အစိုးရတပ်မတော်နှင့် သျှမ်းပြည်တပ်မတော် RCSS တိုႉ မိုင်းကိုင်မြို့နယ်အတွင်း အကြိမ်ကြိမ်တိုက်ပွဲဖြစ်ပွါး

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း လှုပ်ရှားနေသော သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA နှင့်အစိုးရတပ်မတော်တို့ တိုက်ပွဲအကြိမ်ကြိမ်ဖြစ်ပွါးခဲ့ကြောင်းသိရသည်။

အစိုးရတပ်မတော်နှင့် သျှမ်းပြည်တပ်မတော် RCSS တပ်သားများ

နိုဝင်ဘာလ ၉ ရက်နေ့ ညနေပိုင်းက အစိုးရတပ်မတော် အမှတ် ၇၅၇ တပ်ရင်းမှ အင်အား ၄၀ ကျော်သည် မိုင်းကိုင်မြို့နယ် ဟိုခိုင်းအုပ်စုရှိတောတောင်ဘက်သို့ဝင်ရောက်လှုပ်ရှားရာ RCSS/SSA နှင့်  ၂ ကြိမ် တိုက်ပွဲ ဖြစ်ပွါးခဲ့ကြောင်းသိရသည်။

မိုင်းကိုင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းလုံက – “ ကျနော်တို့ကြားသိရတာကတော့ အစိုးရတပ်မတော်တွေ ဟမ်းငိုင်းမြောက်ဘက်မှာရှိတဲ့ ဟိုခိုင်းအုပ်စုက လွယ်တွန်းတောင်ပေါ်ကိုတက်သွားတာကြောင့် ပစ်ခတ်မှုဖြစ်ပွါးတာဖြစ်တယ်လို့ကြားသိရတယ်။………………. ရပ်ရွာနဲ့ဝေးတော့ လူထုထိခိုက်မှုတော့မရှိပါဘူး။ ဒါပေမယ့် စစ်ရှောင်တွေ ရှိလာရင် ချက်ချင်း ကူညီမှုပေးနိုင်အောင်လို့ ကျနော်တို့ မပြတ်စောင့်ကြည့် နားထောင် နေပါတယ်” – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

၎င်းနှင့်ပတ်သက်ပြီး RCSS ပြောခွင့်ရပုဂ္ဂိုလ်ထံ ဆက်သွယ်သော်လည်း မရခဲ့ပေ။ သို့သော်မိုင်းကိုင်- ကျေးသီးမြို့နယ်အတွင်း RCSS တာဝန်ရှိ အကြီးအကဲများက – ပစ်ခတ်မှုတော့ဖြစ်ပွါးတယ်။ တိုက်ပွဲအကြီးတော့မဟုတ်ဘူး။ အစိုးရတပ်ကဝင်လာလို့ မိမိကိုယ်ကိုကာကွယ်တာဘဲဖြစ်ပါတယ်- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

အသက် ၆၀ ကျော်အရွယ် မိုင်းကိုင်ဒေသခံ ရပ်မိရပ်ဖတဦးကလည်း – မနေ့က လွယ်တွန်းဘက်ကထွက်တဲ့ပစ်ခတ်သံ နဲနဲတော့ကြာတယ်- ဟုပြောသည်။

RCSS/SSA သည် ၂၀၁၁ နှစ်နှောင်းပိုင်းတွင်ပြည်နယ်အဆင့်၊ ၂၀၁၂ နှစ်ဆန်းပိုင်းတွင် ပြည်ထောင်စုအဆင့် အစိုးရနှင့် အပစ်ရပ်လက်မှတ်ရေးထိုးထားသော်လည်း တိုက်ပွဲပေါင်း ၁၇၂ ကြိမ်ဖြစ်ပွါးခဲ့ပြီဖြစ်ကြောင်းသိရသည်။ အောက်တိုဘာလ ၁၅ ရက် ၂၀၁၅ ခုနှစ်နောက်ပိုင်းတိုက်ပွဲပေါင်း ၅၁ ကြိမ်နှင့် ဒီဇင်ဘာလ ၂၃ ရက် ၂၀၁၈ အစိုးရတပ်မတော်ဘက်မှ တဖက်သတ်အပစ်ရပ်ကြေငြာပြီးနောက်ပိုင်း တိုက်ပွဲပေါင်း ၄ ကြိမ်ဖြစ်ပွါးခဲ့ကြောင်းသိရပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မောက်မယ် PNLA တပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ၇၈ ဦး RCSS ထံ ဘက်ပြောင်းခိုလှုံ

0
သျှမ်းပြည် မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင် လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ စုစုပေါင်း (၇၈) ဦးတို့ RCSS တပ်ဖွဲ့ထံ သွားရောက်ပူးပေါင်းခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) တွင် မောက်မယ်မြို့နယ် ကဒူးကြီးဒေသရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA)...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

မိုင်းပျဉ်းမြို့နယ် စစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်းရှိ RCSS/SSA ထိန်းချုပ်နယ်မြေအနီးသို့ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ တောနင်းဝင်ရောက်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်း ၁၂ နာရီကျော်တွင် မိုင်းပျဉ်းမြို့နယ်ရှိ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်နယ်မြေထဲ အာဏာသိမ်းစစ်တပ်နှင့်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...