COVID-19 ကပ်ရောဂါကြား တိုင်းရင်းသားဒေသက မပြီးနိုင်တဲ့ “စစ်မီး”

COVID-19 တိုက်ဖျက်ရေးအတွက် တိုက်ပွဲ တွေကို မေလ ၁၀ ရက်ကနေ သြဂုတ်လ ကုန်အထိ ၄ လခန့် ရပ်နားထားမယ် ဆိုပေမယ့် ရခိုင့်ဒေသဘက်မှာတော့တိုက်ပွဲ ရပ်နားမှာမဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။

မေလ ၉ ရက်နေ့ တပ်မတော်ထုတ်ပြန်ချက် အချက် ၈ အနက် တချက်ပါ၀င်တဲ့အတိုင်း – “တပ်မတော် အနေနဲ့ တိုင်းရင်းသားပြည်သူလူထု လိုလားတောင့်တနေတဲ့ ထာဝရငြိမ်းချမ်းရေးကို ပြည်သူလက်ထဲ ပေးအပ်မယ်” ဆိုတာ အမှန်တကယ်ဆောင်ကြဉ်းပေးမှာလား။ ဒါမှမဟုတ် ကမ္ဘာ့တရားရုံးမှာ ထပ်မံကြားနာမဲ့ “လူမျိုးသုဉ်းသတ်ဖြတ်မှု” “လူ့အခွင့်အရေးချိုးဖောက်မှု အမှုဖြေလျှော့ဖို့ပဲလား ” ဆိုတာပါဘဲ။

မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ပံ့ပိုးပေးနေတဲ့ ပြည်ထောင်စုအင်စတီကျု ဒါရိုက်တာ လဲဖြစ် RCSS/SSA အတိုင်အပင်ခံပုဂ္ဂိုလ်လဲဖြစ်တဲ့ ဦးခွန်စိုင်းကတော့ –

ဦးခွန်စိုင်း

“အပစ်ရပ်တယ်ဆိုတာကောင်းတာပေါ့။ ဘယ်လောက်ပဲ ရပ်နိုင်ရပ်နိုင်ကောင်းတဲ့ အလားအလာဘဲ။ တိုက်ပွဲမလုပ်ရင် လူထု လဲ တိုက်ပွဲကြောင့် စိတ်ပူရမဲ့ဟာ မရှိဘူးပေါ့။ ကိုဗစ်ကာလ ပူးပေါင်းဆောင်ရွက်မှု ကနေ သူတို့ တွေ ယုံကြည်မှု ရှိလာကြမယ်။ ဒါမှ ပြည်ထောင်စုငြိမ်းချမ်းရေးအတွက် အထောက်အကူ ဖြစ်လာမယ်” – လို့ပြောပါတယ်။

 

တပ်မတော်ထုတ်ပြန်ချက် အချက် ၈ ချက် ရဲ့ အချက် ၃ မှာ – “မြန်မာနိုင်ငံတွင် COVID 19 ရောဂါ ထိန်းချုပ်၊ ကာကွယ်၊ ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်လျင်မြန် ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေး နှင့် ထာဝရ ငြိမ်းချမ်းရေးအတွက် တပ်မတော် အနေဖြင့် နိုင်ငံတကာ စံနှုန်းအတိုင်း နိုင်ငံတော်မှ အကြမ်းဖက် ဟု သတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်း များရှိသည့်နေရာများမှအပ ကျန်နယ်မြေများ ၌ ၂၀၂၀ ပြည့်နှစ် မေလ ၁၀ ရက် မှ သြဂုတ်လ ၃၁ ရက်နေ့အထိ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထား ” – မယ်လို့ ပါရှိပါတယ်။

တပ်မတော်ထုတ်ပြန်ချက်ကိုကြိုဆိုလိုက်တယ်ဆိုပေမယ့် ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ဘယ်အဖွဲ့အစည်း တစ်ဖွဲ့ကိုမှ မချန်ရစ်ထားဘဲနဲ့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲတာမျိုး ဆောင်ရွက်ပေးတယ်လို့ မွန်ပြည် သစ်ပါတီဥက္ကဌ နိုင်ဟံသာက ပြောပါတယ်။

နိုင်ဟံသာ

“အပစ်အခတ်ရပ်စဲတာ ကောင်းပါတယ်၊ ဒါထက် သဘောထားကြီးကြီးထားပြီးတော့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ စေချင်ပါတယ်၊ အချို့အဖွဲ့အစည်းနဲ့ အပစ်မရပ်ဘူး အချို့အဖွဲ့နဲ့ဘဲ အပစ်အခတ်ရပ်စဲ တာမျိုးက မသင့်တော်ဘူးလို့ ကျနော်မြင်တယ်၊ ဆိုလိုချင်တာက အပစ်မရပ်တဲ့အဖွဲ့ကိုပဲ ဖိတိုက် နေတာမျိုး ဖြစ်မှာစိုးတယ်၊ သူတို့လည်း ကိုယ့်နိုင်ငံသားတွေပဲလေ”

 

 

 

ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါ၀င်တာတွေမရှိသေးတဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး တားအိုက်ကျော် က တပ်မတော်ဟာ အပြောနဲ့ မြေပြင် လုပ်ဆောင်မှု မတူတဲ့ အတွက် နှစ်ဘက်တိုက်ပွဲ တွေ ဖြစ်ပွား နေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။

ဗိုလ်မှူးကြီး တားအိုက်ကျော်

“အပစ်ရပ်မယ်လို့သာသူတို့ကြေငြာထားတာ တကယ့်တကယ်တော့ မြေပြင်မှာက ထိုးစစ်ကဘာမှပြောင်း လဲမှုမရှိဘူး။ သူတို့ထုတ်ပြန်တဲ့ နောက်ပိုင်း မှာဘဲ ကျနော်တို့ လှုပ်ရှားတဲ့ မိုးကုတ်မြို့နယ် ကျောင်းခမ်း နဲ့ ဟိုဝိတ် ရွာ ဘက်မှာ တပ်မတော်က ထိုးစစ်ဆင်လာလို့ ကျနော်တို့တပ်နဲ့ တိုက်ပွဲဖြစ်တယ်။ ဒါကြောင့်သူတို့ ထုတ်ပြန်ချက် ထုတ်ပေမယ့်လည်း မြေပြင်မှာ ထိုးစစ်တိုက်ခိုက်နေမယ်ဆိုရင်တော့ တိုက်ပွဲက ဖြစ်ပွါးနေမှာ ဖြစ် တယ်။ အားလုံး ပါ၀င်ဖို့အတွက် တချို့နေရာမှာရပ်မယ် တချို့နေရာမှာချန်ထား မယ်ဆိုရင်တော့ ဘယ်လိုဖြစ်မလဲ ဆိုရင် တဖွဲ့ကိုချန်ပြီးတ ဖွဲ့ကိုဖိတိုက်မယ့်သဘော အဲလိုပုံစံဖြစ်နေတယ် ”

အစိုးရတပ်မတော် ထုတ်ပြန်ချက် အချက် ၈ ချက်အနက် ၄ ချက် (တဝက်) က အပစ်ရပ်ထားတဲ့ တခြားတိုင်းရင်းသား တပ်ဖွဲ့တွေကို ဦးတည် ပြောဆိုထားပါတယ်။ အဲဒါတွေကတော့ –

ထုတ်ပြန်ချက် အချက် ၄ မှာ – ယခုကဲ့သို့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ကြေငြာထားသည့် ကာလ အတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအားလုံးအနေဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ငြိမ်းချမ်းရေး မူဝါဒ ၆ ရပ် အနက်မှ အောက်ဖေါ်ပြပါ ၄ ချက်ကို အလေးအနက်ထား လိုက်နာရန်လိုအပ် မည်ဖြစ်ပါသည်။

အဲဒါတွေကတော့ –
(က) သဘောတူစာချုပ်များအတိုင်းကတိတည်ရန်။
(ခ) ငြိမ်းချမ်းရေးသဘောတူညီချက်များအပေါ် အမြတ်မထုတ်ရန်။
(ဂ) ဒေသခံပြည်သူများအပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန်။
(ဃ) နိုင်ငံတော်က ထုတ်ပြန်ထားသည့် တည်ဆဲဥပဒေများကို လိုက်နာရန် ။

အချက် ၅ မှာတော့ – ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်း တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပြန်အလှန်အင်အား အသုံးပြု၍ တိုက်ခိုက်ခြင်း၊ ဒေသခံတိုင်းရင်းသားများအပေါ် အနိုင်ကျင့်ခြင်းများ မပြုလုပ်ရေးကို တာဝန်ယူ ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါသည်။

အချက် ၆ မှာတော့ – အလားတူ နိုင်ငံတော် အစိုးရ၏ အုပ်ချုပ်မှု ယန္တရားအဆင့်ဆင့်ကို လည်းကောင်း၊ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေးကိုလည်းကောင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် အကျိုးစီးပွားများကိုလည်းကောင်း ထိခိုက်မှု မဖြစ်စေရန် တာဝန်ယူ ရပါမည်။

အချက် ၇ မှာတော့ – အထက်ပါ အပိုဒ် ၄ ၊ ၅ ၊ ၆ ပါ ဖြစ်စဉ် ဖြစ်ရပ်များ ဖြစ်ပေါ်လာပါက တပ်မတော်အနေဖြင့် လိုအပ်သလို အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည် – စသဖြင့် ပါရှိပါတယ်။

သို့ပေမယ်လို့ တပ်မတော်ကနေ မေလ ၉ ရက်နေ့ က သဘောထား ထုတ်ပြန်လိုက်တဲ့နောက်ပိုင်း ကရင်ပြည်နယ်ဘက်မှာ ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ စစ်ရေး တင်းမာမှုတွေ ဆက်တိုက်ဖြစ်ပွား လာနေပါတယ်။ KNU ဘက်ကလဲ တပ်မတော်ဟာ အပစ်အခတ်ရပ်စဲရေးကို အခွင့်ကောင်းယူပြီး ကရင် ပြည်နယ်အတွင်း အင်အား တိုးချဲ့နေတယ်လို့ ပြောပါတယ်။

အစိုးရတပ်မတော် ဖါပွန်မြို့ နယ်ထဲမှာ ရှိတဲ့ KNU ရဲ့ COVID -19 တိုက်ဖျက်၊ ကာကွယ်ရေး၊ လူထုပညာပေး ဂိတ်စခန်း ၂ ခုကို အစိုးရတပ်မတော်က အင်အားသုံး မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ဒီဖြစ်စဉ်ကြောင့် (၁၃ ရက် မေ လ ၂၀၂၀ ခု) KNU တပ်မဟာ ၅ နဲ့ အစိုးရတပ်မတော်ကြား တိုက်ပွဲတွေဖြစ်ပွားပြီး အဲဒီ့အနားမှာနေထိုင်တဲ့ ဝါသိုခိုကျေးရွာ ရွာသူ ရွာသား ၅၀၀ လောက်ဟာ နေအိမ်ရပ်ရွာကနေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

အခုလိုမျိုး NCA အပစ်ရပ်ထားတဲ့ KNU ကို တပ်မတော်က လုပ်ဆောင်ခဲ့တာမျိုး ယခင်က ကချင်လွတ် လပ်ရေးအဖွဲ့ KIO ဒေသမှာလည်း ဖြစ်ပွားခဲ့ဖူးတယ်လို့ ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ဒု-ဥက္ကဋ္ဌ ဦးကွမ်ဂေါင်အောင်ခမ်း က ပြောပါတယ်။

ဦးကွမ်ဂေါင်အောင်ခမ်း

“ဥပမာ ၂၀၁၁ မတိုင်မှီမှာ KIA လည်း ငြိမ်းချမ်းရေး ယူခဲ့တာပဲ အဲဒီအချိန်မှာလည်း သူတို့က KIA စစ်သား ကိုလည်း အများကြီး သတ်တာပဲ သတ်ပြီးမှ မှားပါတယ်။ ဆိုတဲ့ဟာမျိုးဖြစ်တယ်။ ဆိုတော့ အခုက မီးရှို့တာ တစ်ခုပဲ ဘာမဆိုဖြစ်လာ နိုင် တယ်။ ဒါကြောင့် ဒီဟာပုံစံမျိုးမှာ တစ်ခြားပြည်နယ်တွေမှာလည်း တစ်ခြား အဖွဲ့အစည်းတွေလည်း ဖြစ်လာနိုင်တယ်။”

 

 

 

ဒါကြောင့် သြဂုတ်လကုန်အထိ အပစ်ရပ်သွားမယ်ဆိုတဲ့ တပ်မတော်ရဲ့ ထုတ်ပြန်ကြေငြာချက်ဟာ စစ်ရေးပရိယာယ်တာဖြစ်တယ်လို့ KNU Concerned Group က ပြောရေးဆိုခွင့်ရှိသူလည်းဖြစ် ကရင်အမျိုးသားအစည်းအရုံး KNU ဒု-ဥက္ကဋ္ဌ ဟောင်းလည်းဖြစ်သူ ပဒိုနော်စီဖိုးရာစိန်က –

ပဒိုနော်စီဖိုးရာစိန်

“တခြားတိုက်ပွဲဖြစ်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော် လှန်ရေးအဖွဲ့အစည်းကြားမှာ အပစ် ခတ်ရပ်စဲ ခြင်း မရှိတဲ့အပေါ်မှာ ပြန်ကြည့်မယ်ဆိုရင် ဒါကတော့ တစ် ဖက် က ဒါကို NCA ထိုးထားတဲ့အဖွဲ့တွေကတော့ ထိန်းချုပ်ပြီးတော့ အဲဒီမှာ ဒါကိုအခြေခံယူပြီးတော့ အခြားတိုင်း ရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေကို စစ်ဆင်ရေးချေမှုန်းလုပ်ဖို့အတွက် အဲဒါပရိယာယ်သုံးပြီးတော့ လုပ်ဆောင်တာဖြစ်တယ်”

 

KNU Concerned Group က အစိုးရတပ်မတော် အနေနဲ့ တဖက်မှာလည်း အပစ်ရပ်ထားတဲ့ EAOs နယ်မြေတချို့မှာ COVID- 19 ကာကွယ် ထိန်း ချုပ်ရေး လုပ်ငန်း ဆောင်ရွက်နေတဲ့ ကျန်းမာရေး စစ်ဆေးမှု နေရာများကို တပ်မတော်မှ ၀င်ရောက် တားဆီး နှောင့်ယှက် မီးရှို့ ဖျတ်ဆီးနေတာတွေလည်း ရှိနေတာ ကြောင့် တပ်မတော်အနေနဲ့ ကပ်ရောဂါအား ကာကွယ် ထိန်းချုပ်ခြင်းထက် တိုင်းရင်းသား နယ်မြေဒေသ များတွင် နယ်မြေစိုးမိုးရေးကိုသာ ဦးတည်ဆောင်ရွက် နေတယ်လို့ မေလ ၁၂ ရက်နေ့က ထုတ်ပြန်ပါသေးတယ်။

အခုလိုမျိုးလုပ်ရပ်ဟာ ကရင်ပြည်နယ်ဘက်မှာတင် မဟုတ်ဘဲ သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ်ဘက်မှာ လဲ RCSS/SSA ရဲ့ ကိုဗစ် ပညာပေး အဖွဲ့ကို တပ်မတော် က လိုက်လံဟန့်တားတဲ့ အတွက် နှစ်ဘက်တိုက် ပွဲဖြစ်ပွားခဲ့ဖူးပါသေးတယ်။

Photo by AFP

“တပ်တော်ထုတ်ပြန်ချက်ဟာ ထာဝရငြိမ်းချမ်းရေးရဖို့၊ ဖြစ်ပွားနေတဲ့ စစ်ရေးပြသနာ ပြေလျှော့ဖို့ မဟုတ်ဘဲ၊ အစိုးရတပ်မတော်က “လူမျိုးသုဉ်းသတ်ဖြတ်မှု” “လူ့အခွင့်အရေးချိုးဖောက်မှု ” နဲ့ပတ်သက်ပြီး တော့ မေလ ၂၃ ရက်နေ့ကျရင် မြန်မာအစိုးရကနေ ICJ ကို အစီရင် ခံစာ တင်ရတော့မယ်။ ဒီအစီရင် ခံစာမတင်ခင် တပ်မတော်ကနေလူ့အခွင့်အရေးကိုလေးစားပါတယ်ဆိုတာ ပြနိုင်အောင်လို့ အခုလို အပစ်ရပ်ကြေငြာ လိုက်တာ “- လို့ သျှမ်းစာပေပညာရှင်  ကဗျာဆရာ၊  စာရေးဆရာ သျှဲန်ပိုင်းဂျာနယ် အယ်ဒီတာချုပ် ဆရာဟိဏ်းကာယန်း က သုံးသပ်ကြောင်းပါ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

ညီနောင် EAO တစ်ဖွဲ့ချင်း ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေးနှင့် ဟန်ချက်ညီရန် 7 EAO Alliance ကြိုးပမ်းထိန်းညှိနေ

0
NCA စာချုပ်ကို ဆက်လက်စွဲကိုင်ထားသည့် 7 EAO Alliance အဖွဲ့နှင့် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့ နေပြည်တော်တွင် တွေ့ဆုံပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်သုံးသပ်ခဲ့ကြောင်း သတင်းသိရသည်။ ဇူလိုင်လ ၂၀ နှင့် ၂၁ ရက်တို့တွင် နေပြည်တော်ရှိ M...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ထင်ယောင်ထင်မှား ငြိမ်းချမ်းရေးနှင့် ကျရှုံးရန်ဇာတာပါလာသော “ရက် ၁၀၀ စီမံချက်”

0
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် တရုတ်-မြန်မာနယ်စပ် တလျှောက်ရှိ အဓိက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ဇွန်လ လယ်ပိုင်းတွင် သျှမ်းပြည်သို့ လာရောက်ခဲ့သည်။ ထိုကိုယ်စားလှယ်အဖွဲ့သည်  ဇွန် ၁၇ရက်တွင် မိုင်းလားမြို့၌ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA) နှင့် တွေ့ဆုံကာ အစိုးရသစ်၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်နှင့်...