နမ္မတူ-လားရှိုး ကားလမ်း အနီး တိုက်ပွဲဖြစ် ကားသမားတဦး သေဆုံး

သျှမ်းပြည် မြောက်ပိုင်း နမ္မတူ- လားရှိုး ကားလမ်း အနီး ၌ ယမန်နေ့ (ဒီဇင်ဘာ ၂၉ ) တွင် မွန်လွဲပိုင်း တိုက်ပွဲဖြစ်ပွားကာ ယာဉ်မောင်းတဦး ကျည်ထိမှန်သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

Photo by နမ္မတူ ဒေသခံတဦး

ဖြစ်စဉ်မှာ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA )နှင့် မြန်မာ့တပ်မတော်တို့ သည့် နမ္မတူ-လားရှိုး ကားလမ်းပိုင်း လွယ်တောက်ကျေးရွာ အနီးတွင် ယမန်နေ့ မွန်းလွဲ ၂နာရီခွဲ ကျော် ၌ တိုက်ပွဲဖြစ်ပွားကာ ယာဉ်မောင်းတဦး ကျည်ထိမှန် သေဆုံးသွားကြောင်း နမ္မတူမြို့နယ် တအာင်း အမျိုးသား ပါတီ (TNP) မှ တားအိုက်ထိုက် က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ မနေ့က နေ့လည်ပိုင်းမှာ တိုက်ပွဲဖြစ်တယ်။ အဲ့မှာ နမ္မတူ ကနေ လားရှိုးကို သတ္တု ကားမောင်းတဲ့ ယာဉ်မောင်း ကျည်ထိပြီးသေသွားတယ်” ဟု တားအိုက်ထိုက် က ဆိုသည်။

ကျည်ထိမှန်ပြီး သေဆုံးသွားသည့် ကားသမားသည် နမ္မတူမြို့ တွင် နေထိုင်သည့် အသက် ၂၃ နှစ်သာရှိသေးကြောင်း၊ သတ္တုတွင်း တွင် ကားမောင်းသည့် သူလည်း ဖြစ်ကြောင်း တားအိုက်ထိုက် က ပြောသည်။

မြန်မာ့တပ်မတော်နှင့် TNLA တို့သည် ဒီဇင်ဘာ ၂၉ ရက် ၌ နမ့်ဆန်မြို့နယ် နှင့် လားရှိုးမြို့နယ် အတွင်း တိုက်ပွဲ ၄နေရာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လားရှိုးမြို့ နယ် လားရှိုး-နမ္မတူ ကားလမ်းမကြီး လွယ်တောက်ကျေးရွာ အနီးတွင် TNLA နှင့် မြန်မာ့ တပ်မတော်တို့ ယမန်နေ့ မွန်းလွဲ ၂နာရီခွဲ မှ ၃နာရီ ထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLA ၏ ထုတ်ပြန်ချက် တွင်ရေးသားထားသည်။

“ မနေ့ က တိုက်ပွဲဖြစ်ပွား ကားသမား တယောက် ရဲ့ ရင်းဘတ် ကျည်ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးတာ ဟုတ်ပါတယ်။ နမ္မတူ က နာရေး ကားလာသယ်သွားတယ်” ဟု လည်း လားရှိုးမြို့နယ် ဒေသခံ တဦးက သျှမ်းသံတော်ဆင့် သို့ပြောသည်။

ထို့ပြင် ဒီဇင်ဘာ ၂၈ ရက် မွန်းလွဲ ၃နာရီ ဝန်းကျင်တွင်လည်း TNLA နှင့် မြန်မာ့တပ်မတော်တို့ နမ္မတူမြို့နယ် နာဆိုင်းကျေးရွာ အနီး နှင့် ပန်လောကျေးရွာ အနီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယခုလ အတွင်း TNLA နှင့် မြန်မာ့တပ်မတော် တို့ လားရှိုးမြို့နယ် နှင့် နမ္မတူမြို့နယ် အတွင်း တိုက်ပွဲ မကြာခဏ ဖြစ်ပွားမှုကြောင့် ထိုဒေသတွင် နေထိုင်သည့် ပြည်သူများ နေရပ်စွန့်ခွာ ခဲ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

ကွတ်ခိုင်တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို MNDAA စည်းရုံး

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို လက်နက်အပ်ရန်နှင့် ဆေးဝါးကုသမှုခံယူရန် MNDAA ဘက်မှ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၂ ရက်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်အတွင်းရှိ မုံးစီး၊ ကာလိုင်၊ မိုင်းယုလေး၊ ရှုခင်းသာ၊ ၃၈ မိုင် စသည့် ကျေးရွာအုပ်စုများတွင်...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ဖမ်းဆီးခံရသည့် ရွာသားနှစ်ဦး ပြန်မလွှတ်သေး

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်ဖမ်းဆီးခဲ့သည့် ရွာသားများထဲမှ အချို့မှာ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ (၁၀) ရက်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA)...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ရွာသားများကို စစ်တပ်ဖမ်းဆီးရိုက်နှက်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရွာသားများကို စစ်ကော်မရှင်တပ်ဘက်မှ ဖမ်းဆီးရိုက်နှက် စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။ မတ်လ (၁၀) ရက် နေ့လယ်ပိုင်းတွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား တစ်နာရီကျော်ကြာ ထိတွေ့တိုက်ပွဲ...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...