တိုက်ပွဲ
မြန်မာ့တပ်မတော် အပစ်ရပ်တိုးသော်လည်း သျှမ်းမြောက် တိုက်ပွဲ ဖြစ်နေဆဲ
မြန်မာ့ တပ်မတော် အနေဖြင့် အပစ်ရပ်ကာလ ၂၁ ရက် ထပ်တိုးထားသော်လည်း သျှမ်းမြောက်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသေးကြောင်း သတင်းရရှိသည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC နှင့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့တို့ လက်ရှိ ဆွေးနွေးဆဲ အခြေအနေ ဆက်လက် ဆောင်ရွက်နိုင်ရန်...
လားရှိုးမြို့ရှိ ဘုန်းကြီးကျောင်းများကစစ်ရှောင်များ စိုးရိမ်ထိတ်လန့်မှုကြားက နေရပ်ပြန်ရ
တိုက်ပွဲကြောင့် သျှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ သီရိမင်္ဂလာ မန်ဆူ ဘုန်ကြီးကျောင်းသို့ရောက်ရှိခိုလှုံသည့် စစ်ဘေးရှောင်များမှာ စိုးရိမ် ထိတ်လန့်မှု ကြား နေရပ်ပြန်သွားကြရကြောင်း သိရသည်။ လက်ရှိ လားရှိုးမြို့နယ်အတွင်း တိုက်ပွဲများငြိမ်သက်နေပြီဖြစ်သဖြင့် သီရိမင်္ဂလာ မန်ဆူ ဘုန်းကြီးကျောင်းသို့ ရောက်ရှိခိုလှုံနေကြသော စစ်ဘေးရှောင် များ နေရပ်သို့ စိုးရိမ်စိတ်ဖြင့် ပြန်သွားကြပြီဖြစ်ကြောင်း...
သျှမ်းမြောက်တိုက်ပွဲ စစ်ဘေးရှောင် ၅၀၀၀ ကျော် ရှိလာ
သျှမ်းပြည်နယ်မြောက်ပိုင်းတွင် တကျော့ပြန် တိုက်ပွဲများပြန်လည် ပြင်းထန်လာသဖြင့် စစ်ဘေးရှောင် ၅၀၀၀ ကျော် တိုးများလာကြောင်း သိရသည်။ စစ်ဘေးရှောင် ၅၀၀၀ကျော်သည် သျှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ သိန္နီမြို့နယ်နှင့် နမ့်ခမ်းအတွင်းရှိ ဘုန်းကြီးကျောင်းများ၊ ဆွေမျိုးအိမ်များတွင် ခိုလှုံနေထိုင်နေကြကြောင်း သျှမ်းပြည်နယ် မြောက်ပိုင်း လူမှု အဖွဲ့အစည်းများ ကောက်ခံထားသည့်...
တိုက်ပွဲကြောင့်အရပ်သားများ သေဆုံးမှု သျှမ်း/မြောက် လူသားစာနာမှုအဖွဲ့ ရှုပ်ချ
သျှမ်းပြည်မြောက်ပိုင်းတွင်ဖြစ်ပွါးနေသော တိုက်ပွဲနှင့်ပတ်သက်ပြီး ဒေသခံလူထု ထိခိုက်ဒဏ်ရာရ သေကြေ ပျက်စီးဆုံးရှုံးမှု အပေါ် ရှုပ်ချကြောင်း သျှမ်းပြည်နယ်မြောက်ပိုင်း လူသားချင်းစာနာ ထောက်ထားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ က ထုတ်ပြန်ကြေငြာလိုက်သည်။ သြဂုတ်လ ၁၉ ရက်နေ့က ကျရောက်သော ကမ္ဘာ့လူသားချင်းစာနာထောက်ထားမှု အထိမ်းအမှတ်နေ့တွင် သျှမ်းပြည်နယ်မြောက်ပိုင်း လူသားချင်းစာနာထောက်ထားမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ Humanitarian Strategic Team...
သျှမ်းပြည်မြောက်ပိုင်းမှာဖြစ်ပွါးနေတဲ့တိုက်ပွဲနှင့်ပတ်သက်ပြီး သူတို့ဘာပြောကြသလဲ
တပ်မတော်က မြောက်ပိုင်းမှာ စစ်ဆင်ရေး အပြင်းအထန် လုပ်လာနိုင်မဲ့ အနေအထားရှိနေ
မြောက်ပိုင်းမဟာမိတ်က အတွင်းစည်းထိ ဝင်ရောက်လှုပ်ရှားလို့ တပ်မတော်က လည်း ပြန်ပြီး စစ်ဆင်ရေး လုပ်မယ့် အနေအထား ရှိနေအတွက် မြောက်ပိုင်းမှာ စစ်ရေး ပိုပြီး ပြင်းထန်လာနိုင်တယ် - လို့ နယ်စပ်တိုင်းရင်းသားအရေးကျွမ်းကျင်သူ ဦးမောင်မောင်စိုးက ပြောပါတယ်။ မြောက်ပိုင်းမဟာမိတ်...
နမ့်ဖတ်ကာတိုက်ပွဲတွင် မြန်မာ့တပ်သား ၆ ဦး ကျဆုံး
သျှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့ နမ့်ဖတ်ကာရွာအဝင်တွင်ဖြစ်ပွားခဲ့သည့် ညီနောင်မဟာမိတ် ၃ ဖွဲ့ နှင့် မြန်မာ့တပ်မတော်တိုက်ပွဲတွင် မြန်မာ့တပ်သား ၆ ဦး ကျဆုံးခဲ့သည်ဟု သတင်းရရှိသည်။ သြဂုတ် ၁၇ ရက်နေ့ ကဖြစ်ပွါးသော တိုက်ပွဲကြောင့်ကျဆုံးသွားသည့် မြန်မာ့တပ်မတော် စစ်သား (၆) ဦးကို မေတ္တာရှင် လူမှုကူညီရေး...
သျှမ်းမြောက် တိုက်ပွဲကြောင့် စစ်ရှောင် ၂၀၀၀ ကျော် စားရိက္ခာ လိုအပ်နေ
သျှမ်းပြည်နယ်မြောက်ပိုင်း တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားမှု ကြောင့် ဒေသခံ ၂၀၀၀ ကျော်မှာ စစ်ဘေးတိမ်းရှောင်ကာ ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေရသည် ဟု သတင်းရရှိသည်။ သျှမ်းပြည်နယ် မြောက်ပိုင်း အတွင်း သြဂုတ် ၁၅ ရက်နေ့ မှစတင်ကာ ညီနောင် မဟာမိတ် (၃) ဖွဲ့ နှင့်...
နောင်ချိုတိုက်ပွဲအပြီး TNLA နှင့် RCSS တို့ ဆက်လက်တိုက်ပွဲဖြစ်ပွါး TNLA တဦးကျ
သျှမ်းပြည်နယ် မြောက်ပိုင်း နောင်ချို မြို့နယ် မန်ပန်ရွာ နှင့် ပန်မိုလု ရွာကြား တအာင်း(ပလောင် ) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS/SSA တို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်းသိရသည်။ သြဂုတ်လ ၁၅ ရက် ညနေ...
တာမိုးညဲ တွင် တိုက်ပွဲကြောင့် အသက် ၁၉ နှစ်အရွယ် လူငယ်တဦး ကျည်ထိမှန်သေဆုံး
သျှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် တာမိုးညဲ မုံးစီးကျေးရွာ တွင် တိုက်ပွဲကြောင့် အသက် ၁၉ နှစ် အရွယ် လူငယ်တဦး ဦးခေါင်း ကျည်ထိမှန် သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ သြဂုတ် ၁၃ ရက် ညနေ ၃ နာရီခွဲက တာမိုးညဲ မုံးစီး ကြား...
ပြင်ဦးလွင် တပ်မတော်နည်းပညာတက္ကသိုလ် အပါအဝင် နေရာ ၅ ခု ကို ညီနောင် ၃ တပ် ပေါင်းတိုက်
သျှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ နှင့် ပြင်ဦးလွင် တပ်မတော် နည်းပညာ တက္ကသိုလ် (DSTA) အပါ အဝင် နေရာ ၅ ခုကို သြဂုတ် ၁၅ ရက် မနက် ၅ နာရီမှ စတင်ကာ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက် ရေးတပ် မတော်...






