Wednesday, January 28, 2026

ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွါး ခရီးသွားလူထု  လမ်းခရီးနှောင့်နှေးကြန့်ကြာရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း အစိုးရတပ်မတော်နှင့် တအာင်း  TNLA တပ်တို့ကြားတိုက်ပွဲဖြစ်ပွါးသဖြင့် ဒေသခံလူထု လမ်းခရီးပြတ်တောက်ကြန့်ကြာခဲ့ရကြောင်း သိရသည်။

နိုဝင်ဘာလ ၁၁ ရက် ယမန်နေ့က ည ၇ နာရီအချိန်ကစပြီး ကျောက်မဲမြို့နယ် ကွန်ကောက်အုပ်စု တော့ဖယ်ရွာအနီး အစိုးရတပ်နှင့် TNLA ကြား ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွါးခဲ့သည့်အပြင် မိုင်းငေါ့မြို့နယ်ခွဲဘက်မှနေ၍ အစိုးရတပ်မှ လက်နက်ကြီးပစ်ခတ်သဖြင့် မိုင်းငေါ့ – ကျောက်မဲ ခရီးသွားလူထု ခရီးပြတ်တော့ကြန့်ကြာခဲ့ရကြောင်း မိုင်းငေါ့ဒေသခံ လုံးစိုင်းကပြောသည်။

“မနေ့က မနက်ပိုင်းကတည်းက အသံတွေကြားရတယ်။ တော့ဖယ်-ကွန်ကောက်ဘက်မှာပေါ့။ သေနတ်သံက ည ၇ နာရီလောက်မှာပိုမိုပြင်းထန်လာတယ်။ မိုင်းငေါ့ဘက်ကနေပစ်တဲ့အသံတွေလည်း  မနေ့က ၇ လုံး ၈ လုံးလောက်ကြားရတယ်။ ဒီနေ့လည်းကြားရတယ်။  မိုင်းငေါ့-ကျောက်မဲအသွားအလာတောင်မရှိဘူး ။ ကထိန်လှည့်အလှူပြုချိန်ဗျာ ဒေသခံလူထု အလှူတောင်ကောင်းကောင်းမပြုရတော့ဘူး။ ပစ်ခတ်တိုက်ခိုက်နေကြတာနဲ့ ” ဟု ကုန်သည်တဦးလည်းဖြစ်သော အသက် ၆၀ ကျော်အရွယ်လုံးစိုင်းက ပြောသည်။

တအာင်းပြန်ကြားရေးဌာနကမူ အစိုးရတပ်မတော်သည် တပ်မ ၇၇နှင့် ၈၈ လက်အောက်ခံတပ်များပူးပေါင်းကာ တော့ဖယ်ရွာဘက်တွင်လှုပ်ရှားနေသော တအာင်းတပ်ဖွဲ့၏ တပ်မဟာ ၇၆၅ အား ပစ်ခတ်တိုက်ခိုက်သည် ဟုထုတ်ပြန်ထားသည်။ အစိုးရတပ်သည် ကိန်းလီရွာဘက်မှ အင်အားဖြည့်တင်းကာ တော့ဖယ်ရွာဘက်သို့တက်လာကြောင်း ယမန်နေ့ကတည်းက ပစ်ခတ်မှုမှာ ပစ်လိုက်ရပ်လိုက်ဖြင့် ဖြစ်ပွါးနေပြီး ယနေ့အချိန်အထိ ၂ ဘက်တင်းမာနေဆဲဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော်အမတ် စိုင်းထွန်းဝင်းက – တိုက်ပွဲက ခုချိန်အထိ (နိုဝင်ဘာလ ၁၂ ရက် မွန်းလွဲ ၂ နာရီ ၃ နာရီခန့်အထိ) ပစ်ခတ်သံတချက်တချက်ကြားမိတယ်။  တဖက်ဘဲပစ်တဲ့အသံဘဲ ကျနော်ကြားမိတယ်။   ခုချိန်ထိတော့ စစ်ဘေးရှောင်မရှိသေးပါဘူး- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

အလားတူ ကွတ်ခိုင်မြို့နှင့်နမ့်ဆန်မြို့တို့ဘက်တွင်လည်းတိုက်ပွဲများဖြစ်ပွါးရာ အစိုးရတပ်ဖက်မှ လက်နက်ကြီးပစ်ခတ်မှုရှိခဲ့ကြောင်း နမ့်ဆန်မြို့နယ် လွယ်ပိန်းရွာဘက်တွင်လူထုနေအိမ်ပေါ် လက်နက်ကြီးကျမှုရှိခဲ့ကြောင်း သိရသည်။

 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

PNLA ထိန်းချုပ်သည့် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် PNO ပူးပေါင်းပြီး ထိုးစစ်ဆင်နေ

0
ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ဌာနချုပ်တည်ရှိရာ သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ ပူးပေါင်းပြီး ထိုးစစ်ဆင်နေကြောင်း သတင်းရရှိသည်။ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့သည် မောက်မယ်မြို့နယ် ဟိုနမ့်ကျေးရွာအုပ်စုမှ PNLA လှုပ်ရှားရာ တောထဲသို့...

ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြော လေးလကျော်ကြာ တိုက်ပွဲဖြစ်ပွား

0
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ ၄ လကျော်ကြာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။ ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောရှိ တောင်စလုံးနှင့် မြောက်စလုံးကျေးရွာကြားတွင် စစ်ကော်မရှင်တပ်ဘက်မှ ပြီးခဲ့သည့် ၂၀၂၅ အောက်တိုဘာလတွင် နေရာယူ တပ်စွဲထားပြီး ကျေးရွာအနီးအနားသို့ နေ့စဉ်နီးပါး...

ပင်လောင်းစစ်‌ရှောင်များ နေရပ်ပြန်လာသော်လည်း ပြန်လည်ထူထောင်ရေး မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နန်းနိမ့်ကျေးရွာသို့ နေရပ်ပြန်လာကြသော စစ်ဘေးရှောင်များသည် တိုက်ပွဲကြောင့် နေအိမ်ပျက်စီးမှုများကို ပြန်လည်ပြုပြင်မှု မလုပ်နိုင်သေးကြောင်း သတင်းရရှိသည်။ လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) တပ်နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင်း ပင်လောင်းမြို့နယ် တောင်မဲသင်းကျေးရွာ၊ နန်းနိမ့်ကျေးရွာ နှင့် ပင်ပုံကျေးရွာ မှ...

နေရပ်ပြန် ပြောင်းချိုးသည့် အင်းလေးဒေသက စစ်ရှောင်အမျိုးသားပျောက်ဆုံးနေ

0
သျှမ်းပြည်တောင်ပိုင်း အင်းလေးဒေသသို့ စစ်ဘေးရှောင်လာသည့် အမျိုးသားတစ်ဉီးသည် ၎င်း၏ နေရပ်ဖြစ်သည့် ဖယ်ခုံမြို့နယ်အတွင်းသို့ ပြောင်းချိုးရန် သွားစဉ် ပျောက်ဆုံးသွားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၁ရက်တွင် အသက် ၂၄နှစ်အရွယ်ရှိ ကိုအောင်ကိုကို(ခ)ဖိုးနီသည် ဖယ်ခုံမြို့နယ် နောင်လိုင်ကျေးရွာသို့ ပြောင်းဖူးချိုးရန် နေရပ်ပြန်သွားခဲ့သည်။ ဒီဇင်ဘာ ၁၈ရက်တွင် အင်းလေးဒေသ စံကားကျေးရွာအုပ်စု...