သျှမ်းမြောက် နမ့်ဆန် စစ်ရှောင် ၁ထောင်ကျော်ရှိ၊ ၂ဖက်တပ် စစ်ရေးတင်းမာနေဆဲ

သျှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့ အနီးတွင် တိုက်ပွဲများဖြစ်ပွားကာ စစ်ရှောင် ၁ ထောင်ကျော် ရှိပြီး ၂ ဖက်တပ် စစ်ရေးတင်းမာမှု ရှိနေဆဲ ဟု သတင်းရရှိသည်။

Photo Credit to V Dian Thein Han – စစ်ဘေးရှောင်များ

စက်တင်ဘာ ၁၃ ရက်နေ့မှ စတင်ပြီး နမ့်ဆန်မြို့ အနီးတွင် မြန်မာ့တပ်မတော် နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ထိုစစ်ပွဲဖြစ်ပွားမှုကြောင့် စစ်ရှောင် ၁ ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး ယနေ့ထိ စစ်ရေး တင်းမာနေသေးကြောင်း နမ့်ဆန် ဒေသခံများက ပြောဆိုသည်။

စစ်ဘေးရှောင်များသည် နမ့်ဆန်မြို့ဇယန်းကြီး ဘုန်းကြီးကျောင်းတွင် ၈၀၀ကျော်၊ ကယားကြီး ဘုန်းကြီးကျောင်းတွင် ၂၀၀ ကျော်၊ ပန်းစာရီ တွင် ၁၀၀ ကျော် နှင့်တချို့ မှာ ဆွေမျိုးများ အိမ်တွင် တိမ်းရှောင်နေကြရကြောင်း ချမ်းမြေ့ လူမှု ကူညီရေး အသင်း ဥက္ကဌ ဦးသိန်းရွှေ က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ကယားကြီး ဘုန်းကြီးကျောင်း နဲ့ပန်းစာရီက ဒုက္ခသည်အတွက် စားဝတ်နေရေး အရမ်းလိုအပ်နေတယ်။ အခုထိ သွားဖို့ ခက်နေတုန်းပဲ ။ လမ်းကြောင်း မပွင့်သေးဘူး” ဟု ဦးသိန်းရွှေ က ဆိုသည်။

Photo Credit to V Dian Thein Han -ဒဏ်ရာရ စစ်ဘေးရှောင်

မြန်မာ့တပ်မတော် နှင့် TNLA တို့သည် ယမန်နေ့ထိ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားပြီး၊ တိုက်ပွဲကြောင့် စက်တင်ဘာ ၁၄ ရက်နေ့တွင် အသက် ၆၀ ကျော် ဦးအိုက်ထွန်း လက်နက်ကြီး ထိမှန် ကာ သေဆုံးခဲ့သည်။ အမျိုးသားတဦး နှင့် အမျိုးသမီး လည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းလူမှု အဖွဲ့အစည်းက ပြောသည်။

“ သေဆုံးတာ ကတော့ ၁ ယောက်ပါ ဒဏ်ရာရတာ ၂ ယောက်ပါ။ အမျိုးသမီးတဦး အမျိုးသား တဦးပါ။ဟုန်ချောင်း ကျေးရွာ အမျိုးသားက ပေါင်ထိတယ်။ အမျိုးသမီး က ခေါင်းနဲ့ လက် နည်းနည်း ထိတယ်။ လက်ရှိ နမ့်ဆန် ဆေးရုံ  တင်ထားပါတယ်” ဟု တအာင်း ဥပဒေ အထောက်အကူပြု အဖွဲ့ တာဝန်ခံ မိုင်းမျိုးအောင် က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

ယမန်နေ့က  မြန်မာ့တပ်မတော်မှ နမ့်ဆန်မြို့အနီးတဝိုက် စစ်လေယာဉ် ၄ စီးဖြင့်  ပျံသန်းခဲ့ပြီး တိုက်ပွဲများ ပြင်းထန်ခဲ့သည်။

“ မနေ့က အပစ်ခတ်ရှိတယ်။ ရဟတ်ယာဉ် ၄စီးလာတယ်။ ရဟတ်ယာဉ်နဲ့ အပေါ်ကနေ ပစ်တယ်” ဟု ဦးသိန်းရွှေက ပြောသည်။

လက်ရှိ  နမ့်ဆန်မြို့ အနီး ပတ်ဝန်းကျင်တွင် မြန်မာ့တပ်မတော် နှင့် TNLA တို့ သည် စစ်အင်အား တိုးချဲ့ ပြီး စစ်ရေး တင်းမာမှု ရှိသဖြင့် တိုက်ပွဲ အချိန်မရွေးဖြစ်လာနိုင်သည့်အပေါ် ဒေသခံများ စိုးရိမ် ထိတ်လန့်နေကြကြောင်း ဦးသိန်းရွှေ က ပြောသည်။

မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့က အောက်တိုဘာလ ၈ ရက်နေ့အထိနှင့် အစိုးရတပ်မတော်က စက်တင်ဘာလ ၂၁ ရက်နေ့အထိ တဖက်သတ်အပြစ်ရပ်ကြောင်း အသီးသီးကြေငြာထားကြသည်။

တဖက်တွင်လည်း ယနေ့ စက်တင်ဘာ ၁၆ ရက်နေ့ တွင် မြောက်ပိုင်းမဟာမိတ် (၄)ဖွဲ့ ဖြစ်သည့် TNLA၊ ရခိုင်တပ် (AA) ၊ ကိုးကန့်တပ် (MNDAA) ၊ ကချင် တပ် (KIA) တို့ နှင့် မြန်မာ့တပ်မတော်တို့ ကျိုင်းတုံမြို့ တွင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်နေကြသည်။

ထိုတွေ့ဆုံဆွေးနွေးမှု အပေါ်  ငြိမ်းချမ်းရေး အတွက် တစုံတရာ ရလာလိမ့်မည်ဟု ဒေသခံများ မျှော်လင့်နေကြသည်။

ယနေ့ ကျိုင်းတုံ ဆွေးနွေးပွဲ နှင့် ပတ်သက်ပြိး မိုင်းမျိုးအောင် က “ ကျနော်တို့လည်း တော်တော် စိုးရိမ်ပါတယ်။ တွေ့ဖို့ရက်နီးလေလေ တိုက်ပွဲပြင်းထန်လေလေ  ဖြစ်နေတယ်။ နောက် တွေ့ဆုံပွဲလည်း ဘယ်လောက် ထိ မျှော်လင့် လို့ရမယ်ဆိုတာ စဉ်းစားနေရတဲ့ အပိုင်းပါ” ဟု ဆိုသည်။

ကျိုင်းတုံ ဆွေးနွေးပွဲ တွင် ငြိမ်းချမ်းရေး နှင့် ပတ်သက်သည့် အောင်မြင်မှု တစုံတရာ ရစေချင်ကြောင်းလည်း မိုင်းမျိုးအောင် က ပြောသည်။

ဆက်လက်ပြီး ဦးသိန်းရွှေ က “ လက်ရှိ ဆွေးနွေးပွဲ ကိုတော့ မျှော်လင့်ချက်ကတော့ သိပ်မရှိဘူး။ ဒုက္ခဆက်ရောက်မှာပဲစိုးရိမ်တယ်၊ တဖက်နဲ့ တဖက် အလျှော့ပေးရင်ပိုကောင်းမယ်။ ပြည်သူလူထုကို ငဲ့ညှာရင်ကောင်းပါတယ်” ဟု ပြောဆိုထောက်ပြလိုက်သည်။

သျှမ်းပြည်နယ် မြောက်ပိုင်း အတွင်းညီနောင် မဟာမိတ်(၃)ဖွဲ့ နှင့် မြန်မာ့ တပ်မတော် တို့သည် သြဂုတ် ၁၅ ရက်နေ့ ကတိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး အရပ်သား  ၁၀ဦး အထက်သေဆုံး    ၂၆ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

တောင်ကြီးရောက် စစ်ဘေးရှောင်များ တစ်ပတ်တစ်ကြိမ် ဧည့်စာရင်းတိုင်ခ ပေးနေရ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိလာသည့် စစ်ဘေးရှောင်များသည် တစ်ပတ်တစ်ခါ ဧည့်စာရင်း တိုင်ကြားနေရပြီး တစ်ကြိမ်လျှင် ကျပ်ငွေ သုံးထောင် (၃,၀၀၀) ပေးဆောင်နေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ လွိုင်ကော်မြို့တွင် ဖြစ်ပွားခဲ့သည့်...

ကွတ်ခိုင်တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို MNDAA စည်းရုံး

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို လက်နက်အပ်ရန်နှင့် ဆေးဝါးကုသမှုခံယူရန် MNDAA ဘက်မှ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၂ ရက်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်အတွင်းရှိ မုံးစီး၊ ကာလိုင်၊ မိုင်းယုလေး၊ ရှုခင်းသာ၊ ၃၈ မိုင် စသည့် ကျေးရွာအုပ်စုများတွင်...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ဖမ်းဆီးခံရသည့် ရွာသားနှစ်ဦး ပြန်မလွှတ်သေး

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်ဖမ်းဆီးခဲ့သည့် ရွာသားများထဲမှ အချို့မှာ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ (၁၀) ရက်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA)...

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...