တိုက်ပွဲ
သျှမ်းပြည် မြောက်ပိုင်းတွင် တိုက်ပွဲ ဆက်တိုက်ဖြစ်ပွား ဒေသခံများစစ်ဘေးရှောင်နေရ
သျှမ်းပြည် မြောက်ပိုင်း နမ့်ဆန်မြို့နယ်အတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA နှင့် မြန်မာ့ တပ်မတော်တို့တိုက်ပွဲများဖြစ်ပွါးရာ လက်နက်ကြီးပစ်ခတ်မှု ရဟတ်ယာဉ်ဖြင့် ၀ဲပျံမှုများရှိသဖြင့်ဒေသခံရွာသားများတိမ်းရှောင်နေရကြောင်းသတင်းရရှိသည်။ နိုဝင်ဘာ ၂၀ ရက် ယနေ့ မနက် ၈ နာရီအချိန်ခန့်က မြန်မာ့တပ်မတော်သည် မိုင်းငေါ့မြို့နယ် ဘက်မှ နမ့်ဆန်မြို့နယ် စခန်းသာဘက်သို့...
သျှမ်းမြောက်တိုက်ပွဲ ၂ လအတွင်း လူထု ၅ ဦးသေ ၃၀ ထက်မနည်း ဒဏ်ရာရ
သျှမ်းပြည် မြောက်ပိုင်းတွင် ယခု ၂ လ အတွင်း တိုက်ပွဲများ ဆက်တိုက်ပြည်လည်ဖြစ်ပွါးလာမှုကြောင့် ဒေသခံလူထု ၅ ဦးသေဆုံးခဲ့ပြီး ၃၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှခဲ့ကြောင်း သျှမ်းမြောက် လူမှု အဖွဲ့အစည်း ကထုတ်ပြန်သည်။
ပြီးခဲ့သည့်အောက်တိုဘာ မှ ယနေ့ နိုဝင်ဘာ လထိ ဖြစ်ပွါးခဲ့သောတိုက်ပွဲများအတွင်း ကျည်ဆန်ထိမှန်မှုနှင့်...
ကွတ်ခိုင်မြို့နယ်အတွင်း တိုက်ပွဲကြောင့် အရပ်သား ၂ ဦးထိမှန်
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် ယနေ့ မနက်ပိုင်းက တိုက်ပွဲကြောင့် အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။ နို၀င်ဘာလ ၁၄ ရက် ယနေ့မနက် ရ နာရီ ဝန်းကျင်က တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် မြန်မာ့တပ်မတော်တို့...
ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွါး ခရီးသွားလူထု လမ်းခရီးနှောင့်နှေးကြန့်ကြာရ
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း အစိုးရတပ်မတော်နှင့် တအာင်း TNLA တပ်တို့ကြားတိုက်ပွဲဖြစ်ပွါးသဖြင့် ဒေသခံလူထု လမ်းခရီးပြတ်တောက်ကြန့်ကြာခဲ့ရကြောင်း သိရသည်။ နိုဝင်ဘာလ ၁၁ ရက် ယမန်နေ့က ည ၇ နာရီအချိန်ကစပြီး ကျောက်မဲမြို့နယ် ကွန်ကောက်အုပ်စု တော့ဖယ်ရွာအနီး အစိုးရတပ်နှင့် TNLA ကြား ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွါးခဲ့သည့်အပြင် မိုင်းငေါ့မြို့နယ်ခွဲဘက်မှနေ၍ အစိုးရတပ်မှ...
အစိုးရတပ်မတော်နှင့် သျှမ်းပြည်တပ်မတော် RCSS တိုႉ မိုင်းကိုင်မြို့နယ်အတွင်း အကြိမ်ကြိမ်တိုက်ပွဲဖြစ်ပွါး
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း လှုပ်ရှားနေသော သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA နှင့်အစိုးရတပ်မတော်တို့ တိုက်ပွဲအကြိမ်ကြိမ်ဖြစ်ပွါးခဲ့ကြောင်းသိရသည်။ နိုဝင်ဘာလ ၉ ရက်နေ့ ညနေပိုင်းက အစိုးရတပ်မတော် အမှတ် ၇၅၇ တပ်ရင်းမှ အင်အား ၄၀ ကျော်သည် မိုင်းကိုင်မြို့နယ် ဟိုခိုင်းအုပ်စုရှိတောတောင်ဘက်သို့ဝင်ရောက်လှုပ်ရှားရာ RCSS/SSA နှင့် ၂ ကြိမ်...
ကွတ်ခိုင်မြို့နယ်အတွင်း TNLA နှင့် အစိုးရတပ်မတော်တို့တိုက်ပွဲ ထပ်မံဖြစ်ပွား
သျှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အတွင်း အစိုးရတပ်မတော်နှင့် တအာင်း(ပလောင်) အမျိုးသား လွတ် မြောက်ရေး တပ်မတော် TNLA တို့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ အောက်တိုဘာ ၁၆ ရက် မနက် ၆ နာရီက ကွတ်ခိုင်မြို့နယ် မန်စွပ်ရွာ နှင့် နောင်ပိုက်ရွာကြား တိုက်ပွဲဖြစ်ပွားရာ TNLA တပ်သား...
သျှမ်းမြောက် တွင် ၃ လ အတွင်း ရုပ်ပိုင်းဆိုင်ရာ လူ့အခွင့်အရေး ချိုးဖောက်ခံရသူ ၇၀ ဦးရှိ
သျှမ်းပြည် မြောက်ပိုင်းတွင် ၃ လ အတွင်း နည်းမျိုးစုံဖြင့်ရုပ်ပိုင်းဆိုင်ရာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု ၇၀ ဦး ခန့် ရှိကြောင်း တအာင်း လူမှု အဖွဲ့အစည်းက ပြောဆိုလိုက်သည်။ မြန်မာ့တပ်မတော်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တို့တိုက်ပွဲဖြစ်ပွားသည့် သျှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲ၊...
တိုက်ပွဲကြောင့် ကွတ်ခိုင်ဒေသခံ ၄၀၀ ကျော်စစ်ဘေးရှောင်နေရ
သျှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ကုန်းဆာကျေးရွာအနီး တွင်ဖြစ်ပွါးသော တိုက်ပွဲကြောင့် ဒေသခံလူထု ၄၀၀ ကျော် နေရပ်မှထွက်ပြေး တိမ်းရှောင်နေရကြောင်းသိရသည်။ စက်တင်ဘာလ ၂၄ ရက် ယမန်နေ့က ကွတ်ခိုင်မြို့နယ် ကုန်းဆာကျေးရွာ တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA နှင့် အစိုးရတပ်မတော် တို့ကြား...
အပစ်ရပ်ကာလ ကုန်ပြီး ၂ ရက် အကြာ မြန်မာ့တပ်မတော်နှင့် RCSS ထိတွေ့မှု ဖြစ်
သျှမ်းပြည်နယ် တောင်ပိုင်း မိုင်းကိုင်မြို့နယ် အတွင်း မြန်မာ့တပ်မတော်နှင့် သျှမ်းတပ်မတော်(RCSS/SSA) တို့ ထိတွေ့မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိခဲ့သည်။ မြန်မာ့တပ်မတော်၏ အပစ်ရပ်ကာလ ကုန်ပြီး ၂ ရက် အကြာ တွင် မြန်မာ့တပ်မတော် စစ်ကြောင်း နှင့် အပစ်ခတ်ရပ်စဲရေးသဘောတူ စာချုပ်လက်မှတ်ထိုးထားသည့် သျှမ်းတပ်မတော် RCSS/SSA တို့...
သျှမ်းမြောက် နမ့်ဆန် စစ်ရှောင် ၁ထောင်ကျော်ရှိ၊ ၂ဖက်တပ် စစ်ရေးတင်းမာနေဆဲ
သျှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့ အနီးတွင် တိုက်ပွဲများဖြစ်ပွားကာ စစ်ရှောင် ၁ ထောင်ကျော် ရှိပြီး ၂ ဖက်တပ် စစ်ရေးတင်းမာမှု ရှိနေဆဲ ဟု သတင်းရရှိသည်။ စက်တင်ဘာ ၁၃ ရက်နေ့မှ စတင်ပြီး နမ့်ဆန်မြို့ အနီးတွင် မြန်မာ့တပ်မတော် နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး...






