တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း တိုက်ပွဲကြောင့် စေတီပုထိုးများလက်နက်ထိမှန်

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် နမ့်ပျဉ်း ကျေးရွာ နှင့် ပန်လော့ ကျေးရွာ တွင် တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်းတိုက်ပွဲဖြစ်ပွားမှုကြောင့် စေတီပုထိုးများ လက်နက်ကြီး ထိမှန်ခဲ့ကြောင်းသတင်းရရှိသည်။

Photo by စိုင်းသျှမ်း- စေတီပုထိုးများကြားကျသော လက်နက်ကြီး လက်နက်ငယ်ကျည်များအားတွေ့ရစဉ်

ကျောက်မဲမြို့နယ်တွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင် SSPP နှင့် RCSS တို့ကြား ဖေဖော်ဝါရီ ၂ ရက်နေ့မှ စတင်ကာ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

“ သျှမ်းလက်နက်ကိုင် ၂ ဖွဲ့ တိုက်ပွဲ ဖြစ်တာ တပတ်လောက်ရှိပြီ။ တိုက်ပွဲက ရွာနဲ့ နီးတယ်။ အသံတွေကြားရတယ်။ မနေ့က ကျနော် ရွာခဏပြန်ချိန် လက်နက်ကြီးတွေ စေတီပုထိုးတွေ ထိမှန်တာ တွေ့ရလို့ ဓာတ်ပုံရိုက်လာတာပါ” ဟု စစ်ဘေးရှောင် နမ့်ပျဉ်းကျးရွာ ဒေသခံ စိုင်းသျှမ်းက ပြောသည်။

Photo by စိုင်းသျှမ်း- စေတီပုထိုးများကြားကျသော လက်နက်ကြီး လက်နက်ငယ်ကျည်များအားတွေ့ရစဉ်

တိုက်ပွဲကြောင့် စေတီပုထိုးများ ပျက်စီးခြင်းသည် မကောင်းကြောင်း၊ သျှမ်းလက်နက်ကိုင် အချင်းချင်းဖြစ်ပွားသည် တိုက်ပွဲများလည်း ရပ်ဆိုင်းစေခြင်းကြောင်း လည်း စိုင်းသျှမ်းက ပြောသည်။

“ တိုက်ပွဲတွေက ရွာနဲ့ဝေးရင် သိပ်ပြသနာမဖြစ်ဘူး။ ရွာနားနဲ့နီးရင် ပြည်သူတွေ ဒုက္ခရောက်တယ်။ နောက် လက်နက်ကြီးတွေ ကျည်တွေ လူထိ မမှန်ဖို့ ဆုတောင်းပြီး ထွက်ပြေးလာရတယ်” ဟု ၎င်းက ထပ်လောင်းပြောသည်။

အဆိုပါ တိုက်ပွဲကြောင့် နမ့်ပျဉ်းကျေးရွာနှင့် တာလော့ကျေးရွာ ဒေသခံ ရ၀၀ သည် ကျောက်မဲမြို့ ပေါ်ရှိ အောင်ဆုပန်ဘုန်းကြီးကျောင်းနှင့် ဓမ္မမေဒနီရွှေကျင် ဘုန်းကြီးကျောင်းတွင် ခိုလှုံနေရသည်။

Photo by စိုင်းသျှမ်း- စေတီပုထိုးများကြားကျသော လက်နက်ကြီး လက်နက်ငယ်ကျည်များအားတွေ့ရစဉ်

ထို့အပြင် သျှမ်းပြည် မြောက်ပိုင်းတွင် ဖေဖော်ဝါရီ ၁၂ရက် (ပြည်ထောင်စုနေ့)တွင် နမ္မတူမြို့နယ် အတွင်း (RCSS/SSA) နှင့် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...