဲ့ ဒေသခံ တဦးပါ။

လွန်ခဲ့တဲ့ ၄ နှစ်ကျော် က မိုင်းရင် ကျေးရွာမှာ သျှမ်းနှစ်သစ်ကူးကို ပျော်ရွှင်စွာ ဖြတ်သန်းကြသလို မိမိ လယ်ယာမှ ထွက်တဲ့ စပါး၊ သီးနှံတွေကို ရွာဘုန်းကြီးကျောင်းမှာ ကပ်လှူကြ၊ ပျော်ပွဲရွှင်ပွဲတွေလုပ်ပြီး စုပေါင်းစားသောက်ကြတယ် လို့ နန်းယိင်း က ပြန်လည်ပြောပြပါတယ်။

“ အရင်ကဆို သျှမ်းအဆိုတော် တွေ လာကြတယ်။ အရမ်းပျော်တယ်။ အခုတော့ ရွာဘုန်းကြီးကျောင်းမှာ စုပြီးတော့ နှစ်သစ်ကို တောင်မကြိုနိုင်ဘူး။ ကိုယ့်အိမ်ခန်းကနေ တံခါးပိတ်ပြီး တိတ်တဆိတ်ကြိုနေရပါတယ်” လို့ သူမ က ညိုးငယ်စွာနဲ့ပြောပြပါတယ်။

မိုင်းရင် ကျေးရွာဟာ မြောက်ပိုင်းမဟာမိတ် တပ်၊ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည် တပ်မတော်(RCSS/SSA) နဲ့မြန်မာ တပ်မတော်တို့ လှုပ်ရှားနေတဲ့ နေရာမှာ တည်ရှိတဲ့ ဒေသ တခုဖြစ်ပါတယ်။

အေးခိုက်တဲ့ ဆောင်းရာသီကို အံ့တုရင်း အနယ်နယ် အရပ်ရပ် က သျှမ်းပြည်သူထုတွေက နှစ်သစ်ကို ပျော်ရွှင်မှုတွေ နဲ့ ရင်ခုန်စွာ ဖြင့် စောင့်ဆိုင်းနေကြပါတယ်။

တန်ဆောင်မုန်းလကွယ်နေ့ ၁၂နာရီ ကျော် ပါက “ မိုင်ဆုန် ပီမိုင်တိုင်း” ဆိုပြီး နှစ်သစ်ကို ပျော်ပွဲ ရွှင်ပွဲတွေနဲ့ ကြိုဆိုလိုက်ပါတယ်။

အင်္ဂလိပ် သက္ကရာဇ် အရဆိုရင်တော့ ယခုနှစ် ဒီဇင်ဘာ ရ ရက်နေ့ည ၁၂ နဲ့ ၁ မိနစ်၊ ဒီဇင်ဘာ ၈ ရက်အကူးနေ့ ဟာ သျှမ်း နှစ်သစ်ကူးပွဲတော် “ ပီမိုင်တိုင်း” ပါပဲ။

ဒီနှစ်ကတော့ သျှမ်းသက္ကရာဇ် ၂၁၁၃ ခုနစ်၊ “ ဝက်” နှစ်ကို ရောက်ရှိလာပါပြီ။

သျှမ်းလူမျိုးတွေ ဟာ ကိုယ်ပိုင်စာ ၊ ကိုယ်ပိုင်ဘာသာစကား၊ ကိုယ်ပိုင် ယဉ်ကျေးမှုတွေနဲ့ ရှိလာတာ နှစ်ပေါင်း ၂၁၁၃ နှစ်ရှိပါပြီ။

သျှမ်းနှစ်သစ်ကူးကို သျှမ်းပြည်နယ် မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပသလို သျှမ်းပြည်ပြင်ပ မြို့ကြီးတွေဖြစ်ကြတဲ့ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ကချင်ပြည်နယ်တွေမှာနဲ့ သျှမ်း လူမျိုးတွေနေထိုင်တဲ့ တခြားသောတိုင်းတပါးတွေမှာ ခမ်းနားစွာ ကျင်းပကြပါတယ်။

သျှမ်း နှစ်သစ်ကူးရဲ့ အနှစ်သာရကတော့ ကောက်သစ်များနဲ့ သံဃာတော် အရှင်သူမြတ်များထံ ဆွမ်းကပ်ခြင်း၊ လူကြီးမိဘများကို ကန်တော့ခြင်း ၊ ပျော်ပွဲရွှင်ပွဲများအဆိုအကများဖြင့် ကြိုဆိုခြင်းတို့ဖြစ်ပါတယ်။

သျှမ်းပြည်နယ် တဝှမ်းလုံးမှာ သျှမ်းနှစ်သစ်ကို ပျော်ရွှင်စွာ ကြိုဆိုမှုတွေ ကျင်းပနေပေမယ့် သျှမ်းပြည် မြောက်ပိုင်းနမ္မတူ မြို့နယ် မှာတော့ တိုက်ပွဲတွေနဲ့ အတူ သျှမ်းနှစ်သစ်ကူးကို ပျော်ရွှင်စွာမကျင်းပ နိုင်ခဲ့ကြပါဘူး။

သျှမ်းပြည် မြောက်ပိုင်း နမ္မတူမြို့နယ် မှာစက်တင်ဘာ လ ကတည်းကစပြီး မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစု နှင့် သျှမ်းပြည် တိုးတက်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် တို့ တိုက်ပွဲများ အပြန်အလှန် ဖြစ်ပွားကာ ဒေသခံများ သျှမ်းနှစ်သစ်ကူးပွဲတော်ထိ စစ်ရှောင်နေကြရဆဲပါ။

“ နှစ်သစ်ပွဲတော်အခါသမယ နမ္မတူမြို့နယ်မှာပွဲတော်တက်တက်ကြွကြွဆင်နွဲတာမရှိ။ စိတ်လည်းသိပ်မပါချင် တခြားဒေသက ပျော်ရွင်ဖွယ် ကျင်းပတာမြင်ရတော့ ရောပြီးပျော်သလိုလိုတော့ရှိတယ်။ ဝမ်းနည်းသလိုလည်းခံစားရပါတယ်” လို့ နမ္မတူမြို့နယ် မိုင်းရင်ကျေးရွာက ဒေသခံ စိုင်းရန်ပြေ က ဆိုပါတယ်။

နမ္မတူမြို့နယ် မိုင်းရင် ကျေးရွာမှာ ၂၀၁၆ ခုနှစ်ကစပြီး သျှမ်းနှစ်သစ်ကူးပွဲတော်ကို ပျော်ပျော်ရွှင်ရွင်နဲ့မဖြတ်သန်းရတော့ဘဲနဲ့ တိုက်ပွဲတွေ ဘယ်တော့ဖြစ်မလဲဆိုတဲ့အတွေးတွေနဲ့ဘဲ ဒေသခံတွေဟာ စိုးရိမ်ထိတ်လန့်ကြောက်ရွံ့နေတယ်လို့ သူကဆက်ပြောပါတယ်။

“ ကျနော်တို့ ဘက်မှာ နှစ်ကူးကို ၃၊ ၄ နှစ်လောက်ရှိပြီ မကျင်းပနိုင်ခဲ့ဘူး။ မပြည်စုံတဲ့ နှစ်သစ်ကူးကာလပါ။ ပွဲတော်ကာလမှာ မိသားစုချင်းဆုံတွေ့ချိန်၊ပျော်ရွှင်ရမယ့်ချိန်မှာ ဝမ်းနည်းဖွယ်ရာတွေ ကြုံနေရတယ်” လို့ သူက ပြောပါတယ်။

မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစု နဲ့ RCSS/SSA တို့ တိုင်းရင်းသားအချင်းချင်း စစ်ကစားမှုတွေကြောင့် သျှမ်းနှစ်သစ်ကူး ကာလ မှာ ပြည်သူတွေ ပျော်ရွှင်မှု မရကြောင်း၊ လယ်ယာ စိုက်ပျိုးတဲ့ ရာသီ မှာလည်း တည်ငြိမ်အေးချမ်းစွာ မနေရ တော့ ပျော်ရွှင်ပွဲဆိုလည်း မိုင်းရင်ကျေးရွာ အတွက် မသက်ဆိုင်သလို ခံစားလာကြောင်း သူက ထပ်လောင်း ပြောပြပါတယ်။

“ ကျနော်တို့ နမ္မတူ မြို့ မှာလည်း သျှမ်းနှစ်သစ်ကူး ပွဲတော် မကျင်းပနိုင်သေးဘူး။ အချိန်ကိုစောင့်ကြည့်နေပါတယ်။ အခြေအနေကောင်းရင်တော့ လုပ်ဖို့ ရှိပါတယ်။ ဘယ်နေ့ လုပ်မယ်ဆိုတာ မသိသေးဘူး” ဟု နမ္မတူမြို့ သျှမ်းစာပေ ယဉ်ကျေးမှု မှ စိုင်းဘဉာဏ် က ပြောပါတယ်။

တိုက်ပွဲတွေ က ကျေးရွာ အနားမှာတွေဖြစ်တော့ စိုးရိမ်မှုတွေက တော့ ရှိကြကြောင်းလည်း စိုင်းဘဉာဏ် ကပြောပါတယ်။

ယခုဖြစ်နေတဲ့ တိုက်ပွဲတွေမှာ သျှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားအချင်းချင်းဖြစ်ကြောင်း၊ သျှမ်း လက်နက်ကိုင် များအနေနဲ့ သဘောထားကြီးသင့်ကြောင်း၊ သျှမ်းများသဘောထားကြီးမှသာ သျှမ်းပြည်နယ် အတွင်းရှိလူမျိုးစုငယ် တွေက လေးစားမှာဖြစ်ကြောင်း စိုင်းဘဉာဏ် က ပြောပါတယ်။

ဒါ့အပြင် ယနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့ သျှမ်းနှစ်ကူး ကာလ ၊ နိုင်ငံတကာ လူ့အခွင့်အရေးနေ့ မှာလည်း သီပေါမြို့နယ် နားမခေါ် ကျေးရွာ အုပ်စု အတွင်း တိုက်ပွဲဖြစ်ပွါးလို့ သျှမ်းပြည်သူ ၃၀၀ ကျော် စစ်ရှောင်လာကြပါတယ်။

Photo by Sipaw Youth/ နားမခေါ်ဘုန်းကြီးကျောင်းရောက်စစ်ဘေးရှောင်များ

“သျှမ်းခေါင်းဆောင်တွေကို တိုက်တွန်းချင်တာ က သျှမ်းနှစ်သစ်ကူးက စပြီး သျှမ်းလူထုတရပ်လုံး က အားကိုး အားထားပြုရတဲ့ ပုဂ္ဂိုလ်ဖြစ်အောင် စွမ်းဆောင်ပေးဖို့၊ စည်းလုံး ညီညွတ်စွာဖြင့် စိတ်တဝမ်းတည်း ရှိမှသာ သျှမ်းပြည်သားအားလုံးအေးချမ်းစွာ နေရမည်ဖြစ်ကြောင်း၊ သျှမ်းပြည် တွင်းမှာအတူတကွ နေထိုင်တဲ့ တိုင်းရင်းသားညီအကို မောင်နှမတွေ အားလုံးလည်း အေးချမ်းပျော်ရွှင်စွာနေရမှာဖြစ်ကြောင်း” – ပြည်ထောင်စု အင်စတီကျု ဒါရိုက်တာ ဦးခွန်စိုင်း က ပြောပါတယ်။

မိုင်းရင်မှာ စစ်ရှောင်တွေ ရှိတာနဲ့ စစ်အင်အားဖြည့်တင်းတာနဲ့ ဘုန်းကြီးကျောင်းမှာ နှစ်သစ်ကူးမကျင်းဘဲရဲတဲ့ အနေအထားဖြစ်နေပါတယ် ။

တိုက်ပွဲတွေ မကြာခဏဖြစ်ပွား၊ စစ်ဘေးတွေ မကြာခဏထွက်ပြေးတိမ်းရှောင်နေရတဲ့ နမ္မတူမြို့နယ် မိုင်းရင်းကျေးရွာ အုပ်စု က လယ်ယာစိုက်ပျိုးမှုကို ကောင်းမွန်စွာမလုပ်နိုင်သည့်အတွက် သျှမ်းနှစ်သစ်ကူး ကောက်သစ်စားပွဲ အတွက်လည်း သေချာစွာ မပြုလုပ်နိုင်ကြောင်း မိုင်းရင် ကျေးရွာ က သျှမ်းဒေသခံများက ပြောပါတယ်။

“ နှစ်သစ်ကူး၊ ကောက်သစ်စားပွဲကတော့ ရိုးရာ အရ မဖြစ်မနေ တော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်ကြတယ်။ သူများလို စုဝေးမလုပ်နိုင်တော့ နောက်ဆုံး ကိုယ်ခြံထဲထွက်တဲ့သီးနှံနဲ့ ကိုယ့်အိမ်မှာ ပဲ ဆွမ်းတော်ကပ်လှူတဲ့အဆင့်ဖြစ်သွားတယ်” လို့ မိုင်းရင်ကျေးရွာ မှ အမျိုးသမီး တဦး ကပြောပါတယ်။

တိုင်းရင်းသားအချင်းချင်းဖြစ်တဲ့ တိုက်ပွဲပဲဖြစ်ဖြစ်၊ မြန်မာတပ်မတော်နဲ့တိုင်းရင်းသားနဲ့ ဖြစ်တဲ့ တိုက်ပွဲပဲဖြစ်ဖြစ် မဖြစ်စေချင်တော့ကြောင်း၊ စစ်ပွဲကြောင့် မိုင်းရင် ဒေသခံတွေလည်း လုပ်ကိုင်စားသောက်မှု အတွက် အခက်အခဲတွေကြံုနေရကြောင်း နန်းယိင်းက ပြောပါတယ်။

“ ကျမတို့လည်း စိုးရိမ်းမှု မရှိတဲ့ သျှမ်းနှစ်သစ်ကူးကို ပျော်ရွှင်စွာ ဆင်နွှဲချင်တယ်။ ကိုယ့်လယ်က ထွက်တဲ့ ကောက်သစ်ကိုလည်း ဘုန်းကြီးကျောင်းမှာလှူ၊ ကိုယ့် မိသားစု တွေ ကိုယ့်ဒေသခံတွေနဲ့ ပျော်ပွဲရွှင်ပွဲလုပ်ကာ စားသောက်ချင်ပါတယ်” လို့ နန်းယိင်းက ဝမ်းနည်းစွာ ပြောလိုက်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သိန္နီ-နမ္မတူကြား MNDAA တပ်အပြောင်းအရွှေ့လုပ်

0
သျှမ်းပြည် သိန္နီမြို့နှင့် နမ္မတူမြို့ကြား ကိုးကန့်တပ်ဖွဲ့ MNDAA စခန်းချ တပ်စွဲထားသည့် နေရာများတွင် တပ်အပြောင်းအရွှေ့ ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ဧပြီလ တတိယပတ်မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့ကြားရှိ မိုင်းရင်ကျေးရွာအုပ်စုဘက်တွင် MNDAA...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...