Wednesday, January 28, 2026

နမ္မတူ-လားရှိုး ကားလမ်း အနီး တိုက်ပွဲဖြစ် ကားသမားတဦး သေဆုံး

သျှမ်းပြည် မြောက်ပိုင်း နမ္မတူ- လားရှိုး ကားလမ်း အနီး ၌ ယမန်နေ့ (ဒီဇင်ဘာ ၂၉ ) တွင် မွန်လွဲပိုင်း တိုက်ပွဲဖြစ်ပွားကာ ယာဉ်မောင်းတဦး ကျည်ထိမှန်သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

Photo by နမ္မတူ ဒေသခံတဦး

ဖြစ်စဉ်မှာ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA )နှင့် မြန်မာ့တပ်မတော်တို့ သည့် နမ္မတူ-လားရှိုး ကားလမ်းပိုင်း လွယ်တောက်ကျေးရွာ အနီးတွင် ယမန်နေ့ မွန်းလွဲ ၂နာရီခွဲ ကျော် ၌ တိုက်ပွဲဖြစ်ပွားကာ ယာဉ်မောင်းတဦး ကျည်ထိမှန် သေဆုံးသွားကြောင်း နမ္မတူမြို့နယ် တအာင်း အမျိုးသား ပါတီ (TNP) မှ တားအိုက်ထိုက် က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ မနေ့က နေ့လည်ပိုင်းမှာ တိုက်ပွဲဖြစ်တယ်။ အဲ့မှာ နမ္မတူ ကနေ လားရှိုးကို သတ္တု ကားမောင်းတဲ့ ယာဉ်မောင်း ကျည်ထိပြီးသေသွားတယ်” ဟု တားအိုက်ထိုက် က ဆိုသည်။

ကျည်ထိမှန်ပြီး သေဆုံးသွားသည့် ကားသမားသည် နမ္မတူမြို့ တွင် နေထိုင်သည့် အသက် ၂၃ နှစ်သာရှိသေးကြောင်း၊ သတ္တုတွင်း တွင် ကားမောင်းသည့် သူလည်း ဖြစ်ကြောင်း တားအိုက်ထိုက် က ပြောသည်။

မြန်မာ့တပ်မတော်နှင့် TNLA တို့သည် ဒီဇင်ဘာ ၂၉ ရက် ၌ နမ့်ဆန်မြို့နယ် နှင့် လားရှိုးမြို့နယ် အတွင်း တိုက်ပွဲ ၄နေရာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လားရှိုးမြို့ နယ် လားရှိုး-နမ္မတူ ကားလမ်းမကြီး လွယ်တောက်ကျေးရွာ အနီးတွင် TNLA နှင့် မြန်မာ့ တပ်မတော်တို့ ယမန်နေ့ မွန်းလွဲ ၂နာရီခွဲ မှ ၃နာရီ ထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLA ၏ ထုတ်ပြန်ချက် တွင်ရေးသားထားသည်။

“ မနေ့ က တိုက်ပွဲဖြစ်ပွား ကားသမား တယောက် ရဲ့ ရင်းဘတ် ကျည်ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးတာ ဟုတ်ပါတယ်။ နမ္မတူ က နာရေး ကားလာသယ်သွားတယ်” ဟု လည်း လားရှိုးမြို့နယ် ဒေသခံ တဦးက သျှမ်းသံတော်ဆင့် သို့ပြောသည်။

ထို့ပြင် ဒီဇင်ဘာ ၂၈ ရက် မွန်းလွဲ ၃နာရီ ဝန်းကျင်တွင်လည်း TNLA နှင့် မြန်မာ့တပ်မတော်တို့ နမ္မတူမြို့နယ် နာဆိုင်းကျေးရွာ အနီး နှင့် ပန်လောကျေးရွာ အနီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယခုလ အတွင်း TNLA နှင့် မြန်မာ့တပ်မတော် တို့ လားရှိုးမြို့နယ် နှင့် နမ္မတူမြို့နယ် အတွင်း တိုက်ပွဲ မကြာခဏ ဖြစ်ပွားမှုကြောင့် ထိုဒေသတွင် နေထိုင်သည့် ပြည်သူများ နေရပ်စွန့်ခွာ ခဲ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

PNLA ထိန်းချုပ်သည့် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် PNO ပူးပေါင်းပြီး ထိုးစစ်ဆင်နေ

0
ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ဌာနချုပ်တည်ရှိရာ သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ ပူးပေါင်းပြီး ထိုးစစ်ဆင်နေကြောင်း သတင်းရရှိသည်။ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့သည် မောက်မယ်မြို့နယ် ဟိုနမ့်ကျေးရွာအုပ်စုမှ PNLA လှုပ်ရှားရာ တောထဲသို့...

ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြော လေးလကျော်ကြာ တိုက်ပွဲဖြစ်ပွား

0
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ ၄ လကျော်ကြာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။ ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောရှိ တောင်စလုံးနှင့် မြောက်စလုံးကျေးရွာကြားတွင် စစ်ကော်မရှင်တပ်ဘက်မှ ပြီးခဲ့သည့် ၂၀၂၅ အောက်တိုဘာလတွင် နေရာယူ တပ်စွဲထားပြီး ကျေးရွာအနီးအနားသို့ နေ့စဉ်နီးပါး...

ပင်လောင်းစစ်‌ရှောင်များ နေရပ်ပြန်လာသော်လည်း ပြန်လည်ထူထောင်ရေး မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နန်းနိမ့်ကျေးရွာသို့ နေရပ်ပြန်လာကြသော စစ်ဘေးရှောင်များသည် တိုက်ပွဲကြောင့် နေအိမ်ပျက်စီးမှုများကို ပြန်လည်ပြုပြင်မှု မလုပ်နိုင်သေးကြောင်း သတင်းရရှိသည်။ လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) တပ်နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင်း ပင်လောင်းမြို့နယ် တောင်မဲသင်းကျေးရွာ၊ နန်းနိမ့်ကျေးရွာ နှင့် ပင်ပုံကျေးရွာ မှ...

နေရပ်ပြန် ပြောင်းချိုးသည့် အင်းလေးဒေသက စစ်ရှောင်အမျိုးသားပျောက်ဆုံးနေ

0
သျှမ်းပြည်တောင်ပိုင်း အင်းလေးဒေသသို့ စစ်ဘေးရှောင်လာသည့် အမျိုးသားတစ်ဉီးသည် ၎င်း၏ နေရပ်ဖြစ်သည့် ဖယ်ခုံမြို့နယ်အတွင်းသို့ ပြောင်းချိုးရန် သွားစဉ် ပျောက်ဆုံးသွားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၁ရက်တွင် အသက် ၂၄နှစ်အရွယ်ရှိ ကိုအောင်ကိုကို(ခ)ဖိုးနီသည် ဖယ်ခုံမြို့နယ် နောင်လိုင်ကျေးရွာသို့ ပြောင်းဖူးချိုးရန် နေရပ်ပြန်သွားခဲ့သည်။ ဒီဇင်ဘာ ၁၈ရက်တွင် အင်းလေးဒေသ စံကားကျေးရွာအုပ်စု...