ကျောက်မဲမြို့နယ် အတွင်း တိုက်ပွဲဖြစ် သားအမိ ၂ဦး ကျည်ထိသေ

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း ယမန်နေ့ မွန်းလွှဲပိုင်းတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် အမျိုးသမီး ၂ဦး ကျည်ထိမှန်သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

Photo by ညောင်မောင်းကျေးရွာ။ ဒေသခံတဦး

ဖြစ်စဉ်မှာ ယမန်နေ့ (ဇန်နဝါရီ ၂၈) တွင် မြန်မာ့တပ်မတော်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်( TNLA)တို့ ကျောက်မဲမြို့နယ် ညောင်မောင်းကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားကာ သားအမိ ၂ဦး ကျည်ထိမှန် ကာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ကျောက်မဲမြို့နယ် ဒေသခံများ ပြောပြချက် အရ သိရသည်။

“ မနေ့က သားအမိ ၂ဦး သေဆုံးတာ ဟုတ်ပါတယ်။ မနေ့က သားအမိ ၂ယောက်က လက်ဖက်ခြံသွားပြီး အပြန်မှာ တိုက်ပွဲဖြစ်တာနဲ့ ကြုံတာ။ အဲ့မှာကျည်ထိပြီး ပွဲချင်းပြီးပါပဲ” ဟု ကျောက်မဲမြို့ သျှမ်းမြောက်လူငယ်ကွန်ရက် မှ မိုင်းစောထွန်းထွန်းက သျှမ်းသံတော်ဆင့် သို့ ပြောသည်။

ယမန်နေ့ ညနေ ပိုင်းတွင် သားအမိ ၂ဦးဖြစ်သည့် ဒေါ်နန်းရွှေကျင်သည် အသက် ၄၂နှစ်ကျော် နှင့် သူမ၏ သမီး နန်းခမ်းအိမ်သည် အသက် ၁၂အရွယ်သာ ရှိသေးသည်။

Photo by ဒေသခံတဦး / ကျည်ထိမှန်သည့် နေအိမ်ပုံ

ထိုသားအမိ ၂ဦးသည် လက်ဖက်ခြံမှ အပြန် တိုက်ပွဲကြားပိတ်မိကာ ကျည်ထိမှန်သေဆုံးခဲ့ကြောင်း၊ ထိုသေဆုံးသည့် သားအမိ ၂ဦးကို ညောင်မောင်းကျေးရွာတွင် ယနေ့ (ဇန်နဝါရီ ၂၉ ) ရက်တွင် သဂြိုဟ် မည် ဟု လည်း မိုင်းစောထွန်းထွန်း က ပြောသည်။

ဆက်လက်ပြီး ညောင်မောင်း ဒေသခံ တဦး ပြောပြချက် အရ “ မနေ့ က TNLA တပ်က ကျနော်တို့ ရွာမှာ လာနေတာ။ မြန်မာတပ်က တောင်ကုန်းပေါ်ကနေ လှမ်းပစ်တာ။ အဲ့ဒါနဲ့ ရွာက အိမ်တွေ ကျည်ထိတယ်။ နောက် သားအမိ ၂ယောက် ကျည်ထိ ပြီး ပွဲချင်းပြီ သေဆုံးသွားတယ်” ဟု သျှမ်းသံတော်ဆင့် သို့ ပြောပြသည်။

Photo by ဒေသခံတဦး /ညောင်မောင်းကျေးရွာ အတွင်းကျသည့် လက်နက်ကြီး

မြန်မာ့တပ်မတော်သည် ရွာပြင်မှ နေပြီး ညောင်မောင်းကျေးရွာ အတွင်းသို့လက်နက်ကြီးဖြင့် ပစ်ခဲ့သဖြင့် သားအမိ ၂ဦး နှင့် နေအိမ်များကျည်ထိမှန် ရခြင်းဖြစ်သည် ဟု ရှင်းပြသည်။

“ တိုက်ပွဲဖြစ်ရင် အဓိက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေပဲခံရတာ။ မနေ့ က ကျည်ထိသေဆုံးတာလဲသားအမိ ၂ယောက်ပဲ။ အမျိုးသားတွေဆိုရင် ကိုယ်လွှတ်ရုံပြေးလို့ရပေမယ့် အမျိုးသမီးဆိုရင် အသက်ကြီးတဲ့သူတွေ ကလေးငယ်တွေကို ငဲ့ရတယ်” ဟု ကျောက်မဲမြို့ နန်းမွေဆိုင် က သျှမ်းသံတော်ဆင့် သို့ပြောသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့် ကျောက်မဲမြို့နယ် ညောင်မောင်းကျေးရွာ အနီး နေထိုင်သည့် သူများသည် ဗုံးခိုကျင်းများဆောက်လုပ်ထားခြင်းမရှိကြောင်း၊ လက်နက်ကိုင် တပ်ဖွဲ့ များအနေဖြင့် ပြည်သူများနေထိုင်သည့် ကျေးရွာ အနီးပတ်ဝန်းကျင်တွင် တိုက်ပွဲမဖြစ်စေချင်ကြောင်း လည်း နန်းမွေဆိုင် က ပြောဆိုလိုက်သည်။

ယမန်နေ့ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ညောင်မောင်းကျေးရွာ နေအိမ်တချို့ ပျက်စီးမှု ရှိခဲ့ကြောင်းလည်း ဒေသခံများ ပြောပြချက် အရသိရသည်။

TNLA နှင့် မြန်မာ့တပ်မတော်တို့သည် ကျောက်မဲမြို့နယ် ညောင်မောင်းကျေးရွာအနီး ယမန်နေ့ ညနေ ၃နာရီ ၁၅မိနစ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLA ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထိုတိုက်ပွဲကြောင့် ဒေါ်နန်းရွှေကျင် တို့ သားအမိ ၂ဦး ကျည်ထိမှန်သေဆုံးသည့် ကိစ္စနှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့် မှ TNLA ပြောခွင့်ရပုဂ္ဂိုလ်နှင့် မြန်မာ့တပ်မတော်မှ သတင်းမှန် ပြန်ကြားရေး ကို ဆက်သွယ်ခဲ့ရာ ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...