Tuesday, January 27, 2026

နမ့်ဆန်မြို့နယ် အတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွါး စစ်ရှောင် ၁ ထောင်ကျော်ရှိလာ

သျှမ်းပြည် မြောက်ပိုင်း နမ့်ဆန်မြို့နယ်အတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားကာ စစ်ရှောင်များ ၁ထောင်ကျော် ရှိလာကြောင်း သတင်းရရှိသည်။

Photo Credit to Mataan Nu- ကျောက်ဖြူလေးစစ်ရှောင်စခန်းမှ စစ်ရှောင်ကလေးများ

နမ့်ဆန်မြို့နယ် အတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် မြန်မာ့ တပ်မတော်တို့သည် နိုဝင်ဘာ ၁၁ရက်နေ့ မှစတင်ကာ ယနေ့တိုင် ဖြစ်ပွားနေဆဲ ဖြစ်သည်ဟု သိရသည်။

“ မနေ့က ကျနော် တို့သွားတာက ကျောက်ဖြူလေး စစ်ရှောင်ပါ။ အဲ့မှာက ၆၀၀ကျော်တယ်။ တခြားနေရာပါရင်တော့ ၁၀၀၀ အထက်မှာရှိမယ်” ဟု အိုမ်တမောဝ် လူမှု ကူညီရေး အသင်းမှ အဘမ်း က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

လက်ရှိ စစ်ရှောင်များသည် ကျောက်မဲမြို့နယ် ပန်နင်းကျေးရွာ၊ ကျောက်ဖြူလေး ကျေးရွာ နှင့် မန်ခေါက် ကျေးရွာ တွင် တိမ်းရှောင်နေရကြောင်း ရကြောင်း အဘမ်းက ပြောသည်။

“ စစ်ရှောင်တွေ အတွက်က တော့ အစားအသောက်လိုတယ်။ တချို့ နေရာတွေက သွားရခက်တော့ ကျနော်တို့ ကျောက်ဖြူလေးပဲရောက်ခဲ့တယ်။ တခြားနေရာကလည်း အစားအသောက် က လိုအပ်နေတုန်းပါပဲ” ဟု အဘမ်းက ထပ်လောင်းပြောသည်။

Photo Credit to Mataan Nu- ကျောက်ဖြူလေးစစ်ရှောင်စခန်းမှ စစ်ရှောင်ကလေးများ

TNLA နှင့် မြန်မာ့ တပ်မတော်သည် နမ့်ဆန်မြို့နယ် ကိုက်တိုင်ကျေးရွာ တွင် မနက် ၆နာရီခွဲ ၌ တကြိမ်ဖြစ်ပွားပြီး၊ မနက် ရ နာရီခွဲကျော်တွင် ဟူးခင်းကျေးရွာ နှင့် မန်မိုင် မိန်းကွမ်းလမ်းခွဲ ၌ တကြိမ် ဖြစ်ပွားခဲ့ကြောင်း TNLA ၏ ထုတ်ပြန်ချက် အရ သိရသည်။

ထို့ပြင် မြန်မာ့တပ်မတော် စစ်ရဟတ်ယာဉ်သည် မကြာခဏ လာရောက်ပျံဝဲနေကြောင်း ဒေသခံများပြောပြချက် အရ သိရသည်။

တိုက်ပွဲနှင့် ပတ်သက်ပြီး TNLA နှင့် မြန်မာ့တပ်မတော်တို့ကို သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းရာ ကြိုးစားခဲ့သော်လည်း မရရှိခဲ့ပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

သီပေါ-မိုင်းရယ်ကြား လေကြောင်းဗုံးကြဲမှုကြောင့် ထွက်ပြေးခဲ့ရသည့် စစ်ရှောင် ၃၀၀ နီးပါး နေရပ်ပြန်

0
သျှမ်းပြည် မိုင်းရယ်နှင့် သီပေါမြို့နယ်ကြားတွင် စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင် ၃၀၀ နီးပါး နေရပ်ပြန်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၉) ရက် နံနက်ပိုင်းတွင် မိုင်းရယ်နှင့် သီပေါမြို့နယ် အစပ်ရှိ ရှန်တော်ကျေးရွာအနီး ကျားဖြန့်ရုံဟောင်းဟု ယူဆရသည့် နေရာကို ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပရန်...

PNLA ထိန်းချုပ်သည့် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် PNO ပူးပေါင်းပြီး ထိုးစစ်ဆင်နေ

0
ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ဌာနချုပ်တည်ရှိရာ သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ ပူးပေါင်းပြီး ထိုးစစ်ဆင်နေကြောင်း သတင်းရရှိသည်။ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့သည် မောက်မယ်မြို့နယ် ဟိုနမ့်ကျေးရွာအုပ်စုမှ PNLA လှုပ်ရှားရာ တောထဲသို့...

ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြော လေးလကျော်ကြာ တိုက်ပွဲဖြစ်ပွား

0
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ ၄ လကျော်ကြာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။ ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောရှိ တောင်စလုံးနှင့် မြောက်စလုံးကျေးရွာကြားတွင် စစ်ကော်မရှင်တပ်ဘက်မှ ပြီးခဲ့သည့် ၂၀၂၅ အောက်တိုဘာလတွင် နေရာယူ တပ်စွဲထားပြီး ကျေးရွာအနီးအနားသို့ နေ့စဉ်နီးပါး...

ပင်လောင်းစစ်‌ရှောင်များ နေရပ်ပြန်လာသော်လည်း ပြန်လည်ထူထောင်ရေး မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နန်းနိမ့်ကျေးရွာသို့ နေရပ်ပြန်လာကြသော စစ်ဘေးရှောင်များသည် တိုက်ပွဲကြောင့် နေအိမ်ပျက်စီးမှုများကို ပြန်လည်ပြုပြင်မှု မလုပ်နိုင်သေးကြောင်း သတင်းရရှိသည်။ လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) တပ်နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင်း ပင်လောင်းမြို့နယ် တောင်မဲသင်းကျေးရွာ၊ နန်းနိမ့်ကျေးရွာ နှင့် ပင်ပုံကျေးရွာ မှ...