Tuesday, January 27, 2026

သျှမ်းမြောက် နမ့်ဆန် စစ်ရှောင် ၁ထောင်ကျော်ရှိ၊ ၂ဖက်တပ် စစ်ရေးတင်းမာနေဆဲ

သျှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့ အနီးတွင် တိုက်ပွဲများဖြစ်ပွားကာ စစ်ရှောင် ၁ ထောင်ကျော် ရှိပြီး ၂ ဖက်တပ် စစ်ရေးတင်းမာမှု ရှိနေဆဲ ဟု သတင်းရရှိသည်။

Photo Credit to V Dian Thein Han – စစ်ဘေးရှောင်များ

စက်တင်ဘာ ၁၃ ရက်နေ့မှ စတင်ပြီး နမ့်ဆန်မြို့ အနီးတွင် မြန်မာ့တပ်မတော် နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ထိုစစ်ပွဲဖြစ်ပွားမှုကြောင့် စစ်ရှောင် ၁ ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး ယနေ့ထိ စစ်ရေး တင်းမာနေသေးကြောင်း နမ့်ဆန် ဒေသခံများက ပြောဆိုသည်။

စစ်ဘေးရှောင်များသည် နမ့်ဆန်မြို့ဇယန်းကြီး ဘုန်းကြီးကျောင်းတွင် ၈၀၀ကျော်၊ ကယားကြီး ဘုန်းကြီးကျောင်းတွင် ၂၀၀ ကျော်၊ ပန်းစာရီ တွင် ၁၀၀ ကျော် နှင့်တချို့ မှာ ဆွေမျိုးများ အိမ်တွင် တိမ်းရှောင်နေကြရကြောင်း ချမ်းမြေ့ လူမှု ကူညီရေး အသင်း ဥက္ကဌ ဦးသိန်းရွှေ က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ကယားကြီး ဘုန်းကြီးကျောင်း နဲ့ပန်းစာရီက ဒုက္ခသည်အတွက် စားဝတ်နေရေး အရမ်းလိုအပ်နေတယ်။ အခုထိ သွားဖို့ ခက်နေတုန်းပဲ ။ လမ်းကြောင်း မပွင့်သေးဘူး” ဟု ဦးသိန်းရွှေ က ဆိုသည်။

Photo Credit to V Dian Thein Han -ဒဏ်ရာရ စစ်ဘေးရှောင်

မြန်မာ့တပ်မတော် နှင့် TNLA တို့သည် ယမန်နေ့ထိ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားပြီး၊ တိုက်ပွဲကြောင့် စက်တင်ဘာ ၁၄ ရက်နေ့တွင် အသက် ၆၀ ကျော် ဦးအိုက်ထွန်း လက်နက်ကြီး ထိမှန် ကာ သေဆုံးခဲ့သည်။ အမျိုးသားတဦး နှင့် အမျိုးသမီး လည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းလူမှု အဖွဲ့အစည်းက ပြောသည်။

“ သေဆုံးတာ ကတော့ ၁ ယောက်ပါ ဒဏ်ရာရတာ ၂ ယောက်ပါ။ အမျိုးသမီးတဦး အမျိုးသား တဦးပါ။ဟုန်ချောင်း ကျေးရွာ အမျိုးသားက ပေါင်ထိတယ်။ အမျိုးသမီး က ခေါင်းနဲ့ လက် နည်းနည်း ထိတယ်။ လက်ရှိ နမ့်ဆန် ဆေးရုံ  တင်ထားပါတယ်” ဟု တအာင်း ဥပဒေ အထောက်အကူပြု အဖွဲ့ တာဝန်ခံ မိုင်းမျိုးအောင် က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

ယမန်နေ့က  မြန်မာ့တပ်မတော်မှ နမ့်ဆန်မြို့အနီးတဝိုက် စစ်လေယာဉ် ၄ စီးဖြင့်  ပျံသန်းခဲ့ပြီး တိုက်ပွဲများ ပြင်းထန်ခဲ့သည်။

“ မနေ့က အပစ်ခတ်ရှိတယ်။ ရဟတ်ယာဉ် ၄စီးလာတယ်။ ရဟတ်ယာဉ်နဲ့ အပေါ်ကနေ ပစ်တယ်” ဟု ဦးသိန်းရွှေက ပြောသည်။

လက်ရှိ  နမ့်ဆန်မြို့ အနီး ပတ်ဝန်းကျင်တွင် မြန်မာ့တပ်မတော် နှင့် TNLA တို့ သည် စစ်အင်အား တိုးချဲ့ ပြီး စစ်ရေး တင်းမာမှု ရှိသဖြင့် တိုက်ပွဲ အချိန်မရွေးဖြစ်လာနိုင်သည့်အပေါ် ဒေသခံများ စိုးရိမ် ထိတ်လန့်နေကြကြောင်း ဦးသိန်းရွှေ က ပြောသည်။

မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့က အောက်တိုဘာလ ၈ ရက်နေ့အထိနှင့် အစိုးရတပ်မတော်က စက်တင်ဘာလ ၂၁ ရက်နေ့အထိ တဖက်သတ်အပြစ်ရပ်ကြောင်း အသီးသီးကြေငြာထားကြသည်။

တဖက်တွင်လည်း ယနေ့ စက်တင်ဘာ ၁၆ ရက်နေ့ တွင် မြောက်ပိုင်းမဟာမိတ် (၄)ဖွဲ့ ဖြစ်သည့် TNLA၊ ရခိုင်တပ် (AA) ၊ ကိုးကန့်တပ် (MNDAA) ၊ ကချင် တပ် (KIA) တို့ နှင့် မြန်မာ့တပ်မတော်တို့ ကျိုင်းတုံမြို့ တွင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်နေကြသည်။

ထိုတွေ့ဆုံဆွေးနွေးမှု အပေါ်  ငြိမ်းချမ်းရေး အတွက် တစုံတရာ ရလာလိမ့်မည်ဟု ဒေသခံများ မျှော်လင့်နေကြသည်။

ယနေ့ ကျိုင်းတုံ ဆွေးနွေးပွဲ နှင့် ပတ်သက်ပြိး မိုင်းမျိုးအောင် က “ ကျနော်တို့လည်း တော်တော် စိုးရိမ်ပါတယ်။ တွေ့ဖို့ရက်နီးလေလေ တိုက်ပွဲပြင်းထန်လေလေ  ဖြစ်နေတယ်။ နောက် တွေ့ဆုံပွဲလည်း ဘယ်လောက် ထိ မျှော်လင့် လို့ရမယ်ဆိုတာ စဉ်းစားနေရတဲ့ အပိုင်းပါ” ဟု ဆိုသည်။

ကျိုင်းတုံ ဆွေးနွေးပွဲ တွင် ငြိမ်းချမ်းရေး နှင့် ပတ်သက်သည့် အောင်မြင်မှု တစုံတရာ ရစေချင်ကြောင်းလည်း မိုင်းမျိုးအောင် က ပြောသည်။

ဆက်လက်ပြီး ဦးသိန်းရွှေ က “ လက်ရှိ ဆွေးနွေးပွဲ ကိုတော့ မျှော်လင့်ချက်ကတော့ သိပ်မရှိဘူး။ ဒုက္ခဆက်ရောက်မှာပဲစိုးရိမ်တယ်၊ တဖက်နဲ့ တဖက် အလျှော့ပေးရင်ပိုကောင်းမယ်။ ပြည်သူလူထုကို ငဲ့ညှာရင်ကောင်းပါတယ်” ဟု ပြောဆိုထောက်ပြလိုက်သည်။

သျှမ်းပြည်နယ် မြောက်ပိုင်း အတွင်းညီနောင် မဟာမိတ်(၃)ဖွဲ့ နှင့် မြန်မာ့ တပ်မတော် တို့သည် သြဂုတ် ၁၅ ရက်နေ့ ကတိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး အရပ်သား  ၁၀ဦး အထက်သေဆုံး    ၂၆ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

သီပေါ-မိုင်းရယ်ကြား လေကြောင်းဗုံးကြဲမှုကြောင့် ထွက်ပြေးခဲ့ရသည့် စစ်ရှောင် ၃၀၀ နီးပါး နေရပ်ပြန်

0
သျှမ်းပြည် မိုင်းရယ်နှင့် သီပေါမြို့နယ်ကြားတွင် စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင် ၃၀၀ နီးပါး နေရပ်ပြန်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၉) ရက် နံနက်ပိုင်းတွင် မိုင်းရယ်နှင့် သီပေါမြို့နယ် အစပ်ရှိ ရှန်တော်ကျေးရွာအနီး ကျားဖြန့်ရုံဟောင်းဟု ယူဆရသည့် နေရာကို ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပရန်...

PNLA ထိန်းချုပ်သည့် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် PNO ပူးပေါင်းပြီး ထိုးစစ်ဆင်နေ

0
ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ဌာနချုပ်တည်ရှိရာ သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ ပူးပေါင်းပြီး ထိုးစစ်ဆင်နေကြောင်း သတင်းရရှိသည်။ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့သည် မောက်မယ်မြို့နယ် ဟိုနမ့်ကျေးရွာအုပ်စုမှ PNLA လှုပ်ရှားရာ တောထဲသို့...

ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြော လေးလကျော်ကြာ တိုက်ပွဲဖြစ်ပွား

0
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ ၄ လကျော်ကြာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။ ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောရှိ တောင်စလုံးနှင့် မြောက်စလုံးကျေးရွာကြားတွင် စစ်ကော်မရှင်တပ်ဘက်မှ ပြီးခဲ့သည့် ၂၀၂၅ အောက်တိုဘာလတွင် နေရာယူ တပ်စွဲထားပြီး ကျေးရွာအနီးအနားသို့ နေ့စဉ်နီးပါး...

ပင်လောင်းစစ်‌ရှောင်များ နေရပ်ပြန်လာသော်လည်း ပြန်လည်ထူထောင်ရေး မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နန်းနိမ့်ကျေးရွာသို့ နေရပ်ပြန်လာကြသော စစ်ဘေးရှောင်များသည် တိုက်ပွဲကြောင့် နေအိမ်ပျက်စီးမှုများကို ပြန်လည်ပြုပြင်မှု မလုပ်နိုင်သေးကြောင်း သတင်းရရှိသည်။ လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) တပ်နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင်း ပင်လောင်းမြို့နယ် တောင်မဲသင်းကျေးရွာ၊ နန်းနိမ့်ကျေးရွာ နှင့် ပင်ပုံကျေးရွာ မှ...