ကွတ်ခိုင်-နမ့်ဖတ်ကာကြား တိုက်ပွဲ ပြင်းထန်

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင် နှင့် နမ့်ဖတ်ကာ ကြားရှိ နမ့်ကွတ်ကျေးရွာတွင် ယနေ့မနက်ပိုင်း ပစ်ခတ်မှု ဖြစ်ပွားရာ လက်ရှိသတင်းရေးသားချိန်အထိ တိုက်ပွဲပြင်းထန်နေဆဲ ဟု စုံစမ်းသိရသည်။

Photo by ဒေသခံ

ကွတ်ခိုင်-နမ့်ဖတ်ကာ ကြားရှိ နမ့်ကွတ်ကျေးရွာဘက်တွင် မေ ၂၉ ရက်  ယနေ့  မနက် ၁၀ နာရီ မှစတင်ကာ ယခုချိန်ထိ တိုက်ပွဲ ပြင်းထန် နေသေးကြောင်း  ကွတ်ခိုင်ရွာသို့ စစ်ရှောင်တဉီးဖြစ်သူ ဒေါ်လွမ်းညွယ် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ခုထိ ပစ်ခတ်မှု ကြားနေသေးတယ်။ ကျမ တို့ ခု နမ့်ကွတ်ရွာက အိမ် တစ်အိမ်မှာ ခိုလှုံနေတယ်။ လမ်းမှာ ခရီးသည်ကား တွေ ကုန်တင်ကားတွေ လမ်းမှာ ပိတ်နေတယ်။ ခရီးမဆက်ပဲ ခိုလှုံနေတယ်” ဟု နမ့်ကွတ် ကျေးရွာတွင် စစ်ရှောင်နေသည့် ခရီးသည် ဒေါ်လွမ်းညွယ် က ပြောသည်။

လက်ရှိ ဖြစ်ပွားနေသည့် တိုက်ပွဲသည် မည်သည့် လက်နက်ကိုင်တပ်ဖွဲ့ များဖြစ်သည်ကို အသေးစိတ်မသိရသေးကြောင်း ဒေါ်လွမ်းညွယ်က က ပြောသည်။

“ ဘယ်အဖွဲ့ တွေ ပစ်ခတ်နေတာလည်းတော့မသိဘူး။ ကျမတို့ အခု တော့ ပိတ်မိနေတယ်။ ရှေ့တိုးမရ၊ နောက်ဆုတ်မရ ဖြစ်နေတယ်” ဟု ဒေါ်လွမ်းညွယ်က ဆိုသည်

ယခုချိန်ထိ တိုက်ပွဲဆက်လက်ပြင်းထန်နေသေးကာ ကားသမားများ၊ ခရီးသွားပြည်သူများ ပိတ်မိနေသေးကြောင်း သိရသည်။

တိုက်ပွဲကြောင့် ကွတ်ခိုင်မြို့နယ်အတွင်း  လုံခြုံရေးတင်းကျပ်မှု ရှိနေကြောင်း စစ်ဆေးမှုများလည်း ရှိနေကြောင်း ကွတ်ခိုင်ဒေသခံ မိုင်းမိုင် က သျှမ်းသံတော်ဆင့်ကို ပြောပြသည်။

“ မနေ့ က စပြီး စစ်ဆေးမှုတွေ တင်းကျပ်နေတာ။ ဒီရက်ပိုင်းမှာတော့ နည်းနည်းပါးပါး စစ်ရေးလှုပ်ရှားမှုတွေ ရှိလာနိုင်တဲ့ အခြေနေတော့ ရှိနေတယ်လို့ မြင်တယ်” မိုင်းမိုင် ကဆိုသည်။

ယနေ့ ဖြစ်ပွားသည့် တိုက်ပွဲနှင့် ပတ်သက်ပြီး တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး တာအိုက်ကျော် ကို သျှမ်းသံတော်ဆင့် က အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း မရရှိခဲ့ပေ။

သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အတွင်း ယခု နှစ်ဆန်းပိုင်းတွင် မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်း ၄၁၄ ဘီလီယံကျော် ဖမ်းဆီးရမိခဲ့ သည်။

ထို့ပြင် ကွတ်ခိုင်မြို့နယ် အခြေစိုက် ကောင်းခါးပြည်သူ့စစ်သည် မြန်မာ့တပ်မတော်ထံ လက်နက်ခဲယမ်းများ အပ်နှံခဲ့သည်ဟု တပ်မတော်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

သျှမ်းပြည်မြောက်ပိုင်းတွင် အစိုးရတပ်မတော် နှင့် တိုင်းရင်းသား လက်နက်ကိုင် များ မကြာခဏ ပစ်ခတ်မှု ရှိသည်။

ယခု ကိုဗစ် -၁၉ ကာလအတွင်း အစိုးရ တပ်မတော်ဘက်မှ Covid-19 ကာကွယ် ထိန်းချုပ်ရေး ရန် ပစ်ခတ်မှု ရပ်ထားကြောင်းလည်း ထုတ်ပြန် ထားပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...