Wednesday, January 28, 2026

RCSS/SSA နှင့် အစိုးရ တပ် နေပြည်တော်တွင် တွေ့ဆုံမှုအပြီး တိုက်ပွဲပြန်ဖြစ်

သျှမ်းပြည် အရှေ့ပိုင်း မိုင်းတုံမြို့နယ် အတွင်း RCSS/SSA နှင့် အစိုးရတပ်မတော်တို့ ယနေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့သည်။

Photo by Tai Freedom/ facebook

မတ်လ ၂၅ ရက် ယနေ့ မနက် ၈ နာရီခွဲက သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် အစိုးရ တပ်မတော် တို့ မိုင်းတုံမြို့နယ် မိုင်းအစ်ကျေးရွာအနီး ဟိုနမ့်တောင်ကုန်းတွင် မိနစ် ၃၀ခန့် တိုက်ပွဲဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းခမ်းစံ က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ ဒီနေ့ မနက် ၈နာရီခွဲမှာ ဖြစ်တာပါ။ မိုင်းတုံ အခြေစိုက် အစိုးရ တပ်ရင်း ၃ခု က ကျနော်တို့ရှိတဲ့နေရာကို သတင်းမပို့ဘဲ ဖြတ်လို့ပါ ” ဟု ဗိုလ်မှူး စိုင်းခမ်းစံက ဆိုသည်။

မတ်လ ၁၅ ရက်က ၂ ဖက်ကိုယ်စားလှယ်များတွေ့ဆုံပြီးနောက်ပိုင်း ပြန်လည်ဖြစ်ပွါးသောတိုက်ပွဲဖြစ်ကြောင်း ဗိုလ်မှူးခမ်းစံက ပြောသည်။

မိုင်းတုံ အခြေစိုက် အစိုးရ တပ်မတော် ၃ ခုမှာ ခမရ ၅၁၉ ခလရ ၂၂၅ နှင့် ၂၇၇ တို့ဖြစ်ကြောင်း သိရသည် ။

အဆိုပါ တိုက်ပွဲ နှင့်ပတ်သက်ပြီး ဗိုလ်မှူးခမ်းစံ က “ မိုင်းတုံမှာ ရှိတဲ့ ကျနော်တို့ ဆက်ဆံရေး နဲ့ အစိုးရ တပ်က ဆက်ဆံရေး ရုံး အချင်းချင်း ဆွေးနွေးညှိနှိုင်းသွားမယ်။ အဆင်မပြေရင်တော့ နေပြည်တော်ထိ တက်ဆွေးနွေးရမယ်”ဟု သျှမ်းသံတော်ဆင့် သို့ ပြောသည်။

တိုက်ပွဲအတွင်း နှစ်ဖက် တပ် ထိခိုက်မှု အသေးစိတ်ကို မသိရှိရသေးကြောင်းလည်း ဗိုလ်မှူး စိုင်းခမ်းစံ က ဆက်လက်ပြောသည်။

RCSS/SSA နှင့် အစိုးရ တပ်မတော် တိုက်ပွဲဖြစ်ပွားရခြင်း ကိစ္စနှင့် ပတ်သက်ပြီး သတင်းမှန် ပြန်ကြားရေး ကို သျှမ်းသံတော်ဆင့် က အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရခဲ့ပေ။

ဖေဖော်ဝါရီ ၂၇ ရက်နေ့မှ မတ် ၃ရက်နေ့အထိ RCSS/SSA နှင့် အစိုးရ တပ်မတော်သည် သျှမ်းပြည် တောင်ပိုင်း မိုင်းကိုင်၊ ကျေးသီး နှင့် မိုင်းနောင်မြို့နယ် အတွင်း တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထိုတိုက်ပွဲတွင် မိုင်းကိုင်မြို့နယ် အတွင်းရှိ RCSS/SSA တပ်စခန်းချသည့် လွိုင်တောင်း တပ်စခန်း ဆုတ်ခွာပေးခဲ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

PNLA ထိန်းချုပ်သည့် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် PNO ပူးပေါင်းပြီး ထိုးစစ်ဆင်နေ

0
ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ဌာနချုပ်တည်ရှိရာ သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ ပူးပေါင်းပြီး ထိုးစစ်ဆင်နေကြောင်း သတင်းရရှိသည်။ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့သည် မောက်မယ်မြို့နယ် ဟိုနမ့်ကျေးရွာအုပ်စုမှ PNLA လှုပ်ရှားရာ တောထဲသို့...

ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြော လေးလကျော်ကြာ တိုက်ပွဲဖြစ်ပွား

0
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ ၄ လကျော်ကြာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။ ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောရှိ တောင်စလုံးနှင့် မြောက်စလုံးကျေးရွာကြားတွင် စစ်ကော်မရှင်တပ်ဘက်မှ ပြီးခဲ့သည့် ၂၀၂၅ အောက်တိုဘာလတွင် နေရာယူ တပ်စွဲထားပြီး ကျေးရွာအနီးအနားသို့ နေ့စဉ်နီးပါး...

ပင်လောင်းစစ်‌ရှောင်များ နေရပ်ပြန်လာသော်လည်း ပြန်လည်ထူထောင်ရေး မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နန်းနိမ့်ကျေးရွာသို့ နေရပ်ပြန်လာကြသော စစ်ဘေးရှောင်များသည် တိုက်ပွဲကြောင့် နေအိမ်ပျက်စီးမှုများကို ပြန်လည်ပြုပြင်မှု မလုပ်နိုင်သေးကြောင်း သတင်းရရှိသည်။ လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) တပ်နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင်း ပင်လောင်းမြို့နယ် တောင်မဲသင်းကျေးရွာ၊ နန်းနိမ့်ကျေးရွာ နှင့် ပင်ပုံကျေးရွာ မှ...

နေရပ်ပြန် ပြောင်းချိုးသည့် အင်းလေးဒေသက စစ်ရှောင်အမျိုးသားပျောက်ဆုံးနေ

0
သျှမ်းပြည်တောင်ပိုင်း အင်းလေးဒေသသို့ စစ်ဘေးရှောင်လာသည့် အမျိုးသားတစ်ဉီးသည် ၎င်း၏ နေရပ်ဖြစ်သည့် ဖယ်ခုံမြို့နယ်အတွင်းသို့ ပြောင်းချိုးရန် သွားစဉ် ပျောက်ဆုံးသွားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၁ရက်တွင် အသက် ၂၄နှစ်အရွယ်ရှိ ကိုအောင်ကိုကို(ခ)ဖိုးနီသည် ဖယ်ခုံမြို့နယ် နောင်လိုင်ကျေးရွာသို့ ပြောင်းဖူးချိုးရန် နေရပ်ပြန်သွားခဲ့သည်။ ဒီဇင်ဘာ ၁၈ရက်တွင် အင်းလေးဒေသ စံကားကျေးရွာအုပ်စု...