ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွါး ခရီးသွားလူထု  လမ်းခရီးနှောင့်နှေးကြန့်ကြာရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း အစိုးရတပ်မတော်နှင့် တအာင်း  TNLA တပ်တို့ကြားတိုက်ပွဲဖြစ်ပွါးသဖြင့် ဒေသခံလူထု လမ်းခရီးပြတ်တောက်ကြန့်ကြာခဲ့ရကြောင်း သိရသည်။

နိုဝင်ဘာလ ၁၁ ရက် ယမန်နေ့က ည ၇ နာရီအချိန်ကစပြီး ကျောက်မဲမြို့နယ် ကွန်ကောက်အုပ်စု တော့ဖယ်ရွာအနီး အစိုးရတပ်နှင့် TNLA ကြား ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွါးခဲ့သည့်အပြင် မိုင်းငေါ့မြို့နယ်ခွဲဘက်မှနေ၍ အစိုးရတပ်မှ လက်နက်ကြီးပစ်ခတ်သဖြင့် မိုင်းငေါ့ – ကျောက်မဲ ခရီးသွားလူထု ခရီးပြတ်တော့ကြန့်ကြာခဲ့ရကြောင်း မိုင်းငေါ့ဒေသခံ လုံးစိုင်းကပြောသည်။

“မနေ့က မနက်ပိုင်းကတည်းက အသံတွေကြားရတယ်။ တော့ဖယ်-ကွန်ကောက်ဘက်မှာပေါ့။ သေနတ်သံက ည ၇ နာရီလောက်မှာပိုမိုပြင်းထန်လာတယ်။ မိုင်းငေါ့ဘက်ကနေပစ်တဲ့အသံတွေလည်း  မနေ့က ၇ လုံး ၈ လုံးလောက်ကြားရတယ်။ ဒီနေ့လည်းကြားရတယ်။  မိုင်းငေါ့-ကျောက်မဲအသွားအလာတောင်မရှိဘူး ။ ကထိန်လှည့်အလှူပြုချိန်ဗျာ ဒေသခံလူထု အလှူတောင်ကောင်းကောင်းမပြုရတော့ဘူး။ ပစ်ခတ်တိုက်ခိုက်နေကြတာနဲ့ ” ဟု ကုန်သည်တဦးလည်းဖြစ်သော အသက် ၆၀ ကျော်အရွယ်လုံးစိုင်းက ပြောသည်။

တအာင်းပြန်ကြားရေးဌာနကမူ အစိုးရတပ်မတော်သည် တပ်မ ၇၇နှင့် ၈၈ လက်အောက်ခံတပ်များပူးပေါင်းကာ တော့ဖယ်ရွာဘက်တွင်လှုပ်ရှားနေသော တအာင်းတပ်ဖွဲ့၏ တပ်မဟာ ၇၆၅ အား ပစ်ခတ်တိုက်ခိုက်သည် ဟုထုတ်ပြန်ထားသည်။ အစိုးရတပ်သည် ကိန်းလီရွာဘက်မှ အင်အားဖြည့်တင်းကာ တော့ဖယ်ရွာဘက်သို့တက်လာကြောင်း ယမန်နေ့ကတည်းက ပစ်ခတ်မှုမှာ ပစ်လိုက်ရပ်လိုက်ဖြင့် ဖြစ်ပွါးနေပြီး ယနေ့အချိန်အထိ ၂ ဘက်တင်းမာနေဆဲဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော်အမတ် စိုင်းထွန်းဝင်းက – တိုက်ပွဲက ခုချိန်အထိ (နိုဝင်ဘာလ ၁၂ ရက် မွန်းလွဲ ၂ နာရီ ၃ နာရီခန့်အထိ) ပစ်ခတ်သံတချက်တချက်ကြားမိတယ်။  တဖက်ဘဲပစ်တဲ့အသံဘဲ ကျနော်ကြားမိတယ်။   ခုချိန်ထိတော့ စစ်ဘေးရှောင်မရှိသေးပါဘူး- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

အလားတူ ကွတ်ခိုင်မြို့နှင့်နမ့်ဆန်မြို့တို့ဘက်တွင်လည်းတိုက်ပွဲများဖြစ်ပွါးရာ အစိုးရတပ်ဖက်မှ လက်နက်ကြီးပစ်ခတ်မှုရှိခဲ့ကြောင်း နမ့်ဆန်မြို့နယ် လွယ်ပိန်းရွာဘက်တွင်လူထုနေအိမ်ပေါ် လက်နက်ကြီးကျမှုရှိခဲ့ကြောင်း သိရသည်။

 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...