သျှမ်းပြည် မြောက်ပိုင်းတွင် တိုက်ပွဲ ဆက်တိုက်ဖြစ်ပွား ဒေသခံများစစ်ဘေးရှောင်နေရ

သျှမ်းပြည် မြောက်ပိုင်း နမ့်ဆန်မြို့နယ်အတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA နှင့် မြန်မာ့ တပ်မတော်တို့တိုက်ပွဲများဖြစ်ပွါးရာ လက်နက်ကြီးပစ်ခတ်မှု ရဟတ်ယာဉ်ဖြင့် ၀ဲပျံမှုများရှိသဖြင့်ဒေသခံရွာသားများတိမ်းရှောင်နေရကြောင်းသတင်းရရှိသည်။

Credit to Mongngaw youth- နို၀င်ဘာလ ၂၀ ရက်နေ့က မိုင်းငေါ့နဲ့ကျောက်မဲကြား ကျေးရွာတွေအပေါ်ဝဲပျံသည့်တပ်မတော်ရဟတ်ယာဉ်

နိုဝင်ဘာ ၂၀ ရက် ယနေ့ မနက် ၈ နာရီအချိန်ခန့်က မြန်မာ့တပ်မတော်သည် မိုင်းငေါ့မြို့နယ် ဘက်မှ နမ့်ဆန်မြို့နယ် စခန်းသာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ နေ့လည်ပိုင်းတွင်လည်း တပ်မတော်ဘက်မှ ရဟတ်ယာဉ် ဖြင့် လာရောက် ပျံဝဲကြောင်း TNLA မှ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးတားအိုက်ကျော် က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ တိုက်ပွဲ တော့ မဟုတ်ဘူး။ မြန်မာ့တပ်မတော်က ကျနော်တို့ကိုလာပစ်တာ။ ရဟတ်ယာဉ်တွေလာပျံတယ်။ တပ်က ရမ်းပစ်နေတာ” ဟု တားအိုက်ကျော် က ဆိုသည်။

ရဟတ်ယာဉ်သည် နိမ့်စွာ ၀ဲပျံသဖြင့် မိုင်းငေါ့နှင့်ကျောက်မဲကြား မန့်ခေါပ် မန့်ကန်ရွာဘက်ရှိ လူနေအိမ် သက်ကယ်ခေါင်မိုးများ ထရံများ လွှင့်စင်သည်အထိဖြစ်သဖြင့်ဒေသခံများ ထိတ်လန့်ကာ ထွက်ပြေးကြကြောင်းလည်း မိုင်းငေါ့ဘက်မှ ဒေသခံများကပြောသည်။

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ နမ့်ဆန်တွင် နိုဝင်ဘာ ၁၁ရက်နေ့မှ ၁၇ ရက်ထိ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး၊ နိုဝင်ဘာ ၁၈ ရက်နေ့မှယနေ့တိုင် မြန်မာ့တပ်မတော် မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပြုလုပ်နေကြောင်း လည်း တားအိုက်ကျော် က ပြောသည်။

“ အခု တပ်က ရမ်းပစ်တော့ ပြည်သူတွေ ထွက်ပြေးနေရတယ်။ ပြည်သူတွေပဲ ဒုက္ခရောက်တယ်” ဟု တားအိုက်ကျော် က ဆိုသည်။

ယနေ့တိုက်ပွဲကြောင့် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ်ခွဲ ခုံငင်း ကျေးရွာ အတွင်း လက်နက်ကြီးများ ကျကြောင်း ၊ လက်ရှိအချိန်အထိ ဒေသခံ ၈၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရပြီး စားဝတ်နေရေး ခက်ခဲနေကြောင်း အိုမ်တမောဝ်လူမှုကူညီရေး အသင်းမှ အဘမ်း က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

အဆိုပါ စစ်ဘေးရှောင်များသည် ကျောက်မဲမြို့နယ် ပန်နင်းကျေးရွာ၊ ကျောက်ဖြူလေး ကျေးရွာ နှင့် မန်ခေါက် ကျေးရွာတွင် တိမ်းရှောင်နေရကြောင်း အဘမ်း ကပြောသည်။

“ အခု အစားအစာတွေ နေစရာ အခင်း တွေ လိုအပ်နေတယ်။ အဲ့ဘက်ကို သွားဖို့က ခက်ခဲတယ်။ ကူညီတဲ့သူတွေကလည်း မသွားရဲကြဘူး။ တိုက်ပွဲဖြစ်တော့ သွားရမှာ ကြောက်တယ်” ဟု အဘမ်း က ဆိုသည်။

တိုက်ပွဲကြောင့် လူနေအိမ်များ လက်နက်ကြီး ကျကာ ပျက်စီးမှု ရှိသော်လည်း လူထိခိုက်မှု မရှိကြောင်းသိရသည်။ သျှမ်းမြောက်တွင် အောက်တိုဘာလနှင့် နိုဝင်ဘာလတွင် တိုက်ပွဲကြောင့် သေဆုံးသူ ၅ဦး နှင့်ထိခိုက်ဒဏ်ရာရရှိသူ ၃၀ဦးတို့ ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

သျှမ်းတောင် စစ်ဘေးရှောင်များ ရာသီတုတ်ကွေး ဖြစ်ပွားနေ

0
သျှမ်းတောင်ရောက် စစ်ဘေးရှောင်များသည် ယခု မိုးရာသီ ကာလအတွင်း ရာသီတုတ်ကွေး နှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် သျှမ်း-ကရင်နီနယ်စပ် မိုးဗြဲ၊ ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးရှောင်များသည် နီးစပ်ရာ စစ်ရှောင်စခန်းနှင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...