Friday, April 26, 2024

သျှမ်း ၃ ဦးအား စံပြပုဂ္ဂိုလ်ဆု Naga Awards ကို ထိုင်းနိုင်ငံမှပေးအပ်ချီးမြှင့်

Must read

ထိုင်းနိုင်ငံ သာသနာတော်ပျံ့ပွါးရေးနဲ့ ဒေသန္တရ ပြန်ကြားရေးကော်မတီအဖွဲ့ကနေ ပရဟိတ လုပ်ဆောင်သူ လူပုဂ္ဂိုလ်နဲ့အဖွဲ့အစည်းတွေကို စံပြပုဂ္ဂိုလ်အဖြစ် ဆုချီးမြှင့်ရာမှာ သျှမ်းလူမျိုး ၃ ဦး လည်း ဆုလက်ခံရရှိခဲ့ ပါတယ်။

Photo by Pang Leng / စံပြပုဂ္ဂိုလ်ဆု Naga Awards ဆုရှင် တောင်ကြီးမြို့ ဗုဒ္ဓတက္ကသိုလ်က ဆရာတော် ဒေါက်တာ နော်ခမ်းလ ၊ နမ့်စန်မြို့ ပန်လိုင်းဆိုင် ပြည်သူ့စစ်တပ်ဖွဲ့ ခေါင်းဆောင် စဝ်လိုင်းဆိုင်ဟိန်း နဲ့ တောင်ကြီးမြို့ ငွေစံအိမ် သျှမ်းရိုးရာဝတ်စုံအရောင်း ဆိုင်ပိုင်ရှင် ဒေါ်နန်းစံလိုင်း

ဒီဇင်ဘာလ ၈ ရက်နေ့တုန်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ Naga Awards ဆုကိုချီးမြှင့်ခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံက ပုဂ္ဂိုလ်တွေအပါအဝင် တခြားသော ပြည်ပနိုင်ငံအသီးသီးက ပုဂ္ဂိုလ်များ ရာနဲ့ချီ ဆွတ်ခူးခဲ့ကြပါ တယ်။

အဲဒီအထဲမှာ မြန်မာနိုင်ငံသား သံဃာတော် ၅ ပါနဲ့ လူပုဂ္ဂိုလ် ၅ ဦး စုစုပေါင်း ၁၀ ဦးပါ၀င်ရာမှာ သျှမ်းလူမျိုး သံဃာတော် တပါး နဲ့ လူထု ၂ ဦး ဆုလက်ခံရရှိခဲ့ပါတယ်။

တောင်ကြီးမြို့ ဗုဒ္ဓတက္ကသိုလ်က ဆရာတော် ဒေါက်တာ နော်ခမ်းလ ၊ နမ့်စန်မြို့ ပန်လိုင်းဆိုင် ပြည်သူ့စစ်တပ်ဖွဲ့ ခေါင်းဆောင် စဝ်လိုင်းဆိုင်ဟိန်း နဲ့ တောင်ကြီးမြို့ ငွေစံအိမ် သျှမ်းရိုးရာဝတ်စုံအရောင်း ဆိုင်ပိုင်ရှင် ဒေါ်နန်းစံလိုင်း တို့ဖြစ်ကြပါတယ်။

ဆုလက်ခံရရှိတဲ့ တောင်ကြီးမြို့ ဗုဒ္ဓတက္ကသိုလ်က ဆရာတော် ဒေါက်တာ နော်ခမ်းလ က- “ဘုန်းဘုန်းအနေနဲ့ အခုလို ဆုလက်ခံရရှိတော့ ဘယ်လိုမှ ထူးထူးခြားခြားခံစားရတာတော့မရှိပါဘူး။ ဘာလို့လဲဆိုတော့ ဒီလူမှု အကျိုးပြု လုပ်ငန်းတွေ သာသနာပျံ့ပွါးရေးလုပ်ငန်းတွေ စစလုပ်ကတည်းက ဒီအတွက် တုန့်ပြန်ချက်ကို ဘာမှမမျှော်လင့်ထားခဲ့မိလို့ပါဘဲ။ ဒါပေမယ့် ဒီဆုကိုလက်ခံရရှိခဲ့တယ်ဆိုတော့လည်း ရှေ့ဆက်အလုပ်လုပ်ဖို့ ခွန်အားတခု ဖြစ်စေတာပေါ့ ” – လို့ တိုင်းတီဝီ သတင်းမှာ မိန့်တော်မူပါတယ်။

Naga Awards ဟာ လူမှုရေးအကျိုးပြု စံပြပုဂ္ဂိုလ်တွေကို ရွေးချယ်ပေးတဲ့ ဆု ဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာမှ ပထမအကြိမ်အဖြစ် စတင်ချီးမြှင့်ပေးအပ်တဲ့ဆုဖြစ်ပါတယ်။

ဆုချီးမြင့်ဖို့ သတ်မှတ်ထားတဲ့ အရည်အချင်း ၁၅ မျိုးရှိပါတယ်။ လူမှုအကျိုးပြုစံပြုပုဂ္ဂိုလ်၊ Volenteer ၊ နိုင်ငံတကာအဆင့်အောင်မြင်တဲ့သူတွေ၊ သာသနာအကျိုးပြုလုပ်ငန်းလုပ်နေတဲ့ပုဂ္ဂိုလ်တွေ၊ အစိုးရဝန်ထမ်း၊ ဒေသအုပ်ချုပ်ရေး၊ ပရဟိတ လုပ်ငန်းလုပ်နေသူတွေ၊ အနုပညာရှင်၊ အားကစားသမား၊ သတင်းနှင့်ပြန်ကြားရေး (မီဒီယာသမား)၊ လူငယ် ပရဟိတ၊ အစိုးရ / ပုဂ္ဂလိက အဖွဲ့အစည်းများ၏ ထူးချွန်သော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပုဂ္ဂိုလ်၊ အောင်မြင်သောစီးပွါးရေးလုပ်ငန်းရှင်၊ ယခုနှစ်အတွက် စံပြထုတ်ကုန်- စတဲ့အလုပ်တွေကို အစဉ်တစိုက်လုပ်ဆောင်လာသူတွေကို ချီးမြှင့်တာဖြစ်ပါတယ်။

Leave a Comments

- Advertisement -spot_img

Latest article