RCSS/SSA နှင့် အစိုးရ တပ် နေပြည်တော်တွင် တွေ့ဆုံမှုအပြီး တိုက်ပွဲပြန်ဖြစ်

သျှမ်းပြည် အရှေ့ပိုင်း မိုင်းတုံမြို့နယ် အတွင်း RCSS/SSA နှင့် အစိုးရတပ်မတော်တို့ ယနေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့သည်။

Photo by Tai Freedom/ facebook

မတ်လ ၂၅ ရက် ယနေ့ မနက် ၈ နာရီခွဲက သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် အစိုးရ တပ်မတော် တို့ မိုင်းတုံမြို့နယ် မိုင်းအစ်ကျေးရွာအနီး ဟိုနမ့်တောင်ကုန်းတွင် မိနစ် ၃၀ခန့် တိုက်ပွဲဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းခမ်းစံ က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ ဒီနေ့ မနက် ၈နာရီခွဲမှာ ဖြစ်တာပါ။ မိုင်းတုံ အခြေစိုက် အစိုးရ တပ်ရင်း ၃ခု က ကျနော်တို့ရှိတဲ့နေရာကို သတင်းမပို့ဘဲ ဖြတ်လို့ပါ ” ဟု ဗိုလ်မှူး စိုင်းခမ်းစံက ဆိုသည်။

မတ်လ ၁၅ ရက်က ၂ ဖက်ကိုယ်စားလှယ်များတွေ့ဆုံပြီးနောက်ပိုင်း ပြန်လည်ဖြစ်ပွါးသောတိုက်ပွဲဖြစ်ကြောင်း ဗိုလ်မှူးခမ်းစံက ပြောသည်။

မိုင်းတုံ အခြေစိုက် အစိုးရ တပ်မတော် ၃ ခုမှာ ခမရ ၅၁၉ ခလရ ၂၂၅ နှင့် ၂၇၇ တို့ဖြစ်ကြောင်း သိရသည် ။

အဆိုပါ တိုက်ပွဲ နှင့်ပတ်သက်ပြီး ဗိုလ်မှူးခမ်းစံ က “ မိုင်းတုံမှာ ရှိတဲ့ ကျနော်တို့ ဆက်ဆံရေး နဲ့ အစိုးရ တပ်က ဆက်ဆံရေး ရုံး အချင်းချင်း ဆွေးနွေးညှိနှိုင်းသွားမယ်။ အဆင်မပြေရင်တော့ နေပြည်တော်ထိ တက်ဆွေးနွေးရမယ်”ဟု သျှမ်းသံတော်ဆင့် သို့ ပြောသည်။

တိုက်ပွဲအတွင်း နှစ်ဖက် တပ် ထိခိုက်မှု အသေးစိတ်ကို မသိရှိရသေးကြောင်းလည်း ဗိုလ်မှူး စိုင်းခမ်းစံ က ဆက်လက်ပြောသည်။

RCSS/SSA နှင့် အစိုးရ တပ်မတော် တိုက်ပွဲဖြစ်ပွားရခြင်း ကိစ္စနှင့် ပတ်သက်ပြီး သတင်းမှန် ပြန်ကြားရေး ကို သျှမ်းသံတော်ဆင့် က အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရခဲ့ပေ။

ဖေဖော်ဝါရီ ၂၇ ရက်နေ့မှ မတ် ၃ရက်နေ့အထိ RCSS/SSA နှင့် အစိုးရ တပ်မတော်သည် သျှမ်းပြည် တောင်ပိုင်း မိုင်းကိုင်၊ ကျေးသီး နှင့် မိုင်းနောင်မြို့နယ် အတွင်း တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထိုတိုက်ပွဲတွင် မိုင်းကိုင်မြို့နယ် အတွင်းရှိ RCSS/SSA တပ်စခန်းချသည့် လွိုင်တောင်း တပ်စခန်း ဆုတ်ခွာပေးခဲ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မောက်မယ် PNLA တပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ၇၈ ဦး RCSS ထံ ဘက်ပြောင်းခိုလှုံ

0
သျှမ်းပြည် မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင် လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ စုစုပေါင်း (၇၈) ဦးတို့ RCSS တပ်ဖွဲ့ထံ သွားရောက်ပူးပေါင်းခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) တွင် မောက်မယ်မြို့နယ် ကဒူးကြီးဒေသရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA)...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

မိုင်းပျဉ်းမြို့နယ် စစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်းရှိ RCSS/SSA ထိန်းချုပ်နယ်မြေအနီးသို့ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ တောနင်းဝင်ရောက်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်း ၁၂ နာရီကျော်တွင် မိုင်းပျဉ်းမြို့နယ်ရှိ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်နယ်မြေထဲ အာဏာသိမ်းစစ်တပ်နှင့်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...