RCSS/SSA နှင့် အစိုးရတပ် တို့တွေ့ဆုံပြီးနောက်ပိုင်း တိုက်ပွဲ ၁၈ ကြိမ်ဖြစ်ပွား

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း RCSS/SSA နှင့် အစိုးရတပ်မတော်တို့ မတ်လ ် ၁ ရက် တွေ့ဆုံဆွေးနွေးကြပြီးနောက် တိုက်ပွဲ ၁၈ ကြိမ်ထပ်မံဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

 

Photo by RCSS/SSA

သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော်( RCSS/SSA) နှင့် အစိုးရ တပ်မတော်သည် ဖေဖော်ဝါရီ ၂၇ ရက်မှ စတင်ကာ မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာ အုပ်စု အတွင်းရှိ လွိုင်တွန်းတောင်ကြော ၌ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

RCSS/SSA နှင့် အစိုးရ တပ်မတော်သည် မတ် ၁ ရက်တွင် ညှိနှိုင်းဆွေးနွေးပြီး RCSS/SSA မှ လက်ရှိဆောင်ရွက်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပျက်မည်ကို စိုးရိမ်သဖြင့် လွိုင်တွန်းစခန်းမှ တပ်ဆုတ်ပေးခဲ့သည်။

Photo by Tai Freedom

သို့ို့သော် မတ်လ ၁ ရက် တွေ့ဆုံဆွေးနွေးပြီး နောက်ပိုင်း တိုက်ပွဲ ၁၈ ကြိမ် ဆက်လက်ဖြစ်ပွါးခဲ့သေးကြောင်း RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းခမ်းစံ က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ တွေ့ဆုံမှု နောက်ပိုင်း တိုက်ပွဲက လျှော့လာပေမယ့် ၁၈ ကြိမ်တော့ ဖြစ်ခဲ့တယ်။ ကျနော်တို့တပ်သားတွေ ဒဏ်ရာရတာလည်းရှိတယ်။ အစိုးရတပ်ဘက်လည်း သေတာ ဒဏ်ရာရတာရှိတယ်” ဟု ဗိုလ်မှူး စိုင်းခမ်းစံ က ဆိုသည်။

ထိုတိုက်ပွဲ အတွင်း RCSS/SSA ဘက်မှ အစိုးရ တပ်မတော် ၏ လက်နက်များ သိမ်းဆည်းရမိကြောင်း လည်း ၎င်းကဆက်လက် ပြောပြသည်။

“အစိုးရ တပ်ရဲ့ သေနတ် ၁၀ လက် လောက် ကျနော်တို့ ရထားတယ်။ MA သေနတ်အမျိုးအစား ပိုများတယ်” ဟု စိုင်းခမ်းစံ က ထပ်လောင်းပြောသည်။

လက်ရှိ မှာ RCSS/SSA နှင့် အစိုးရတပ်မတော်တို့တိုက်ပွဲငြိမ်သက်နေသော်လည်း အစိုးရ တပ်မတော် ၏ စစ်ကြောင်းများသည် ကျေးရွာ အတွင်း လှုပ်ရှားနေဆဲဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၇ ရက်မှ စတင်သည့် တိုက်ပွဲသည် မိုင်းကိုင်မြို့နယ် အရှေ့ဘက် ကျေးသီး မြို့နယ်ထိ ပြန်နှံ့ှံ့ခဲ့ပြီး မတ် ၂ ရက်နေ့တွင် ကျေးသီး- မိုင်းနောင် ကားလမ်းအား အစိုးရတပ်မတော်က ပိတ်ထား လိုက်သည်။

Photo by Tai Freedom

လက်ရှိတွင် တိုက်ပွဲများ ငြိမ်နေသော်လည်း အဆိုပါကားလမ်းမှာ ဆက်လက်ပိတ်ထားရကြောင်း ကျေးသီးမြို့နယ် ပြည်နယ် လွှတ်တော်အမတ် (၁) စိုင်းစံမိဏ်း က သျှမ်းသံတော်ဆင့် သို့ပြောသည်။

အဆိုပါ လမ်းပိတ်မှုကြောင့် ခရီးသည်များ သွားလာမှု ခက်ခဲနေကြောင်း လည်း စိုင်းစံမိဏ်း က ပြောသည်။

ထိုတိုက်ပွဲများကြောင့် မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာရှိ ဘုန်းကြီးကျောင်းများတွင် စစ်ဘေးရှောင် ၅၀၀ ကျော် ရှိပြီး ကျေးသီးမြို့ အတွင်းရှိ ဘုန်းကြီးကျောင်းတွင် ၁၆၀ ကျော်ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မောက်မယ် PNLA တပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ၇၈ ဦး RCSS ထံ ဘက်ပြောင်းခိုလှုံ

0
သျှမ်းပြည် မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင် လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ စုစုပေါင်း (၇၈) ဦးတို့ RCSS တပ်ဖွဲ့ထံ သွားရောက်ပူးပေါင်းခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) တွင် မောက်မယ်မြို့နယ် ကဒူးကြီးဒေသရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA)...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

မိုင်းပျဉ်းမြို့နယ် စစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်းရှိ RCSS/SSA ထိန်းချုပ်နယ်မြေအနီးသို့ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ တောနင်းဝင်ရောက်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်း ၁၂ နာရီကျော်တွင် မိုင်းပျဉ်းမြို့နယ်ရှိ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်နယ်မြေထဲ အာဏာသိမ်းစစ်တပ်နှင့်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...