ထိန်းချုပ်မြို့ ၄ မြို့မှ TNLA ထပ်မံတပ်ဆုတ်ရန် စစ်တပ်ဖိအားပေး

တရုတ်နိုင်ငံ ကူမင်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် စစ်တပ်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခဲ့စဉ် ထိန်းချုပ်မြို့ ၄ မြို့မှ TNLA ဆုတ်ခွာပေးရန် စစ်တပ်ဘက်မှ တောင်းဆိုခဲ့ကြောင်း သိရှိသည်။

ပြီးခဲ့သည့် မေလ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် တရုတ်နိုင်ငံ၏ ကြားဝင်စီစဉ်ပေးမှုဖြင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် စစ်တပ် နှစ်ဘက်ကိုယ်စားလှယ်များ ကူမင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

“၁၀၂၇ စစ်ဆင်ရေး” စတင်ချိန်ကတည်းက TNLA နှင့် စစ်တပ်ကြား (၁၁) ကြိမ်မြောက် တွေ့ဆုံပွဲတွင် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့၊ နမ္မတူမြို့၊ မိုင်းလုံမြို့နှင့် မိုင်းငေါ့မြို့ (၄) မြို့တို့ကို ၁ လအတွင်း ထပ်မံ တပ်ဆုတ်ခွာပေးရန် စစ်တပ်ကိုယ်စားလှယ်များဘက်မှ တောင်းဆိုခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

“ဒီတစ်ခေါက် တွေ့ဆုံပွဲကတော့ TNLA ကို နောက်ထပ် တပ်ဆုတ်ပေးဖို့ စစ်တပ်ဘက်က ပြောတယ်လို့ ကြားတယ်။ နမ္မတူ၊ နမ့်ခမ်းနဲ့ ကျောက်မဲထဲက မိုင်းလုံ၊ မိုင်းငေါ့ ဒီ ၄ မြို့ကို ပြန်တောင်းတယ်။ ၂၀၀၈ ခြေဥထဲက နယ်မြေအတိုင်းပဲ TNLA ကို လက်ခံနိုင်မယ့်သဘောပေါ့။ အချိန် (၁) လ ထပ်ပေးတယ် ဆိုတာကလည်း ငြိမ်းချမ်းရေးဖိတ်ခေါ်မှု ရက် ၁၀၀ ပြည့်မှာနဲ့ တိုက်ဆိုင်နေတော့ ဘယ်လိုဖြစ်လာမလဲ စောင့်ကြည့်ရမယ်” ဟု သျှမ်းပြည် စစ်ရေး၊ နိုင်ငံရေးကျွမ်းကျင်သူတစ်ဦးက ပြောဆိုသည်။

ယခုတစ်ကြိမ် ကူမင်းမြို့ တွေ့ဆုံဆွေးနွေမှုအတွင်း စစ်တပ်ဘက်မှ ဒုဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်သည့် ကိုယ်စားလှယ်များနှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ဘက်မှ ထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

အလားတူ ဧပြီလအတွင်းကလည်း လားရှိုးမြို့ ဆင်နှစ်ကောင်ဟိုတယ်၌ စစ်တပ်နှင့် TNLA ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပြီး ယင်းဆွေးနွေးပွဲပြီးနောက် တိုက်ပွဲအတွင်း TNLA ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်သုံ့ပန်း (၁၀၀) ကျော်ကို မေလဆန်းပိုင်းတွင် ကျောက်မဲမြို့ရှိ စစ်တပ်ထံ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံတွင် စစ်တပ်နှင့် TNLA ကိုယ်စားလှယ်များ ထပ်မံတွေ့ဆုံခဲ့ခြင်းနှင့် ပတ်သက်၍ နှစ်ဘက်စလုံးမှ သတင်းထုတ်ပြန်ခြင်း မရှိသေးဘဲ ဆွေးနွေးပွဲ အကြောင်းအရာနှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့်မှ ဆက်လက်စုံစမ်းနေသည်။

“မြို့ထဲမှာတော့ ထူးခြားတာ ဘာမှ မရှိသေးပါဘူး။ TNLA လည်း ပုံမှန်အတိုင်း မြို့ထဲမှာ လှုပ်ရှားနေတာ၊ အုပ်ချုပ်ရေး ယန္တရားတွေကလည်း ပုံမှန်လည်ပတ်နေတယ်။ ဘဏ်အသစ် လာဖွင့်မယ့်ဟာလည်း လာမဖွင့်ဖြစ်သေးဘူး”ဟု နမ့်ခမ်းမြို့ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ ၂၇ နှင့်၂၈ ရက်တို့တွင် စစ်တပ်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ကိုယ်စားလှယ်တို့ တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် (၉) ကြိမ်မြောက် တွေ့ဆုံဆွေးနွေးခဲ့စဉ် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ကြပြီး မိုးကုတ်မြို့နှင့် မိုးမိတ်မြို့မှ TNLA တပ်ဆုတ်ခွာခဲ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

0
ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ -• အလည်အပတ်ဆိုရင် Passport for Visit...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...

မြန်မာပြည်မှာ မီးမလာလည်း အာကာသမှာ မီးလင်းစေရမယ်

0
မြန်မာပြည်သူတွေ လျှပ်စစ်မီးမှန်မှန်မရလို့ ဖယောင်းတိုင် တွန်းနေရတဲ့ဒုက္ခကို အသုံးသတ်ဖို့အတွက် အစိုးရက အဖြေရှာလိုက်ပါပြီ။ အဲ့ဒါကတော့ မြေကြီးပေါ်မှာ မီးမပေးနိုင်ရင် အာကာသထဲကို သွားကြည့်ဖို့ပါပဲ။ လာမယ့် ၂၀၂၈ ခုနှစ်မှာ မြန်မာအာကာသယာဉ်မှူးတစ်ယောက်ကို အာကာသထဲ လွှတ်တင်တော့မယ်လို့ သမ္မတရုံး ပြောခွင့်ရ ဒေါက်တာခိုင်ခိုင်စိုးက သတင်းကောင်း ပါးလိုက်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်ကနေ...