သျှမ်းမြောက်တိုက်ပွဲ ၂ လအတွင်း လူထု ၅ ဦးသေ ၃၀ ထက်မနည်း ဒဏ်ရာရ

သျှမ်းပြည် မြောက်ပိုင်းတွင် ယခု ၂ လ အတွင်း တိုက်ပွဲများ ဆက်တိုက်ပြည်လည်ဖြစ်ပွါးလာမှုကြောင့် ဒေသခံလူထု ၅ ဦးသေဆုံးခဲ့ပြီး ၃၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှခဲ့ကြောင်း သျှမ်းမြောက် လူမှု အဖွဲ့အစည်း ကထုတ်ပြန်သည်။

 

Photo Credit to V Dian Thein Han -ဒဏ်ရာရ စစ်ဘေးရှောင်

ပြီးခဲ့သည့်အောက်တိုဘာ မှ ယနေ့ နိုဝင်ဘာ လထိ ဖြစ်ပွါးခဲ့သောတိုက်ပွဲများအတွင်း ကျည်ဆန်ထိမှန်မှုနှင့် မိုင်းနင်းမိမှုတို့ကြောင့် လူသူထိခိုက်ဒဏ်ရာရရှိခဲ့ကြ ခြင်းဖြစ်ကြောင်း လူမှု အဖွဲ့အစည်း ၁၃၃ ဖွဲ့ ပါ၀င်ထားသည့် သျှမ်းပြည် မြောက်ပိုင်း လူသားချင်စားနာထောက်ထားမှု ပူးပေါင်း ဆောင်ရွက် ရေး အဖွဲ့ (HST-NSS) က နိုဝင်ဘာ ၁၆ ရက်စွဲဖြင့် ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် ကျောက်မဲ၊ နမ့်ဆန်၊ သီပေါ၊လားရှိုး ၊ ကွတ်ခိုင် မြို့နယ် များနှင့် ပြည်ထောင်စုလမ်းမ တလျှောက်တို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA) နှင့် မြန်မာ့တပ်မတော်တို့ကြား ပစ်ခတ်တိုက်ခိုက်မှုကြောင့် လက်နက်ကြီး ကျပြီး လူထိခိုက်မှု သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

Photo Credit to Ko Myat Kyaw- တိုက်ပွဲကြောင့် ခရီးသွားများ ထိတ်လန့်

“ အောက်တိုဘာလ နဲ့ ဒီ နိုဝင်ဘာ မှာတော့ သေတဲ့သူက ၅ ဦးရှိပြီ။ ကျနော်တို့ အနေနဲ့တိုက်ပွဲတွေ ချွင်းချက်မရှိ ရပ်တန့်ဖို့ပါ။ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး ထိခိုက်နစ်နာတာတွေ လုံးဝ မဖြစ်ဖို့ပါ တောင်းဆိုချင်ပါတယ်” ဟု HST-NSS မှ ပြောရေးဆိုခွင့်ရှိသူ ဦးဟောင်းဒေါင် က သျှမ်းသံတော်ဆင့် သို့ပြောသည်။

အရပ်သားပြည်သူများကို ပစ်မှတ်ထားပြီး တိုက်ပွဲဖြစ်ပွားနေသည်ကို ရှောင်ကြဉ်ပေးရန် နှင့် တိုက်ပွဲကြောင့် ပြည်သူများနှင့် ကလေးငယ် ပညာရေး များ ထိခိုက်မှု များစွာ ရင်ဆိုင်နေရသည့်အတွက် တိုက်ပွဲ ရပ်ပေးရန် လည်း ဦးဟောင်းဒေါင် က ပြောသည်။

သျှမ်းပြည် မြောက်ပိုင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသည့်သူများ၊ လူမှု အဖွဲ့အစည်းများသည် မြန်မာ့တပ်မတော် နှင့် တိုင်းရင်းသား လက်နက်ကိုင်များ တိုက်ပွဲဖြစ်ပွားခြင်း ကို ရပ်တန့်ရန် ဆက်တိုက် တောင်းဆိုခဲ့သော်လည်း လက်နက်ကိုင် အဖွဲ့အစည်းများက နားထောင်ခြင်းမရှိပေ။

Photo Credit to Owner -လားရှိုးခေးနင်းတွင်ယနေ့မနက်ပိုင်း ကျရောက်သော ရှော့တိုက်ဒုံးကြောင့် နေအိမ်နှင့်ကားများ ထိခိုက်ပျက်စီးမှု

သျှမ်းပြည် မြောက်ပိုင်း တွင် ဖြစ်ပွားသည့် ပဋိပက္ခသည် နှစ်ရှည်ကြာလာပြီး စစ်ရှောင်များ၊ ပြည်သူအရပ်သားများ ထင်သာမြင်သာ ထိခိုက်သေဆုံးမှု များရှိလာသည်။

“ စစ်ပွဲ နောက်ဆက်တွဲ ဆိုရင် ပြည်ထောင်စု လမ်းကို အသုံးပြုပြီး အသက်မွေးဝမ်းကြောင်းဖို့ခက်ခဲတာ။ ကျောင်း ကလေး ပညာရေး ဆိုရင် ကျောင်းပိတ်ရတာ တွေရှိတယ်” ဦးဟောင်းဒေါင် က ဆိုသည်။

တိုက်ပွဲကြောင့် ကလေးငယ်များ၏ လုံခြုံရေး နှင့် ပညာရေးကို ထိခိုက်စေသဖြင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုမျိုးဖြစ်စေသည့် လုပ်ရပ်များ ထပ်မံ မပြုလုပ်ရန် HST-NSS ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

“ တိုက်ပွဲက အရင်လို ပုံစံ ပြန်ဖြစ်နေတာ။ ကျနော်တို့စိတ်ပူရတယ်။ ပြည်သူတွေကို ပစ်မှတ်ထားပြီး မလုပ်ဖို့။ အခု သေနတ်ထိမှန်တာ ပြည်သူတွေဖြစ်နေတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ သျှမ်းလူငယ်ကွန်ရက် (TYN) မှ စိုင်းနော်ဆိုင် က ပြောသည်။

Photo Credit to Owner -လားရှိုးခေးနင်းတွင်ယနေ့မနက်ပိုင်း ကျရောက်သော ရှော့တိုက်ဒုံးကြောင့် နေအိမ်နှင့်ကားများ ထိခိုက်ပျက်စီးမှု

သျှမ်းပြည် မြောက်ပိုင်း တွင် နေထိုင်သည့် အရပ်သားပြည်သူများ၏ လုံခြံုရေး အတွက် စိုးရိမ်ဖွယ်ရာ အခြေအနေ ဖြစ်နေသဖြင့် အရပ်သားများကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခြင်း ကို အမြန်ဆုံး ရပ်တန့်ပေးရန်လည်း စိုင်းနော်ဆိုင်က ပြောသည်။

စစ်ရေးတင်းမာမှုသည် ယခုအခြေအနေအတိုင်း ရှေ့ဆက်သွားမည်ဆိုပါက သျှမ်းမြောက် တိုက်ပွဲ ပိုပြီး စိုးရိမ်လာနိုင်သည်ဟုလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

ကွတ်ခိုင်တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို MNDAA စည်းရုံး

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို လက်နက်အပ်ရန်နှင့် ဆေးဝါးကုသမှုခံယူရန် MNDAA ဘက်မှ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၂ ရက်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်အတွင်းရှိ မုံးစီး၊ ကာလိုင်၊ မိုင်းယုလေး၊ ရှုခင်းသာ၊ ၃၈ မိုင် စသည့် ကျေးရွာအုပ်စုများတွင်...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ဖမ်းဆီးခံရသည့် ရွာသားနှစ်ဦး ပြန်မလွှတ်သေး

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်ဖမ်းဆီးခဲ့သည့် ရွာသားများထဲမှ အချို့မှာ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ (၁၀) ရက်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA)...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ရွာသားများကို စစ်တပ်ဖမ်းဆီးရိုက်နှက်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရွာသားများကို စစ်ကော်မရှင်တပ်ဘက်မှ ဖမ်းဆီးရိုက်နှက် စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။ မတ်လ (၁၀) ရက် နေ့လယ်ပိုင်းတွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား တစ်နာရီကျော်ကြာ ထိတွေ့တိုက်ပွဲ...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...