တိုက်ပွဲ ထပ်မံဖြစ်မည်ကို စိုးရိမ်စိတ်ဖြင့် ကျောက်မဲမြို့ပေါ်သို့ စစ်ရှောင်များရောက်လာ

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့ပေါ်သို့ ယမန်နေ့(ဒီဇင်ဘာ ၇) ရက် တွင် စစ်ရှောင် များ ရောက်လာကြောင်း သတင်းရရှိသည်။


Photo by Shan Chaw Chaw/ စစ်ရှောင်များ ခေကွဲကျေးရွာမှ မိုင်းငေါ့သို့ ခြေကျင်လမ်းလျှောက်လာသည့်ပုံ

အဆိုပါ ရောက်လာသည့် စစ်ရှောင်များသည် ကျောက်မဲမြို့နယ် ကွန်ကော်ကျေးရွာ မှ ဒေသခံများဖြစ်ပြီး၊ လူဦးရေ ၈၀ ကျော်ရှိကြောင်း လက်ရှိမှာ ကျောက်မဲမြို့ပေါ်ရှိ ဆွေမျိုးများအိမ်တွင် နေထိုင်ကြောင်း ကျောက်မဲမြို့ ဇီဝိတ လူမှု ကူညီရေး အသင်းမှ ဦးတင်မောင်သိန်း က ပြောသည်။

“ မနေ့ က ည ရောက်လာတာပါ။ သူတို့က ဆွေမျိုးအိမ်မှာ နေကြတယ်။ သီးသန့်နေထိုင်တာတော့ မရှိဘူး” ဟု ဦးတင်မောင်သိန်း က ပြောသည်။

ထို စစ်ရှောင်များ စာရင်းတွင် အမျိုးသမီး နှင့် ကလေးငယ် အများစုဖြစ်နေကြောင်းသိရသည်။

လက်ရှိ ကျောက်မဲမြို့ သို့ ရောက်လာသည့် စစ်ရှောင်များသည် ကျောက်မဲမြို့နယ် ခေကွဲရွာ တွင် တိမ်းရှောင်နေကြသည့် ခွန်ကော်၊အုံအွီးရွာ မှ စစ်ရှောင်များဖြစ်ကြကြောင်း သိရသည်။

စစ်ရှောင်များသည် ကျောက်မဲမြို့ ပေါ်သို့ရောက်ရန် အတွက် ၁၅ မိုင် ဝေးကွာသည့် ခေကွဲ ရွာ မှ မိုင်းငေ့ါ ထိ ခြေလျင် လမ်းလျှောက်လာကြပြီး၊ မိုင်းငေါ့မှ တဆင့် ကျောက်မဲမြို့ ပေါ်သို့ ကားဖြင့် လာကြကြောင်း သိရသည်။

Photo by Tin Maung Thein/ ဒီဇင်ဘာ ၇ ရက် ည ကျောက်မဲမြို့ပေါ်သို့ရောက်လာသည့် စစ်ရှောင်များ

ယမန်နေ့ ရောက်လာသည့် စစ်ရှောင်များသည် ယခင်တွင် လည်း စစ်ရှောင်ခဲ့ဖူးသည့် သူများဖြစ်ကြောင်း၊ တိုက်ပွဲဆက်လက်ပြင်းထန်လာမည်ကို စိုးရိမ်သဖြင့် ကျောက်မဲမြို့ပေါ်သို့ရောက်လာကြောင်း အိုဝ်တမောဝ် လူမှုကူညီရေးအသင်းမှ အဘမ်းက သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ ဒီချိန်က အေးတဲ့အချိန်ဆိုတော့ စစ်ရှောင်တွေ အတွက် လိုအပ်ချက်ကများမယ်။ ဆွေမျိုးအိမ်တွေမှာနေလဲ သူတို့အတွက် စောင်တွေ စားစရာတွေတော့လိုမယ်” ဟု အဘမ်း က ဆိုသည်။

ကျောက်မဲမြို့နယ်အတွင်း မြန်မာ့တပ်မတော် နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် တို့သည့် နိုဝင်ဘာလ မှ စတင်ကာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး၊ စစ်ရှောင် ၇၀၀ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...